စာရေးသူ : Cormac Keenan, Head of Trust and Safety

TikTok ၏ လူမှုအသိုင်းအဝိုင်းတွင် ဆယ်ကျော်သက်အရွယ်မှစ၍ အဖိုး၊ အဖွားအရွယ်အထိသာမက ၎င်းတို့ အသက်အရွယ်ကြားရှိ မျိုးဆက်များတိုင်အောင် စုံလင်ကျယ်ပြန့်စွာ ပါဝင်နေပါသည်။ ကျွန်ုပ်တို့အနေဖြင့် အသက်အရွယ်အလိုက် လုပ်ဆောင်ချက်များ ကန့်သတ်ထားရှိပေးခြင်း၊ အကြောင်းအရာ ထိန်းချုပ်ခြင်းအားဖြင့် ကျွန်ုပ်တို့ လူမှုအသိုင်းအဝိုင်းကို မြှင့်တင်ပေးခြင်း၊ အုပ်ထိန်းသူများမှ ထိန်းချုပ်ခြင်းအားဖြင့် မိသားစုများကို ပြန်လည် ပံ့ပိုးခြင်းများကို လုပ်ဆောင်ခြင်းအားဖြင့် TikTok လူမှုအသိုင်းအဝိုင်းကို အစဥ်တစိုက် အလေးပေးကာ တည်ဆောက်လျက်ရှိပါသည်။ ယနေ့တွင် ကြည့်ရှုသူများအနေဖြင့် မိမိတို့ ပိုမိုနှစ်သက်သော အကြောင်းအရာများကို စိတ်တိုင်းကျ ရွေးချယ်ကြည့်ရှုရန် သတ်မှတ်နိုင်သည့် အထူးလုပ်ဆောင်ချက်အသစ်များနှင့် နည်းပညာများကို အသုံးပြုနိုင်ကြောင်း ကြေညာခြင်းအားဖြင့် TikTok တွင် ဘေးကင်းလုံခြုံပြီး ဖျော်ဖြေမှုဆိုင်ရာ အတွေ့အကြုံများကို အကောင်းဆုံး ဆက်လက်ခံစားရရှိစေရန် ဆောင်ရွက်လျက်ရှိပါသည်။

အကြောင်းအရာကို စိတ်တိုင်းကျ ရွေးချယ်ပြင်ဆင်နိုင်ရန် Tool အသစ်

TikTok အသုံးပြုခြင်း အတွေ့အကြုံကို ကောင်းမွန်ထူးကဲစေသော အစိတ်အပိုင်းတစ်ခုမှာ အသုံးပြုသူများအနေဖြင့် စိတ်ဝင်စားမှုအသစ်များ ဖန်တီးရိုက်ကူးသူများနှင့် အကြံဥာဏ်များကို ရှာဖွေတွေ့ရှိနိုင်စေခြင်းပင်ဖြစ်ပါသည်။ တစ်စုံတစ်ဦး၏ “For You Feed” တွင် ၎င်းတို့ Follow မလုပ်ချင်သော ရိုက်ကူးဖန်တီးသူများ သို့မဟုတ် စိတ်မဝင်စားသော အကြောင်းအရာများ ပေါ်လာနိုင်သည့်အတွက် ကျွန်ုပ်တို့၏ ကြည့်ရှုရန် အကြုံပြုချက်စနစ်ကို ဘေးကင်းလုံခြုံရေး ဦးစားပေးကာ ရေးဆွဲထားပါသည်။ ဥပမာအနေဖြင့် အချို့သော အကြောင်းအရာ အမျိုးအစားများသည် အကြုံပြုရန် အရည်အသွေးမပြည့်မီသည့်အတွက် ကြည့်ရှုသူအနေဖြင့် ကျွန်ုပ်တို့၏ “Not interested” လုပ်ဆောင်ချက်ကို အသုံးပြုကာ ရေရှည်တွင် အလားတူ ဗီဒီယိုများကို ကျော်သွားနိုင်မည်ဖြစ်သည်။ [US/CA/UK: ရိုက်ကူးဖန်တီးသူထံမှ ဗီဒီယိုများ သို့မဟုတ် တူညီသည့် နောက်ခံအသံပါဝင်သည် ဗီဒီယိုများကို ကျော်သွားမည်။]

ကြည့်ရှုသူများ၏ သုံးစွဲကြည့်ရှုခြင်းအတွေ့အကြုံပြင်ဆင်ခြင်းကို ထပ်မံမြှင့်တင်ပေးရန်အတွက် အသုံးပြုသူများအနေဖြင့် မိမိ၏ For You သို့မဟုတ် Follow လုပ်ထားသော Feeds တွင် မိမိမမြင်တွေ့ချင်သော စကားလုံး သို့မဟုတ် Hashtag များပါဝင်သည့် ဗီဒီယိုများ - မိမိ အိမ်တွင်း ပရောဂျက် ပြီးစီးသွားသည့်အတွက် အိမ်တွင်းလက်မှုသင်ခန်းစာများ ဆက်လက်ကြည့်ရှုရန် မလိုအပ်တော့သည့်အခါမျိုး သို့မဟုတ် အသီးအရွက်ဟင်းလျာများကို ပိုမိုကြည့်ရှုလိုသည့်အတွက် နို့ထွက်ပစ္စည်းနှင့် အသားဟင်းချက်စားနည်းများကို ယခင်ထက် ပိုမိုလျှော့ကြည့်လိုသည့်အခါမျိုးတွင် အလိုအလျောက် ရွေးချယ်ဖယ်ရှားပေးနိုင်မည့် Feature ကို မိတ်ဆက်ပေးမည်ဖြစ်ပါသည်။ ဤလုပ်ဆောင်ချက်သည် မကြာခင် ရက်သတ္တပတ်များအတွင်းတွင် စတင်အသုံးပြု၍ရမည်ဖြစ်ပါသည်။



အကြံပြုချက်များ ကွဲပြားစုံလင်စေရန် ကျွန်ုပ်တို့၏ ကြိုးပမ်းအားထုတ်မှုဆိုင်ရာ သတင်း

ကျွန်ုပ်တို့ App ကို အသုံးပြုသူတိုင်း၏ ဘဝတွင် ကျွန်ုပ်တို့သည် အပြုသဘောဆောင်သော အခန်းကဏ္ဍတွင် ပါဝင်လိုပြီး ကြည့်ရှုခြင်း အတွေ့အကြုံကို အနှောက်အယှက်ဖြစ်စေမည့် သို့မဟုတ် စိန်ခေါ်ရန် အလားအလာရှိသည့် အကြောင်းအရာများထံမှ ကာကွယ်ပေးရင်း အသုံးပြုသူများအနေဖြင့် မိမိနှစ်သက်ရာ အမျိုးအစားစုံလင်သော ခေါင်းစဥ်များမှ တစ်ဆင့် မိမိကိုယ်ကို ထုတ်ဖော်ပြသနိုင်သည့် ပတ်ဝန်းကျင်တစ်ခုကို မွမ်းမံပေးရန် ကျွန်ုပ်တို့အနေဖြင့် ကတိကဝတ်ပြု ကြိုးပမ်းအားထုတ်လျက် ရှိပါသည်။ မနှစ်က ကျွန်ုပ်တို့သည် ဗီဒီယိုတစ်ခုအဖြစ် ကြည့်ရှုရန် အဆင်ပြေသော်လည်း ထပ်ခါထပ်ခါကြည့်ရှုလျှင် ပြဿနာဖြစ်စေရန် အလားအလာရှိသည့် ခေါင်းစဥ်များဖြစ်သည့် အစားလျှော့ခြင်း၊ အလွန်အကျွံ လေ့ကျင့်ခန်းလုပ်ခြင်း၊ ဝမ်းနည်းခြင်းနှင့် အခြား ကျန်းမာရေးနှင့် ဆိုင်သော ခေါင်းစဥ်များပါဝင်သည့် ဆင်တူယိုးမှား ဗီဒီယီု Series အကြောင်းအရာများကို ကြည့်ရှုဖို့ အကြံမပြုသည့် နည်းလမ်းများ စတင်စမ်းသပ်ခဲ့ပါသည်။ ကျွန်ုပ်တို့ စနစ်မှ တစ်ဆင့် ကြည့်ရှုသူထံသို့ အမှတ်မထင်ဘဲ ပိုမိုရွေးချယ်စရာ နည်းပါးသော အကြောင်းအရာများကို အကြံပြုနေမှုများ ရှိ မရှိ သိရှိနိုင်ရန် ကျွန်ုပ်တို့အနေဖြင့် ဆက်လက် စမ်းသပ်လျက် ရှိပါသည်။

US တွင် ကျွန်ုပ်တို့၏ လေ့လာစမ်းသပ်မှုရလဒ်နှင့် ထပ်တလဲလဲ ကြိုးပမ်းအားထုတ်မှုများကြောင့် ယခုအခါတွင် သုံးစွဲကြည့်ရှုသူများသည် အထက်ပါ ခေါင်းစဥ်များနှင့် ပတ်သက်သော ဗီဒီယိုကြည့်ရှုရမှု ပိုမိုနည်းပါးလာခြင်းအားဖြင့် ကြည့်ရှုခြင်း အတွေ့အကြုံကို ပိုမိုတိုးတက်ရရှိလာစေခဲ့ပြီဖြစ်ပါသည်။ သို့ရာတွင် ဗီဒီယိုတစ်ခုအတွင်း၌ ကွဲပြားသော အကြောင်းအရာများ တစ်စုတစ်စည်းတည်း ပါဝင်နေမှုကြောင့် ထပ်တလဲလဲ ကြိုးပမ်းအားထုတ်နေရဆဲပင်ဖြစ်ပါသည်။ ဥပမာအားဖြင့် အချို့သော အကြောင်းအရာများသည် အစားအသောက်မမှန်သူများအတွက် ပြန်လည် နာလန်ထူစေရေး အကြောင်းအရာစသည်ဖြင့် အားတက်စရာနှင့် ဝမ်းနည်းစရာ အကြောင်းအရာများ ပူးတွဲပါဝင်နေတတ်သည်။ ဤလေ့လာစမ်းသပ်မှုများကို အခြားသော သုံးစွဲသူစျေးကွက်များတွင်လည်း မကြာခင် လများအတွင်း ပိုမိုကျယ်ပြန့်စေလိုသည့်အတွက် ကျွန်ုပ်တို့ စနစ်ကိုလည်း ဘာသာစကားအသစ်များဖြင့် အသုံးပြုနိုင်စေရန် လေ့ကျင့်စမ်းသပ်ပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်မှာ တစ်ဦးတစ်ယောက်စီတိုင်း၏ For You feed တွင် ၎င်းတို့ ကြိုက်နှစ်သက်သည့် အကြောင်းအရာများ၊ ဖန်တီးသူများ၊ ခေါင်းစဥ်များ စသည့် အငွေ့အသက်နှင့် စုံလင်စေချင်သည့် ရည်ရွယ်ချက်ပင်ဖြစ်ပါသည်။

သုံးစွဲကြည့်ရှုခြင်းအတွေ့အကြုံကို ကာကွယ်စောင့်ရှောက်ရန် အကြောင်းအရာအဆင့်များကို မိတ်ဆက်ခြင်း

ဟင်းချက်နည်းရှာရန်ဖြစ်စေ၊ တစ်နေ့တာအလုပ်ပြီးလို့ ရယ်မောရန်ဖြစ်စေ သို့မဟုတ် For You feed မှ တစ်ဆင့် စိတ်၀င်စားစရာအသစ်များကို ရှာဖွေရန်ဖြစ်စေ မည်သည့်အကြောင်းနှင့်မဆို အသုံးပြုသူများအနေနှင့် TikTok ကို ရောက်ရှိလာပါက ကျွန်ုပ်တို့သည် ဘေးကင်းလုံခြုံပြီး ပျော်ရွှင်စရာသုံးစွဲကြည့်ရှုခြင်းအတွေ့အကြုံရရှိရန် အဆက်မပြတ်လုပ်ဆောင်နေမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ လူမှုအသိုင်းအ၀ိုင်းလမ်းညွှန်ချက်များကို ဗဟိုပြုပြီး ကျွန်ုပ်တို့၏ ပလက်ဖောင်းပေါ်တွင် မည်သည့်အရာများကို ခွင့်ပြုပြီး မည်သည့်အရာများကိုခွင့်မပြုဆိုသည့် စံနှုန်းများကို သတ်မှတ်ထားပါသည်။ ထိုတင်းကြပ်သောမူ၀ါဒများအတွင်းတွင် အသုံးပြုသူများအနေနှင့် ကိုယ်ရေးကိုယ်တာ ကြိုက်နှစ်သက်မှုအပေါ်မူတည်ပြီး တချို့သော အကြောင်းအရာအမျိုးအစားများကို ရှောင်ကြဥ်ချင်သည်ကို ကျွန်ုပ်တို့ နားလည်ပါသည်။ သို့မဟုတ် ဆယ်ကျော်သက်လူမှုအသိုင်းအ၀ိုင်းအတွက် တချို့အကြောင်းအရာများသည် ကြည့်ရှုရန် မသင့်တော်သည့်အရာများ ပါ၀င်နိုင်သလို ကိုယ်ရေးကိုယ်တာ အတွေ့အကြုံအပေါ် ရောင်ပြန်ဟပ်နိုင်သည့် ရှုပ်ထွေးသော အကြောင်းအရာများ သို့မဟုတ် သက်ကြီးပိုင်းကြည့်ရှုရန်အတွက် ရည်ရွယ်ထားသော လက်တွေ့ကမ္ဘာမှ ဖြစ်ရပ်မှန်များပါ၀င်နေနိုင်ပါသည်။

အဆိုပါအချက်များကို နားလည်သိရှိပြီး အသက်အရွယ်ရင့်ကျက်မှုအလိုက် အကြောင်းအရာများကို စုစည်းပေးမည့် စနစ်သစ်တစ်ခုကို တည်ဆောက်ရန်လုပ်ဆောင်လျက်ရှိပါသည်။ လူအများစုသည် ရုပ်ရှင်လုပ်ငန်း၊ ရုပ်မြင်သံကြား သို့မဟုတ် ဂိမ်းကစားခြင်းတို့မှ အလားတူစနစ်များနှင့် အကျွမ်းတဝင်ရှိကြမည်ဖြစ်ပြီး ကျွန်ုပ်တို့အနေနှင့် ထိုအချက်များကို မှတ်သားပြီး TikTok ၏ ကိုယ်ပိုင်ထူးခြားဆန်းသစ်သော ချဥ်းကပ်မှုတစ်ခုကို အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း သိရှိနားလည်ကာ စနစ်သစ်ကို ဖန်တီးလျက်ရှိပါသည်

လာမည့်သီတင်းပတ်များတွင် အသက် (၁၈)နှစ်အောက် လူငယ်ပရိသတ် [US: အသက်၁၃နှစ်မှ၁၇နှစ်အတွင်းလူငယ်ပရိသတ်] ဆီသို့ ကြည့်ရှုရန် မသင့်တော်သော အကြောင်းအရာများ အထိန်းအကွပ်မဲ့ ရောက်ရှိမှုကို ကာကွယ်ရန် အစောပိုင်းဗားရှင်းကို စတင်မိတ်ဆက်ပေးမည်ဖြစ်သည်။ ဗီဒီယိုတစ်ခုတွင် ကြည့်ရှုရန် မသင့်တော်သည့် သို့မဟုတ် ရှုပ်ထွေးတဲ့ အကြောင်းအရာများ ပါဝင်နေကြောင်း ဖော်ထုတ်သိရှိလိုက်ရသည့်အခါ ဥပမာ လူငယ်ပရိသတ်များအတွက် အလွန်ကြောက်စရာကောင်းသော သို့မဟုတ် ပြင်းထန်လွန်းသော စိတ်ကူးယဉ်ပြကွက်များ ပါ၀င်သည့်အခါ TikTok ပေါ်တွင် (၁၈) နှစ်အောက် လူငယ်ပရိသတ်များ အဆိုပါ ဗီဒီယိုများကို ကြည့်ရှုခြင်းမှ တားဆီးရန် ဗီဒီယိုတွင် Maturity Score ကို သတ်မှတ်ပေးထားမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ဆယ်ကျော်သက်များ၏ အတွေ့အကြုံကို ဦးစွာကာကွယ်စောင့်ရှောက်ရန်နှင့် လာမည့်လများတွင် ကျွန်ုပ်တို့၏ အသိုင်းအဝိုင်းတစ်ခုလုံး ၎င်းတို့ ချစ်ခင်နှစ်သက်သော အရာများကို ပိုမိုကြည့်ရှုနိုင်ရန်အတွက် အသေးစိတ် အကြောင်းအရာ စစ်ဆေးရွေးချယ်မှုများကို လုပ်ဆောင်နိုင်မည့် လုပ်ဆောင်ချက်အသစ်များကိုလည်း ထပ်မံ ထည့်သွင်းရန် စီစဉ်ထားပါသည်။


ကျွန်ုပ်တို့၏ ကမ္ဘာလုံးဆိုင်ရာလူမှုအသိုင်းအ၀ိုင်းအတွက် လိုအပ်ချက်များကို တည်ဆောက်ခြင်း

အဆိုပါ စနစ်များကို တည်ဆောက်ပြီး တိုးတက်အောင် လုပ်ဆောင်နေသည့်အလျောက် ပရိသတ်မျိုးစုံအတွက် တည်ဆောက်ရေးနှင့် Recommender System များဖြင့် ကြာရှည်သည့် လုပ်ငန်းပိုင်းဆိုင်ရာစိန်ခေါ်မှုများကို ကူညီထောက်ပံ့နိုင်မည့် အခွင့်အရေးအတွက် ကျွန်ုပ်တို့ စိတ်လှုပ်ရှားမိပါသည်။ ကျွန်ုပ်တို့ ရရှိအောင်မြင်ဖို့ ကြိုးစားနေသည့်အရာက ရှုပ်ထွေးပြီး အမှားတချို့ လုပ်မိနိုင်တယ်ဆိုတာကိုလည်း သတိပြုနားလည်ပါသည်။ ကျွန်ုပ်တို့ လူမှုအသိုင်းအ၀ိုင်းအတွက် အလုံခြုံဆုံးနှင့် ပျော်ရွှင်ဖွယ်အကောင်းဆုံး အတွေ့အကြုံကို ဖန်တီးရန်မှာ ကျွန်ုပ်တို့၏ အဓိက အာရုံစိုက်မှုဖြစ်ပြီး လူမှုအသိုင်းအ၀ိုင်း၏ တုံ့ပြန်မှုများကို အဆက်မပြတ်နားထောင်ပြီး ဥရောပလုံခြုံရေးအကြံပေးကောင်စီအပါအဝင် လွတ်လပ်သော ကျွမ်းကျင်သူပညာရှင်များနှင့်လည်း ဆက်လက်တိုင်ပင်ဆွေးနွေးသွားပါမည်။