စာရေးသူ : Cormac Keenan, Head of Trust and Safety, TikTok

ကျွန်ုပ်တို့သည် ဆယ်ကျော်သက်အရွယ်လူငယ်များ၊ မိသားစုများနှင့် ကျွန်ုပ်တို့၏ ပိုမိုကျယ်ပြန့်သော လူမှုအသိုင်းအဝိုင်းအတွက် လုပ်ဆောင်ချက်အသစ်များကို ယနေ့ကြေညာလိုက်ပြီဖြစ်သည်။

ဒစ်ဂျစ်တယ် အတွေ့အကြုံများသည် ပျော်ရွှင်မှုကို ဆောင်ကြဉ်းပေးသင့်သည့်အပြင် လူများအနေဖြင့် မိမိကိုယ်မိမိ ထုတ်ဖော်ပြောဆိုရာတွင်လည်းကောင်း၊ စိတ်ကူးအကြံဉာဏ်သစ်များကို ရှာဖွေပြီး တစ်ဦးနှင့်တစ်ဦး ချိတ်ဆက်ရာတွင် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှလည်းကောင်း ပါဝင်သင့်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။ ကျွန်ုပ်တို့သည် TikTok ၏ Screen အသုံးပြုချိန် ထိန်းညှိပေးသည့် လုပ်ဆောင်ချက်ကို ပိုမို စိတ်တိုင်းကျသတ်မှတ်နိုင်စေမည့် ရွေးချယ်မှုများဖြင့် ပိုမိုကောင်းမွန်အောင်လုပ်ဆောင်နေပြီး လူငယ်ဆယ်ကျော်သက်အရွယ် အကောင့်များအတွက် Default Setting အသစ်များကို မိတ်ဆက်ခြင်းနှင့် မိဘအုပ်ထိန်းသူများကိုယ်တိုင် ပိုမိုပါဝင်လာနိုင်မည့် Family Pairing လုပ်ဆောင်ချက်များကို တိုးချဲ့လုပ်ဆောင်လျက်ရှိပါသည်။

TikTok တွင် ဆယ်ကျော်သက်အရွယ် လူငယ်များ၏ အချိန်ကို ကူညီစီမံခန့်ခွဲရန် အပြောင်းအလဲများ

လာမည့်ရက်သတ္တပတ်များအတွင်း အသက် ၁၈ နှစ်အောက်အရွယ် အသုံးပြုသူ Account တိုင်းကို နေ့စဉ် Screen Time အသုံးပြုချိန် မိနစ် ၆၀ အလိုအလျောက် သတ်မှတ်ပေးသွားမည်ဖြစ်ပါသည်။ မှန်ကန်သော Screen Time အသုံးပြုချိန်ပမာဏ သို့မဟုတ် Screen Time အသုံးပြုချိန်၏ အကျိုးသက်ရောက်မှုဟူ၍ သတ်သတ်မှတ်မှတ် မရှိသော်လည်း ဤ အချိန်ကန့်သတ်ချက်ကို ထိရောက်စွာ ရွေးချယ်သတ်မှတ်နိုင်ရန်အတွက် Boston ကလေးဆေးရုံရှိ Digital Wellness Lab မှ လက်ရှိ သုတေသနနှင့် ကျွမ်းကျင်သူများနှင့် တိုင်ပင်ဆွေးနွေးခဲ့ပါသည်။ မိနစ် ၆၀ ကန့်သတ်ချိန်ပြည့်သွားပါက ဆယ်ကျော်သက်လူငယ်များအနေဖြင့် ဆက်လက်ကြည့်ရှု သုံးစွဲရန်အတွက် Passcode တစ်ခုထည့်သွင်းရန် အကြောင်းကြားခြင်း ခံရမည်ဖြစ်ပြီး အသုံးပြုချိန် တိုးမြှင့်ရန် ကိုယ်တိုင်ဆုံးဖြတ်ရမည်ဖြစ်သည်။

သုတေသန ရှာဖွေပြုစုမှုများအရ ကျွန်ုပ်တို့ အချိန်ကို မည်ကဲ့သို့ သုံးစွဲသည်ကို ပိုမိုသိရှိနားလည်ခြင်းသည် ကျွန်ုပ်တို့ ပြုလုပ်သော ဆုံးဖြတ်ချက်များအတွက် အထောက်အကူဖြစ်ကြောင်း ဖော်ပြလျက်ရှိပါသည်။ ထို့ကြောင့် ဆယ်ကျော်သက်အရွယ် လူငယ်များသည် တစ်ရက်လျှင် TikTok တွင် မိနစ် ၆၀ သာမက မိနစ် ၁၀၀ ထက် ပို၍ သုံးစွဲပါက နေ့စဉ် Screen Time အသုံးပြုချိန်ကို သတ်မှတ်ရန် ကျွန်ုပ်တို့မှ တိုက်တွန်းမည်ဖြစ်ပါသည်။ ဆယ်ကျော်သက်များကို မိမိတို့ ကိုယ်တိုင် Screen Time Management အချိန်စီမံခန့်ခွဲရန် မနှစ်က ထုတ်ပြန်ခဲ့သည့် အချက်အလက်ပေါ်မှ တစ်ဆင့် ကျွန်ုပ်တို့၏ စမ်းသပ်မှုများတွင် ဤချဉ်းကပ်မှုသည် ကျွန်ုပ်တို့၏ Screen Time အချိန်သတ်မှတ်ပေးသည့် ကိရိယာအသုံးပြုမှုကို ၂၃၄ ရာခိုင်နှုန်း တိုးလာစေကြောင်း တွေ့ရှိခဲ့ပါသည်။ ထို့အပြင် ကျွန်ုပ်တို့သည် ဆယ်ကျော်သက် လူငယ်အကောင့်တိုင်းအတွက် ၎င်းတို့၏ Screen Time အသုံးပြုချိန်အနှစ်ချုပ်ကို အပတ်စဉ် Inbox မှ တစ်ဆင့် အကြောင်းကြားပေးပို့သွားပါမည်။

ဆယ်ကျော်သက်အရွယ် အကောင့်များအတွက် ကျွန်ုပ်တို့၏ ဘေးကင်းလုံခြုံရေးဆိုင်ရာ Setting များတွင် ဤလုပ်ဆောင်ချက်များကို ပေါင်းထည့်ထားပါသည်။ ဥပမာအားဖြင့်၊ အသက် ၁၃ - ၁၅ နှစ်ရှိသူများ၏အကောင့်များကို Private အဖြစ် အလိုအလျောက်သတ်မှတ်ပေးသွားမည်ဖြစ်ပြီး မိမိအနေဖြင့် မျှဝေမည့် အကြောင်းအရာ၊ မည်သည့်အချိန်၊ မည်သူနှင့် မျှဝေရမည်ကို အသိပေးကာ ရွေးချယ်မှုများ ပြုလုပ်နိုင်စေပါသည်။ တိုက်ရိုက်စာတိုပေးပို့ခြင်းကို အသက် ၁၆ နှစ်နှင့် အထက်ရှိသူများသာ လုပ်ဆောင်နိုင်မည်ဖြစ်ပြီး LIVE ရိုက်ကူးထုတ်လွှင့်နိုင်ရန်အတွက် အသုံးပြုသူ လူမှုအသိုင်းအဝိုင်းအဖွဲ့ဝင်များသည် အနည်းဆုံး အသက် ၁၈ နှစ် ပြည့်ရပါမည်။

မိသားစုများ ဒစ်ဂျစ်တယ်ကျန်းမာရေးဆိုင်ရာ ဆွေးနွေးစကားဝိုင်းဖွဲ့နိုင်ရန် ကူညီပေးခြင်း

ဆယ်ကျော်သက်များသည် ၎င်းတို့အကူအညီ လိုအပ်သောအခါတိုင်းတွင် မိဘများ သို့မဟုတ် အုပ်ထိန်းစောင့်ရှောက်သူများသည် ယုံကြည်အားထားရဆုံး ပထမ ရွေးချယ်မှုဖြစ်သည့်အတွက်ပင် ကျွန်ုပ်တို့၏ အရေးကြီးဆုံး လက်တွဲဖော်များ ဖြစ်လာစေပါသည်။

မိသားစုများအတွက် အသုံးပြုရ ပိုမို ဘေးကင်းလုံခြုံ၊ ချောမွေ့အောင် ခေတ်မီဆန်းသစ်သော နည်းလမ်းများဖြင့် မြှင့်တင်ပေးရာတွင် Family Pairing လုပ်ဆောင်ချက် အသစ်သုံးခုကို ထပ်မံမိတ်ဆက်ပေးလိုက်ပြီဖြစ်ပါသည်။

  • နေ့စဥ် Screen Time အသုံးပြုချိန် ကန့်သတ်မှုများ စိတ်ကြိုက်ရွေးချယ် သတ်မှတ်ခြင်း : အုပ်ထိန်းသူများသည် ၎င်းတို့၏ ဆယ်ကျော်သက်အတွက် နေ့စဉ် Screen Time အသုံးပြုချိန်ကန့်သတ်ချက်ကို စိတ်ကြိုက်ပြင်ဆင်ရန် တစ်ပတ်တာ၏ နေ့ရက်များအပေါ် မူတည်၍ မတူညီသော Screen Time အချိန်ကန့်သတ်ချက်များကို ရွေးချယ်ခြင်းအပါအဝင် Family Pairing လုပ်ဆောင်ချက်ကို အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ထိုမှတစ်ဆင့် မိသားစုများအနေဖြင့် ၎င်းတို့ ဆယ်ကျော်သက်များ၏ ကျောင်းအချိန်ဇယားများနှင့် ကိုက်ညီစေရန် အားလပ်ရက်ပိတ်ရက်များ သို့မဟုတ် မိသားစုခရီးသွားခြင်းအတွက် Screen Time အချိန်ကို စိတ်ကြိုက် ရွေးချယ်ကန့်သတ်ပေးခြင်းဖြင့် မိသားစုများကို ပိုမိုရွေးချယ်ခွင့်များပေးနိုင်မည်ဖြစ်ပါသည်။
  • Screen Time အသုံးပြုချိန် အညွှန်းပြဇယား : ကျွန်ုပ်တို့သည် App ပေါ်တွင် အသုံးပြုမှု အချိန်အကျဉ်းချုပ်၊ TikTok App ကို ဖွင့်သည့်အကြိမ်အရေအတွက်နှင့် နေ့ရောညပါ အသုံးပြုချိန် စုစုပေါင်းကို ပိုင်းခြားပေးသည့် Screen Time အသုံးပြုချိန်အညွှန်းပြဇယားကို Family Pairing တွင် ထည့်သွင်းထားပြီ ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ မကြာသေးမီက သုတေသန ရှာဖွေတွေ့ရှိချက်များအရ Screen Time အသုံးပြုချိန်သည် အုပ်ထိန်းသူမိဘများက ၎င်းတို့၏ ဆယ်ကျော်သက်အရွယ် လူငယ်များနှင့် မကြာခဏ ဆွေးနွေးလေ့ရှိသည့် အကြောင်းအရာများထဲမှ တစ်ခုဖြစ်ကြောင်း သိရှိရသည့်အတွက် အုပ်ထိန်းပြုစုသူများအနေဖြင့် ၎င်းတို့၏ ဆယ်ကျော်သက်အရွယ် လူငယ်များကို ကောင်းမွန်စွာ လမ်းညွှန်ကူညီပေးနိုင်ရန် ကျွန်ုပ်တို့မှ သက်ဆိုင်ရာ အချက်အလက်များဖြင့် ပံ့ပိုးပေးလိုပါသည်။
  • အသိပေးအကြောင်းကြားချက်များကို Mute ထားခြင်း : အသိပေးအကြောင်းကြားချက်များသည် ကျွန်ုပ်တို့အား အဆက်အသွယ်မပြတ်စေရန် ကူညီပေးသော်လည်း တစ်ခါတစ်ရံ အရေးကြီးသည့်အချိန်များတွင် အနှောင့်အယှက်မဖြစ်စေရန်လည်း လိုအပ်ပါသည်။ အုပ်ထိန်းသူမိဘများအနေဖြင့် ၎င်းတို့၏ ဆယ်ကျော်သက်အရွယ် လူငယ်များအတွက် အသိပေး အကြောင်းကြားချက်များကို အချိန်ဇယားသတ်မှတ်၍ Mute နိုင်မည့် Setting အသစ်တစ်ခုကို မိတ်ဆက်ပေးနေပြီဖြစ်ပါသည်။ အသက် ၁၃ -၁၅ နှစ်ရှိ အသုံးပြုသူ အကောင့်များသည် ည ၉ နာရီမှ စတင်ကာ အချိန်ကန့်သတ်ချက်ကို ပြောင်းလဲရန် အသိပေးအကြောင်းကြားစာများ ရရှိတော့မည် မဟုတ်ပဲ အသက် ၁၆ -၁၇ နှစ်ရှိ အသုံးပြုသူ အကောင့်များအတွက်လည်း ည ၁၀ နာရီနောက်ပိုင်းမှ စတင်ကာ အချိန်ကန့်သတ်ချက်ကို ပြောင်းလဲရန် အသိပေးအကြောင်းကြားခြင်းများကို ပိတ်ထားမည်ဖြစ်ပါသည်။

ဆယ်ကျော်သက်အရွယ် လူငယ်တိုင်းသာမက မိသားစုတိုင်းသည် မတူညီကွဲပြားမှုများ ပိုင်ဆိုင်ကြသည်သာဖြစ်ပါသည်။ ထို့ကြောင့် TikTok နှင့် ပတ်သက်ပြီး သိသင့်သော အချက်အလက်များကို မိဘအုပ်ထိန်းသူများသိရှိနိုင်ရန် ကျွန်ုပ်တို့ အထူးအာရုံစိုက်လုပ်ဆောင်နေပါသည်။ ဖန်တီးသူများ၊ လုပ်ငန်းကျွမ်းကျင်သူများနှင့် ဘေးကင်းလုံခြုံရေး လုပ်ဆောင်ချက်များကို အလေးထားသည့် ကြော်ငြာကမ်ပိန်းများမှ တစ်ဆင့် လိုအပ်သောအချက်အလက်များကို သိရှိခွင့်ရရှိအောင် ကြိုးစားလုပ်ဆောင်နေပါသည်။ [US အတွင်းသာ : @team2moms နှင့် @handsonfamily ကဲ့သို့သော ဖန်တီးသူများ ပါ၀င်သည့် Family Pairing အကြောင်း App တွင်း ပညာပေးဗီဒီယိုများအပြင်၊ အွန်လိုင်းပေါ်တွင် ဘေးကင်းလုံခြုံမှုအကြောင်း မိဘနှင့် ဆယ်ကျော်သက်များအကြား စတင်ဆွေနွေးပြောဆိုနိုင်စေရန် အကြံပြုချက်များကို ပြည်တွင်းနှင့် နိုင်ငံတကာ တီဗီအစီအစဥ်များမှ တစ်ဆင့်သာမက ဒီဂျစ်တယ် ကမ်ပိန်းများမှ တစ်ဆင့်လဲ မိဘအုပ်ထိန်းသူများနှင့် မိသားစုများ သိရှိနိုင်ရန် ကြိုးစား လုပ်ဆောင်လျက်ရှိပါသည်။] Family Pairing ဆိုင်ရာ အချက်အလက်များကို App အသုံးပြုသူအချို့အတွက်သာမက အခြားသူများအတွက်ပါ ဗဟုသုတရကာ နားလည် အသုံးဝင်စေနိုင်ရန် ၎င်းလုပ်ဆောင်ချက် ရွေးချယ်မှုများကို ဆက်လက်တင်ပြသွားမည်ဖြစ်သည်။

ဤလုပ်ဆောင်ချက်များသည် ကျွန်ုပ်တို့၏ ဒစ်ဂျစ်တယ်ကမ္ဘာတွင် ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးဆိုင်ရာ ဆွေးနွေးမှုများဖော်ဆောင်ရန် မိသားစုများကို ဆက်လက်ကူညီနိုင်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။

အားလုံးအတွက် Screen Time Control အသစ်

ကျွန်ုပ်တို့သည် TikTok ၏ လူမှုအသိုင်းအဝိုင်းအနေဖြင့် မိမိတို့၏ TikTok အတွေ့အကြုံကို ကိုယ်တိုင်ထိန်းချုပ်နိုင်ခွင့်ရှိသည်ဟု ခံစားစေလိုပါသည်။ ဤဝန်ဆောင်မှုအသစ်များ Family Pairing တွင်ပါဝင်လာသည့်အပြင် မကြာမီတွင် ရက်သတ္တပတ်၏ မည်သည့်နေ့ရက်ကိုမဆို စိတ်တိုင်းကျ Screen Time အသုံးပြုချိန် သတ်မှတ်နိုင်မည်ဖြစ်သလို အကြောင်းကြားစာများကို အချိန်ဇယားသတ်မှတ်ကာ Mute ပြုလုပ်နိုင်မည်ဖြစ်ပါသည်။ ထို့အပြင် ညအချိန်တွင် အသုံးမပြုတော့ပဲ Offline ဖြစ်လိုသည့်အခါ ပိုမိုလွယ်ကူစေရန်အတွက် Sleep Reminder ကို မိတ်ဆက်ပေးသွားမည်ဖြစ်ပါသည်။ ၎င်းလုပ်ဆောင်ချက်သည် အသုံးပြုသူများအနေဖြင့် အိပ်စက်ရန် အချိန်တစ်ခုသတ်မှတ်နိုင်ပြီး သတ်မှတ်ချိန်ပြည့်သောအခါ အသုံးပြုမှုရပ်နားကာ Log Off ပြုလုပ်ရန် အသိပေးစာ ပေါ်လာမည်ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် TikTok ၏ လက်ရှိဝန်ဆောင်မှုများကို ပိုမိုကောင်းမွန်စေရန်အတွက် ဆက်လက်ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်ပြီး လူအများ၏ တီထွင်ဖန်တီးနိုင်စွမ်းကို ဖော်ပြရန် အဓိပ္ပာယ်ရှိသော အပြန်အလှန်ဆက်သွယ် ချိတ်ဆက်မှုများပြုလုပ်ရန်နှင့် ယဉ်ကျေးမှုကို ပုံဖော်သတ်မှတ်ပေးသည့် ဖျော်ဖြေမှုများကို ခံစားနိုင်မည့် လုပ်ဆောင်ချက်အသစ်များကို မိတ်ဆက်ပေးကာ ကိုယ်တိုင်ထိန်းချုပ်ခွင့်ရစေမည်ဖြစ်ပါသည်။