စာရေးသူ: Julie de Bailliencourt, Global Head of Product Policy

Family Pairing မှ တစ်ဆင့် ဆယ်ကျော်သက် လူငယ်များ၏ ကြည့်ရှုမှုအတွေ့အကြုံကို အုပ်ထိန်းသူများမှ ပံ့ပိုး ထိန်းကွပ်ပေးနိုင်မည့် နည်းလမ်းအသစ်နှင့် TikTok ၏ Youth Council ကို စတင်ဖွဲ့စည်းရန် ကြိုးပမ်းလုပ်ဆောင်ချက်များကို TikTok မှ ယနေ့ ကြေညာလိုက်ပါသည်။

Family Pairing တွင် အကြောင်းအရာ စိစစ် လုပ်ဆောင်ချက် ထည့်သွင်းခြင်း

အသုံးပြုသူများအနေဖြင့် ၎င်းတို့၏ For You သို့မဟုတ် Following Feeds တွင် မမြင်တွေ့လိုသည့် ဗီဒီယိုများကို စကားလုံးများ သို့မဟုတ် Hashtag များဖြင့် စိစစ်ရွေးချယ်နိုင်ရန် TikTok က အကြောင်းအရာကို စိစစ်ရွေးချယ်သည့် လုပ်ဆောင်ချက်ကို မနှစ်က မိတ်ဆက်ခဲ့ပြီးဖြစ်ပါသည်။

ဆယ်ကျော်သက် လူငယ်တိုင်းသည် ထက်မြက်ထူးခြားသည့်အပြင် အုပ်ထိန်းစောင့်ရှောက်သူများသည် ၎င်းတို့ တစ်ဦးချင်းစီ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် အနီးစပ်ဆုံးသူများဖြစ်သည့်အတွက် အုပ်ထိန်းသူများအနေဖြင့် ၎င်းတို့၏ ဆယ်ကျော်သက်များ ရှောင်ရှားလိုသည့် ဗီဒီယိုအကြောင်းအရာများကို စိတ်ကြိုက်ပြင်ဆင်နိုင်မည့် နည်းလမ်းများအား ပိုမိုနှစ်သက်ကြကြောင်းကို ထိုအချိန်မှစ၍ ပြန်လည် ကြားသိခဲ့ရပါသည်။ ယနေ့တွင် အုပ်ထိန်းစောင့်ရှောက်သူများအနေဖြင့် ၎င်းတို့၏ ဆယ်ကျော်သက်လူငယ်များအတွက် မနှစ်မြို့စရာ ခံစားတွေ့မြင်ရနိုင်သည့် ဗီဒီယိုအကြောင်းအရာများ တွေ့ရှိနိုင်ခြေကို ကူညီလျှော့ချရန် ဤလုပ်ဆောင်ချက်ကို Family Pairing တွင် ထည့်သွင်းထားပြီဖြစ်ပါသည်။

Family Pairing အတွက် ဤလုပ်ဆောင်ချက်ကို လိုက်လျောညီထွေမှုရှိအောင် မိသားစုများအနေဖြင့် ၎င်းတို့ လိုအပ်ချက်အတွက် အကောင်းဆုံး အတွေ့အကြုံကို ရွေးချယ် ပိုင်ဆိုင်နိုင်စေရန်အပြင် အွန်လိုင်းတွင် လူငယ်များ၏ အခန်းကဏ္ဍနှင့် အခွင့်အရေးများကို လေးစားမှုရှိကြောင်း ထင်ဟပ်စေကာ မိသားစုများကြားတွင် မျှတအောင် လုပ်ဆောင်နိုင်စေမည့် နည်းလမ်းကို Family Online Safety Institute အပါအဝင် ကျွမ်းကျင်သူများနှင့် ကျွန်ုပ်တို့သည် ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။ ထို့ကြောင့် ဆယ်ကျော်သက်လူငယ်များအနေဖြင့် ၎င်းတို့၏ အုပ်ထိန်းစောင့်ရှောက်သူ ထည့်သွင်းထားသည့် Keyword စာလုံးများကို ကြည့်ရှုနိုင်မည်ဖြစ်ပြီး ဤပွင့်လင်းမြင်သာမှုသည့် အွန်လိုင်း အသုံးပြုမှု ကန့်သတ်ချက်များနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ ဆွေးနွေးပြောဆိုမှုများကို မြှင့်တင်ပေးမည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။ လူငယ်များကြည့်ရှုရန် မသင့်တော်သော သို့မဟုတ် ရှုပ်ထွေးသော အကြောင်းအရာများပါရှိသည့် ဗီဒီယိုများကို အသက် ၁၃ မှ ၁၇ နှစ်ကြားရှိ အသုံးပြုသူများ မကြည့်ရှုမိစေရန် ကာကွယ်ပေးသည့် ကျွန်ုပ်တို့၏ အကြောင်းအရာများ အဆင့် သတ်မှတ်ခြင်းစနစ်၏ ထိပ်ဆုံးတွင် အုပ်ထိန်းစောင့်ရှောက်သူများ ထည့်သွင်းသည့် Keyword စာလုံးများကို စိတ်ကြိုက်ပြင်ဆင်ထားသော Layer တစ်ခုအဖြစ် ထားရှိပေးမည်ဖြစ်ပါသည်။ 

TikTok ၏ လူငယ်ကောင်စီ ဖွဲ့စည်းခြင်း

ဆယ်ကျော်သက်လူငယ်များနှင့် ၎င်းတို့၏ မိသားစုများအတွက် ဘေးကင်းလုံခြုံသော ပလက်ဖောင်းတစ်ခု တည်ဆောက်ရန် ကျွန်ုပ်တို့ လုပ်ဆောင်နိုင်သည့် အရေးကြီးဆုံး ခြေလှမ်းများထဲမှ တစ်ခုသည် ဆယ်ကျော်သက်လူငယ်များ၏ အတွေ့အကြုံကို နားထောင်ပေးခြင်းပင်ဖြစ်ပါသည်။ ထိုသို့လုပ်ဆောင်သည့်အခါ ဆယ်ကျော်သက်လူငယ်များအနေဖြင့် ၎င်းတို့ ကာကွယ်စောင့်ရှောက်မည့် လူမှုအသိုင်းအဝိုင်းအတွက် ထိရောက်မှုမရှိသော သို့မဟုတ် လိုအပ်ချက်ရှိသော ဆယ်ကျော်သက်လူငယ်များ ဘေးကင်းလုံခြုံရေးဆိုင်ရာ အဖြေများကို ရေးဆွဲမိခြင်းမှ ကာကွယ်ပေးသည့်အပြင် ဆယ်ကျော်သက်လူငယ်များ၏ ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များကို ပိုမိုကောင်းမွန်စွာ ကိုယ်စားပြုစေနိုင်သောကြောင့် အုပ်ထိန်းစောင့်ရှောက်သူများနှင့်လည်း ရင်းနှီးမှု ပိုမိုတည်ဆောက်လာစေနိုင်ပါသည်။

ယခုနှစ်နှောင်းပိုင်းတွင် ကျွန်ုပ်တို့ ပလက်ဖောင်းကို တိုက်ရိုက်အသုံးပြုသူများ၏ အတွေ့အကြုံများကို နားထောင်ကာ ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းအတွက် ဘေးကင်းအလုံခြုံဆုံးဖြစ်စေမည့် အတွေ့အကြုံကို ဖန်တီးကာ ပိုမိုကောင်းမွန်သော အနေအထားဖြစ်စေမည့် အပြောင်းအလဲများ ဖော်ဆောင်နိုင်ရန် TikTok ၏ ကမ္ဘာလုံးဆိုင်ရာလူငယ်ကောင်စီကို စတင် ဖွဲ့စည်းသွားမည်ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် ဆယ်ကျော်သက်လူငယ်များနှင့် ထိတွေ့ဆက်ဆံပြီး ၎င်းတို့၏ အကြံပြုချက်အပေါ် အခြေခံ၍ အကောင်အထည်ဖော် လုပ်ဆောင်နေပြီဖြစ်ပါသည်။ ဥပမာအားဖြင့် Family Pairing လုပ်ဆောင်ချက်တွင် ကျွန်ုပ်တို့သည် အုပ်ထိန်းစောင့်ရှောက်သူများအတွက် အကြံပြုချက်များကို ဆယ်ကျော်သက်များနှင့် ပူးပေါင်း၍ ပြုစုမျှဝေထားပါသည်။ ၎င်းအကြံပြုချက်များတွင် ဆယ်ကျော်သက်များအနေဖြင့် လိုလားသည့် ကူညီပံ့ပိုးမှုနှင့် ဒစ်ဂျစ်တယ် ကျွမ်းကျင်တတ်မြောက်မှုနှင့် ဘေးကင်းလုံခြုံမှုဆိုင်ရာ ဆွေးနွေးပြောဆိုမှုများကို ချဉ်းကပ်နည်းနှင့်ပတ်သက်သည့် အကြံပြုချက်များကို အကျဉ်းချုပ်ဖော်ပြထားပါသည်။ ကျွန်ုပ်တို့၏ အကြောင်းအရာနှင့် ဘေးကင်းလုံခြုံရေး အကြံပေးကောင်စီများမှ တစ်ဆင့် ကမ္ဘာတစ်ဝန်းမှ ပညာရှင် ၅၀ ကျော်၊ ထိပ်တန်းကျွမ်းကျင်သူများနှင့် ပုံမှန်ဆွေးနွေးတိုင်ပင်လေ့ရှိသည့်နည်းတူ ဤလူငယ်ကောင်စီအသစ်သည် လူငယ်များအတွက် ၎င်းတို့၏ အမြင်များကို ပွင့်လင်းစွာ တင်ပြနိုင်ရန် ပိုမိုစနစ်ကျသည့် ပုံမှန်အခွင့်အရေးကို ရရှိစေမည်ဖြစ်ပါသည်။ လာမည့်လများအတွင်းတွင် ဤဖိုရမ်အကြောင်းနှင့် ဆယ်ကျော်သက်များ မည်သို့ပါဝင်နိုင်သည်ကို မျှဝေသွားရန် ကြိုးပမ်းလျက်ရှိပါသည်။

ဆယ်ကျော်သက်လူငယ်များနှင့် မိသားစုများအတွက် လုံခြုံဘေးကင်းသော နေရာတစ်ခု ကူညီဖန်တီးရာတွင် ကျွန်ုပ်တို့အနေဖြင့် လုပ်ဆောင်စရာများမှာ မည်သည့်အခါမှ ကုန်ဆုံးမည်မဟုတ်ပါ။ မတ်လတွင် ကျွန်ုပ်တို့သည် ဆယ်ကျော်သက်လူငယ်တိုင်း၏ နေ့စဥ်အသုံးပြုချိန်ကို မိနစ် ၆၀ အဖြစ် ပုံသေသတ်မှတ်ထားပြီဖြစ်ပြီး ဆယ်ကျော်သက်လူငယ်များ၏ လေးပုံသုံးပုံနီးပါးသည် ထိုကဲ့သို့ ကန့်သတ်ချက်ထားရန် ရွေးချယ်ခဲ့ကြပါသည်။ TikTok တွင် ပုံသေသတ်မှတ်ချိန်ကို ကျော်လွန်၍ တစ်နေ့လျှင် မိနစ် ၁၀၀ ကျော် အသုံးပြုသူများကိုလည်း ကျွန်ုပ်တို့၏ Screen Time Management Tool များကို အသုံးပြုရန် ဆက်လက်တိုက်တွန်းလျက်ရှိပါသည်။ မတ်လမှစ၍ Family Pairing အကြောင်း ပိုမိုလေ့လာရန် ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းကို အားပေးခဲ့ပြီး ယခုအချိန်တွင် လူသန်း ၄၀၀ ကျော်ကို အသိပေးခဲ့ပြီးဖြစ်သည်။ Family Pairing လုပ်ဆောင်ချက်မှ တစ်ဆင့် ဆယ်ကျော်သက်လူငယ်ဦးရေ ၈၅၀,၀၀၀ ကျော်နှင့် ၎င်းတို့၏မိသားစုများ၏ တစ်ဦးချင်းလိုအပ်ချက်ပေါ်မူတည်၍ ကန့်သတ်ချက်များ သတ်မှတ်ရာတွင် ကူညီပေးနိုင်သည့်အတွက် ကျွန်ုပ်တို့အနေဖြင့် ဂုဏ်ယူဝမ်းမြောက်မိပါသည်။ ကျွန်ုပ်တို့အနေဖြင့် ပိုမိုသင်ယူသိရှိလာရသည်နှင့်အမျှ ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းကို ကာကွယ်ရန်နှင့် မြှင့်တင်ရန် ပိုမိုလုပ်ဆောင်သွားမည်ဖြစ်ပြီး ကျွန်ုပ်တို့၏ တိုးတက်မှုများကို မကြာမီ မျှဝေသွားနိုင်ရန် မျှော်လင့်ပါသည်။