၁၀ မတ်၊ ၂၀၂၅၊ ရန်ကုန် ။ ။ နှစ်စဥ် မတ်လတိုင်း ကမ္ဘာတစ်ဝန်းရှိ လူအများသည် အမျိုးသမီးများ၏ အောင်မြင်မှုများကို ဂုဏ်ပြုရန်နှင့် ကျားမတန်းတူညီမျှမှုအတွက် လှုံ့ဆော်အားပေးရန် အတူတကွ စုဝေးဂုဏ်ပြုကြပြီး ထိုအထဲတွင် TikTok လည်း အပါအ၀င်ဖြစ်ပါသည်။ နေ့စဉ် အမျိုးသမီးများသည် TikTok ပလက်ဖောင်းပေါ်တွင် အချင်းချင်း လှုံ့ဆော်အားပေး ဆက်သွယ်ကာ ယဉ်ကျေးမှုကို ပုံဖော်ခြင်းဖြင့် အဓိပ္ပာယ်ရှိသော စကားဝိုင်းများ ပေါ်ပေါက်လာအောင် ဆောင်ရွက်လျက်ရှိကြပါသည်။ TikTok သည် အမျိုးသမီးများ ရှင်သန်နိုင်သည့် ဘေးကင်းပြီး အားလုံးပါဝင်နိုင်သော နေရာတစ်ခု ဖန်တီးရန် ကတိက၀တ်ပြုထားပါသည်။ ထို့ကြောင့် ယခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် အမျိုးသမီးများ၏ သြဇာသက်ရောက်မှုနှင့် ၎င်းတို့၏ အသိုင်းအဝိုင်းကို မြှင့်တင်ရန်၊ အသိပညာမျှဝေရန်နှင့် အတားအဆီးများကို ချိုးဖျက်ရန်အတွက် TikTok က ဂုဏ်ပြုသွားမည်ဖြစ်ပါသည်။

ယခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဆောင်ပုဒ်ဖြစ်သည့် "Accelerate Action" သည် ကျားမတန်းတူညီမျှမှုဟူသည့် အဓိပ္ပာယ်ပြည့်ဝသော တိုးတက်မှုတစ်ခုဆီကို ဦးတည်မောင်းနှင်ရန် အရေးကြီးကြောင်း အလေးပေးဖော်ပြထားပါသည်။ ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးများသည် အတားအဆီးများကို ချိုးဖျက်၊ လူမှုစံနှုန်းများကို စိန်ခေါ်ကာ ၎င်းတို့အတွက်သာမက အနာဂတ်မျိုးဆက်သစ်များအတွက် အခွင့်အလမ်းများကို ဖန်တီးပေးလျက်ရှိပါသည်။ TikTok အနေဖြင့်လည်း အနုပညာရှင်များနှင့် ပညာသင်ကြားပေးသူများမှ စတင်ကာ စီးပွားရေးလုပ်ငန်းရှင်များအထိ နယ်ပယ်ပေါင်းစုံမှ အမျိုးသမီးများ တိုးတက်နိုင်မည့် အခွင့်အလမ်းများ ရှာဖွေနိုင်သည့် နေရာတစ်ခု ဖြစ်လာခဲ့ပါသည်။ အသေးစားစီးပွားရေးလုပ်ငန်းတစ်ခုကို စတင်သည်ဖြစ်စေ၊ လူမှုရေးပြောင်းလဲမှုအတွက် လှုံ့ဆော်နေသည်ဖြစ်စေ သို့မဟုတ် ကိုယ်ပိုင်အတွေ့အကြုံများကို မျှဝေနေသည်ဖြစ်စေ TikTok ရှိ အမျိုးသမီးများသည် ဒစ်ဂျစ်တယ်ကမ္ဘာကို ကျော်လွန်သည့် ထိပ်တန်းလှုပ်ရှားမှုများကို လုပ်ဆောင်နေကြပါသည်။ ထို့ကြောင့် TikTok သည် အမျိုးမျိုးသော ကမ္ဘာလုံးဆိုင်ရာ ကမ်ပိန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် ပဏာမခြေလှမ်းများမှ တစ်ဆင့် အမျိုးသမီးများကို အွန်လိုင်းပေါ်တွင်သာမက လက်တွေ့တွင်ပါ တိုးတက်အောင်မြင်စေရန် အရင်းအမြစ်များနှင့် အထောက်အပံ့များကို ပံ့ပိုးပေးလျက်ရှိပါသည်။

ယခုနှစ်အတွက် TikTok မှ ၎င်းတို့၏ အကြောင်းအရာဗီဒီယိုများဖြင့် ကောင်းမွန်သော လွှမ်းမိုးမှုများကို လုပ်ဆောင်နေသည့် မြန်မာအမျိုးသမီး Creator ၃ ဦးကို မီးမောင်းထိုးပြပေးသွားမည်ဖြစ်ပါသည်။


Myaing (@myaing94) သည် Follower ၁.၃ သန်းကျော် ရရှိထားသော အစားအသောက်နှင့် ပတ်သက်သည့်အကြောင်းအရာဗီဒီယိုများ ဖန်တီးရှင် Creator တစ်ဦးဖြစ်ပါသည်။ သူမ၏ စိတ်၀င်စားဖွယ် ချက်ပြုတ်နည်းဗီဒီယိုများနှင့် Lifestyle ဗီဒီယိုများသည် ပြည်တွင်းသာမက ပြည်ပမှ လူများအထိ မြန်မာနိုင်ငံ၏ အစားအသောက်များကို တင်ဆက်ပေးနေပါသည်။ ရိုးရာချက်ပြုတ်နည်းများကို မျှဝေခြင်းဖြင့် သူမသည် ယဉ်ကျေးမှုဆိုင်ရာအထောက်အထားများကို ထိန်းသိမ်းကာ မြန်မာအစားအစာများကို နိုင်ငံတကာပရိသတ်များကို မိတ်ဆက်ပေးလျက်ရှိပါသည်။

Naw Aye (@nawaye2) သည် သူမ၏ Follower ၁.၃ သန်းကျော်ကို မိမိကိုယ်ကို ချစ်ခင်ရန်၊ တိုးတက်ရန်စသည့် မက်ဆေ့ချ်များဖြင့် ခွန်အားပေး အကြံပြုနေသူ Creator တစ်ဦးဖြစ်သည်။ သူမ၏ အကြောင်းအရာဗီဒီယိုများသည် အပြုသဘောဆောင်မှုကို တိုးပွားစေပြီး အားပေးမှု လိုအပ်နေသူများအတွက် အားဖြစ်စေသည်။ ကိုယ်ပိုင်အတွေ့အကြုံဇာတ်လမ်းများနှင့် တက်ကြွသော အကြံဉာဏ်များမှ တစ်ဆင့် သူမ၏ Follower များကို စိန်ခေါ်မှုများကို ကျော်လွှားပြီး ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားရန် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုများ ပေးလျက်ရှိပါသည်။

Dr. Yuri (@dryuri_aesthetic) သည် အရေပြားထိန်းသိမ်းမှုနှင့် ကျန်းမာရေးဆိုင်ရာ အကြံဉာဏ်များကို မျှဝေပေးလျက်ရှိသည့် အလှအပဆိုင်ရာ ဆရာဝန်တစ်ဦးဖြစ်ပါသည်။ Follower ၅ သိန်း ၆သောင်း ၉ထောင် နီးပါး ရရှိထားပြီး Self-care၊ အလှအပဆိုင်ရာနည်းလမ်းများနှင့် အမျိုးသမီးများ၏ ကျန်းမာရေးအတွက် အသိပညာပေးခြင်းဖြင့် အားလုံးအတွက် အဖိုးတန်သော ဗဟုသုတများကို လွယ်လွယ်ကူကူ လက်လှမ်းမီနိုင်အောင် လုပ်ဆောင်နေသူဖြစ်ပါသည်။ ရှုပ်ထွေးသော ကျန်းမာရေးဆိုင်ရာ အကြောင်းအရာများကို နားလည်လွယ်အောင် ရှင်းပြကာ အမျိုးသမီးများ မိမိတို့၏ ကျန်းမာရေးနှင့် ပတ်သက်သော ဆုံးဖြတ်ချက်များကို မှန်မှန်ကန်ကန် ချင့်ချိန်ပြုလုပ်တတ်ကြရန်နှင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေရန် ကူညီအသိပညာပေးလျက်ရှိပါသည်။

TikTok သည် လူမှုအသိုင်းအဝိုင်း၏ စွမ်းအားကို ယုံကြည်ပါသည်။ ထို့ကြောင့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ကျော်လွန်သည့်တိုင် TikTok ပလက်ဖောင်းပေါ်ရှိ အမျိုးသမီးများ၏ ပါ၀င်အားဖြည့်မှုများကို နေ့စဉ်နှင့်အမျှ ဆက်လက် လှုံ့ဆော်ပံ့ပိုးလျက်ရှိပါသည်။ ယခုနှစ်၏ ဆောင်ပုဒ်ဖြစ်သည့် "Accelerate Action" သည် စစ်မှန်သော တိုးတက်မှုအတွက် စုပေါင်းအားထုတ်မှု လိုအပ်ကြောင်း အသိပေးလျက်ရှိသည့်အတွက် အမျိုးသမီးများကို ကူညီပံ့ပိုးပြီး ၎င်းတို၏ အသံများကို ပိုမိုအားပြည့်ကျယ်လောင်စေရန် အတားအဆီးများကို ဖြိုဖျက်ပြီး ရေရှည်တည်တံ့သော အပြောင်းအလဲဖြစ်ရန် အတူတကွဖန်တီးကြရမည်ဖြစ်ပါသည်။

TikTok တွင် #WomenOfTikTok အသိုက်အဝိုင်းကို စူးစမ်းလေ့လာခြင်းဖြင်း ကမ္ဘာကြီးကို ပုံသွင်းလျက်ရှိသည့် အံ့ဖွယ်အမျိုးသမီးများကို ချီးမြှင့်ဂုဏ်ပြုရန် တိုက်တွန်းလိုက်ပါသည်။ ၎င်းတို့၏ အသံများ ပိုမိုအားပြည့်ကျယ်လောင်စေပြီး တန်းတူညီမျှမှုကို မြှင့်တင်ခြင်းအားဖြင့် တိုးတက်နိုင်သော အနာဂတ်တစ်ခုကို အားလုံးအတူတကွ ပူးပေါင်းဖန်တီးကြရန် ဖိတ်ခေါ်လိုက်ပါသည်။