ကျွန်ုပ်တို့အနေဖြင့် ကွန်ရက်ပေါ်တွင် သုံးစွဲသူများအတွက် စိတ်ကျန်းမာရေးနှင့် ပတ်သက်ပြီး ပိုမိုလုံခြုံစွာ ဖွင့်ဟပြောဆိုနိုင်မည့် စကားဝိုင်းများအတွက် နေရာတစ်ခု ဖန်တီးတည်ဆောက်သွားမည်ဆိုသည့် ကတိက၀တ်အရ ယခုနှစ်၏ ကမ္ဘာ့စိတ်ကျန်းမာရေးဆိုင်ရာနေ့ရက်ကို အသိအမှတ်ပြုသည့်အနေဖြင့် “စိတ်ကျန်းမာရေး ဦးစားပေး” ဟူသော လှုပ်ရှားမှုကို ထိုကွန်ရက်အတွင်း အကောင်အထည်ဖော်သွားမည်ဖြစ်သည်။ ထိုအပြင် ၁၈ နှစ် အထက် အသုံးပြုသူများ၏ စိတ်ကျန်းမာရေး ပိုမိုလိုအပ်ချက်များကို အသိအမှတ်ပြုသည့် အနေဖြင့် စိတ်ကျန်းမာရေးဆိုင်ရာ ဒီဂျစ်တယ်ကွန်ရက်ပေါ်၌လည်း update အသစ်များကို တင်ပြသွားမည် ဖြစ်သည်။

  ပိုမို အားကောင်းသော စိတ်ကျန်းမာရေး ပံ့ပိုးမှုစနစ်များကို ပြုစုပျိုးထောင်ဖို့ သိသာထင်ရှားသော လုပ်ဆောင်မှုများ ဆောင်ရွက်ခဲ့သော်လည်း တစ်ဦးချင်းနှင့်ဆိုင်သော ပြဿနာအားလုံးနှင့် ပတ်သက်ပြီး ပြောဆိုဖြေရှင်းမှုများကို ပုံမှန်ဖြစ်လာနိုင်ဖို့ ကျွန်ုပ်တို့အနေဖြင့် ပိုမို ကြိုးစားရပါမည်။ စိတ်ကျန်းမာရေး အတွေ့အကြုံနှင့် ပတ်သက်လာလျှင် လူတိုင်းတွင် ပြောစရာကိုယ်စီ ရှိတတ်ကြပါသည်။ TikTok သည် အားလုံးအတွက် ကွန်ရက်များနှင့် ဆက်သွယ်နိုင်ဖို့ အရင်းအမြစ်များကို ပံ့ပိုးပေးပြီး စိတ်ကျန်းမာရေးနှင့် ပတ်သက်၍ အလွန်အရေးပါသော မေးခွန်းများကို မေးမြန်း၊ ပြောဆို ၊ နှစ်သိမ့်ဆွေးနွေးနိုင်မည့် နေရာတစ်ခုအဖြစ် ရပ်တည်နိုင်ရန် ကြိုးစားသွားမည်ဖြစ်သည်။

  ဤ “စိတ်ကျန်းမာရေး ဦးစားပေး” လှုပ်ရှားမှုတွင် TikTok ပေါ်ရှိ သုံးစွဲသူများ အားလုံး၏ စိတ်ကျန်းမာရေးအတွက် ဆောင်ရန် ရှောင်ရန် သတိပေးမှုများကို ဖြန့်ချိပေးလျက်ရှိပြီး TikTok ၏ သတိပေး ညွှန်ကြားချက်များ၊ စိတ်အနှောင့်အယှက်ပေးနိုင်သော စကားများကို ဖယ်ရှားမှုများနှင့် ဖုန်းကြည့်ချိန်စီမံရေး လမ်းညွှန်ချက်များကိုလည်း သုံးစွဲသူများအတွက် ပိုမို ကောင်းမွန်သော အတွေ့အကြုံများကို ရရှိနိုင်အောင် ကျွန်ုပ်တို့အကောင်အထည် ဖော်သွားမည်ဖြစ်သည်။

  စိတ်ကျန်းမာရေးဆိုင်ရာ စကားဝိုင်းများနှင့် ပတ်သက်၍ အများအတွက် ဆောင်ရန် ရှောင်ရန်များနှင့် လူမှုအဖွဲ့အစည်းတွင် ပါဝင်သူ အသီးသီး၏ စိတ်ကျန်းမာရေးဆိုင်ရာ ကိုယ်တွေ့ဖြစ်ရပ်များ၊ အတွေ့အကြုံများကို ဖွင့်ဟပြောဆိုနိုင်ရန် အားပေးမှုများ ကို ပြုလုပ်နိုင်ရန် #ဘေးကင်းပျော်ရွှင်TikTokတစ်ခွင် #Safertogether ကဲ့သို့သော Hashtag များကိုလည်း ကျွန်ုပ်တို့မိတ်ဆက်ပေးသွားမည်ဖြစ်သည်။

  ထို့ပြင် ကျွန်ုပ်တို့အနေဖြင့် စိတ်ကျန်းမာရေးနှင့်ဆိုက်ဘာကျန်းမာရေးဆိုင်ရာ ပညာပေးမှုများအားလုံးကို တစ်နေရာတည်းတွင် ဖော်ပြထားသော Digital Wellness Hub တွင် update များထည့်သွင်းပြီး သုံးစွဲသူများကို ပိုမိုပံ့ပိုးကူညီသွားမည်ဖြစ်သည်။


ဤလှုပ်ရှားမှုများသည် ကျွမ်းကျင်သူများနှင့် တိုင်ပင်ပြီး ပြုလုပ်ခဲ့သော TikTok ၏ ကွန်ရက်အတွင်း၌ ရှိပြီးသား စိတ်ကျန်းမာရေးဆိုင်ရာ လမ်းညွှန်များကို ပိုမို အံ့ဝင်တကျဖြစ်အောင် မြှင့်တင်သွားမည်ဖြစ်သည်။ထို့ပြင် လူမှုအသိုင်းအဝိုင်းလမ်းညွှန်ချက်များအရ စည်းမျဥ်းစည်းကမ်းနှင့် မကိုက်ညီသော ဗီဒီယိုများကို ဖယ်ရှားခြင်းအပြင် Block နှင့် Report ကဲ့သို့သော In-app Tool များကို သုံးစွဲသူများအားလုံး အသုံးပြုနိုင်အောင် ထောက်ပံ့ပေးခြင်းများကိုလည်း ကျွန်ုပ်တို့အနေဖြင့် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။