TikTok သည် တက်ကြွသော သင်ယူမှုအားကောင်းသည့် လူမှုအသိုင်းအဝိုင်းကို တည်ဆောက်ရန် ကတိပြုထားပါသည်။ TikTok အနေဖြင့် ပညာရေးဆိုင်ရာနှင့် ဗဟုသုတကြွယ်ဝသော အကြောင်းအရာများအပါအဝင် အသုံးပြုသူများကို ၎င်းတို့ နှစ်သက်သည့် အကြောင်းအရာကို ရှာဖွေရာတွင် ကူညီရန် နည်းလမ်းအသစ်များကို အမြဲရှာဖွေနေပါသည်။ ထို့ကြောင့် TikTok သည် ယနေ့တွင် Feature အသစ်တစ်ခုဖြစ်သည့် STEM feed ကို မြန်မာနိုင်ငံအတွက် မိတ်ဆက်ပေးလိုက်ပြီဖြစ်ပြီး ပညာရေးဆိုင်ရာ အကြောင်းအရာများကို မျှဝေပေးသွားမည်ဖြစ်ပါသည်။


STEM feed သည် သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာ (STEM) တို့နှင့် သက်ဆိုင်သည့် ပညာရေးဆိုင်ရာ အကြောင်းအရာများကို လူအများ ရှာဖွေချိတ်ဆက်နိုင်သည့် သီးခြားနေရာတစ်ခုဖြစ်ပါသည်။ လွန်ခဲ့သည့် သုံးနှစ်အတွင်း တစ်ကမ္ဘာလုံးတွင် STEM နှင့် ပတ်သက်သည့် ဗီဒီယိုပေါင်း ၁၅ သန်းနီးပါးကို TikTok တွင် မျှဝေခဲ့ကြပါသည်။ သင်သည် သိပ္ပံပညာရှင်ဖြစ်လိုသူ၊ နည်းပညာဆိုင်ရာ ၀ါသနာရှင် သို့မဟုတ် လေ့လာသင်ယူခြင်းကို နှစ်သက်သူတစ်ဦးဖြစ်ပါက STEM feed သည် သင့်ကို နည်းလမ်းသစ်ဖြင့် ဗဟုသုတရှာဖွေပြီး မျှဝေနိုင်ရန် ကူညီပေးသွားမည်ဖြစ်ပါသည်။ တစ်ချက် နှိပ်လိုက်ရုံဖြင့် အသုံးပြုသူများအတွက် သင်္ချာနည်းလမ်းများကို ရှင်းပြသော ဆရာများမှ အစပြု၍ စတင်သင်ယူလိုသူများအတွက် Code ရေးသားမှု အကြံပြုချက်များကို မျှဝေပေးသည့် နည်းပညာဝါသနာရှင်များအထိ အမျိုးမျိုးသော Content Creator များ၏ ယုံကြည်စိတ်ချရသော STEM အကြောင်းအရာများကို ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။


မြန်မာနိုင်ငံအပါအဝင် နိုင်ငံအများစုတွင် STEM feed ကို အလိုအလျောက် အသုံးပြုနိုင်ရန် လုပ်ဆောင်ပေးထားပါသည်။ ၎င်းကို အသုံးပြုလိုပါက

- TikTok အက်ပ်ကို ဖွင့်ပါ။

- ဖုန်းမျက်နှာပြင်၏ ထိပ်ရှိ For You feed ဘေးတွင် STEM tab ကို ရှာပါ။

- STEM ကို နှိပ်ပြီး စတင်လေ့လာနိုင်ပါပြီ။


အကယ်၍ STEM feed အလိုအလျှောက် မပေါ်လာပါက အောက်ပါအဆင့်များအတိုင်းလုပ်ဆောင်နိုင်ပါသည်။

- သင့်ပရိုဖိုင်း (Profile) သို့ သွားပါ။

- ဆက်တင်များနှင့် ကိုယ်ရေးလုံခြုံမှုကို (Settings and Privacy) ဖွင့်ပါ။

- အကြောင်းအရာနှင့်ပြသမှု (Content & Display) အောက်ရှိ အကြောင်းအရာဦးစားပေးမှုများကို (Content Preferences) ရွေးချယ်ပါ။

- STEM feed ကို နှိပ်ပြီး ဖွင့်မည်ကို (Turn On) ရွေးပါ။


စိတ်လှုပ်ရှားစရာကောင်းသော STEM အကြောင်းအရာများကို ရှာဖွေနိုင်သလို သင်သည် Creator တစ်ဦးဖြစ်ပါက STEM feed တွင်လည်း ပါဝင်ပံ့ပိုးအားဖြည့်နိုင်မည်ဖြစ်ပါသည်။ STEM feed တွင် ပါဝင်ဖော်ပြလိုသည့် ပြည်တွင်း STEM creator များအနေဖြင့် အောက်ပါအဆင့်များအတိုင်း လုပ်ဆောင်နိုင်ပါသည်။

- နှစ်သက်ရာ STEM နှင့် ပတ်သက်သည့် ခေါင်းစဉ်အလိုက် ဗီဒီယိုတစ်ခုကို ဖန်တီးပါ။

- အသိပညာပေးသည့် အကြောင်းအရာ ဗီဒီယိုတစ်ခု ဖန်တီးပါ။ အဓိက မေးခွန်းများကို ဖြေဆိုပြီး ပြီးပြည့်စုံသော သင်ခန်းစာတစ်ခုကို ပံ့ပိုးပါ။

- TikTok ၏ လူမှုအသိုင်းအ၀ိုင်းလမ်းညွှန်ချက်များကို လိုက်နာပါ။ အကြောင်းအရာများသည် အသက် ၁၃ နှစ်နှင့် အထက် အသုံးပြုသူများအတွက် သင့်လျော်ရပါမည်။

- ကလေးများအတွက် ရည်ရွယ်ထားသည့် (အခြေခံ ပုံသဏ္ဍာန် သို့မဟုတ် အရောင်များဆိုင်ရာ သင်ခန်းစာများကဲ့သို့) ဗီဒီယိုများကို ဖော်ပြပေးသွားမည် မဟုတ်ပါ။

- သင့်ပို့စ်တွင် #STEMTok hashtag ကိုသုံးပါ။


အရည်အသွေးမြင့်ပြီး ယုံကြည်စိတ်ချရသော STEM အကြောင်းအရာဖြစ်ကြောင်း သေချာစေရန် TikTok သည် အကြောင်းအရာလုံခြုံမှုနှင့် သင့်လျော်မှုအတွက် Common Sense Networks နှင့် ပူးပေါင်းပြီး အချက်အလက်စစ်ဆေးခြင်း တိကျမှုအတွက် The Poynter Institute နှင့် ပူးပေါင်းလုပ်ဆောင်ထားပါသည်။ အဆိုပါ အကဲဖြတ်မှုနှစ်ခုလုံးကို ကျော်ဖြတ်သော ဗီဒီယိုများကိုသာ STEM feed တွင် ဖော်ပြပြီး အသုံးပြုသူများကို ယုံကြည်စိတ်ချရပြီး အသိပညာပေးသည့် အကြောင်းအရာများကို ပေးဆောင်သွားမည်ဖြစ်ပါသည်။


ယုံကြည်စိတ်ချရသော အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းအားဖြင့် STEM feed တွင် အရည်အသွေးမြင့် ယုံကြည်စိတ်ချရသော STEM အကြောင်းအရာများသာ ဖော်ပြကြောင်း သေချာစေပါသည်။ တိကျမှုနှင့် လုံခြုံမှုဆိုင်ရာ TikTok ၏ ကတိက၀တ်သည် မြန်မာနိုင်ငံရှိ အရည်အချင်းပြည့်၀သော Creator များကိုလည်း မြှင့်တင်ကူညီနေပါသည်။ ဥပမာအားဖြင့် @gold.chemistry နှင့် @than.damin ကဲ့သို့သော Creator များသည် ပညာရေးဆိုင်ရာ အကြောင်းအရာများကို မျှဝေခြင်းဖြင့် လေ့လာသူများအတွက် အကျိုးရှိသော သင်ခန်းစာများကို ပံ့ပိုးနေသည်။ Grade 12 ဓာတုဗေဒဘာသာရပ်ဆိုင်ရာ သင်ခန်းစာများကို ကျောင်းသားများ နားလည်ရလွယ်ကူသော ရှင်းလင်းချက်များဖြင့် စာမေးပွဲအတွက် ပြင်ဆင်ရန် ကူညီလျက်ရှိပါသည်။ STEM feed ၏ မိတ်ဆက်မှုဖြင့် သူတို့၏ အကြောင်းအရာများနှင့် အခြားသူတစ်ချို့၏ အကြောင်းအရာများသည် နိုင်ငံတစ်ဝန်းရှိ လေ့လာသူများကို ပိုမိုအားပေးမည်ဖြစ်ပါသည်။

@gold.chemistry

Grade12 organic Exercises No.6 to 10 more Chemistry Lessons at GOLD Chemistry YouTube Channel

♬ Somethin Bout A Woman ft Teddy Swims - Teddy Swims


မြန်မာနိုင်ငံရှိ ဆရာ၊ ဆရာမများ၊ မိဘများ၊ သိပ္ပံပညာရှင်များနှင့် STEM ဝါသနာရှင်များကို ဤစိတ်လှုပ်ရှားဖွယ်အကြောင်းအရာ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပါ၀င်ရန် တိုက်တွန်းလိုက်ရပါသည်။ အသိပညာများ မျှဝေပေးပြီး #STEMTok အသိုင်းအဝိုင်းနှင့် ထိတွေ့ဆက်ဆံခြင်းဖြင့် မျိုးဆက်သစ် ဆန်းသစ်တီထွင်သူများ၏ စိတ်အားထက်သန်မှုကို လှုံ့ဆော်ပေးနိုင်ပါသည်။ ထို့ကြောင့် TikTok တွင် ပိုမိုပျော်ရွင်ဖွယ်ကောင်းပြီး အကျိုးသက်ရောက်မှုရှိစေသည့် သင်ယူမှုအတွေ့အကြုံများရရှိနိုင်ရန် အတူတူတွဲဖက်လုပ်ဆောင်ကြရန် ဖိတ်ခေါ်လိုက်ရပါသည်။