TikTok မှ World Mental Health Day တွင် ဘေးကင်းလုံခြုံပြီး ပံ့ပိုးကူညီမှုရှိသော ဒစ်ဂျစ်တယ်လူမှုအသိုက်အဝန်းအတွက် အပြုသဘောဆောင်သည့် ဒစ်ဂျစ်တယ်အလေ့အထများကို ဆက်လက်မြှင့်တင်ဆောင်ရွက်သွားမည့် ကတိကဝတ်ကို ထပ်မံအတည်ပြုလိုက်ပါသည်။ TikTok အနေဖြင့် လူတိုင်းကိုယ်ပိုင်အကြောင်းအရာများကို မျှဝေရန်၊ ကိုယ်စိတ်ကျန်းမာရေးနှင့် ပတ်သက်သော အကြောင်းအရာများအား ဆွေးနွေးတိုင်ပင်ရန်၊ လူမှုအသိုင်းအဝိုင်းပံ့ပိုးမှုက တစ်ဆင့် စိတ်အားလှုံ့ဆော်မှုများ ရှာဖွေတွေ့ရှိနိုင်ရန် မြှင့်တင်ပေးမည့် ပလက်ဖောင်းတစ်ခုအနေဖြင့် ရပ်တည်လျက်ရှိပါသည်။

အောက်တိုဘာလ ၁၀ ရက်နေ့မှာ ကျရောက်ခဲ့သော World Mental Health Day နှင့်အညီ မြန်မာနိုင်ငံရှိ TikTok လူမှုအသိုင်းအဝိုင်းသည် အွန်လိုင်းဘေးကင်းလုံခြုံမှုကို ဦးစားပေးပြီး နိုင်ငံတကာက ဗီဒီယိုအကြောင်းအရာများကို Follow လုပ်ခြင်း၊ ဗီဒီယိုများရိုက်ကူးခြင်းအပြင် တစ်ချိန်တည်းတွင် ဒစ်ဂျစ်တယ်ကျန်းမာရေးနှင့် ပတ်သက်သည့် ထူးခြားသော စိန်ခေါ်မှုများကို ကြုံတွေ့နေရကြောင်း TikTok က သတိပြုမိပါတယ်။ ထို့ကြောင့် အဆိုပါစိန်ခေါ်မှုများအတွက် တာဝန်ယူမှုရှိသော ဒစ်ဂျစ်တယ်အလေ့အထများကို မွေးမြူရာတွင် အဓိက အခန်းကဏ္ဍအနေနှင့် ပါဝင်နေသော လုပ်ဆောင်ချက် ၂ ခုကို ဖန်တီးလုပ်ဆောင်ထားပါသည်သည်။

တာဝန်ယူမှုရှိသော ကြည့်ရှုချိန် စီမံခန့်ခွဲခြင်း

TikTok အနေနှင့် အထူးသဖြင့် အွန်လိုင်းကို အချိန်ကြာကြာ ပိုသုံးစွဲတတ်သည့်မမြန်မာလူမှုအသိုင်းအဝိုင်းအတွက် အပြုသဘောဆောင်သော ဒစ်ဂျစ်တယ် အလေ့အထများကို ပျိုးထောင်ဖို့ လုပ်ဆောင်လျက်ရှိပါသည်။ TikTok အသုံးပြုသူတွေအနေနှင့် ရိုးရှင်းသော လုပ်ဆောင်ချက် အနည်းငယ်တစ်ဆင့် နေ့စဥ် ကြည့်ရှုချိန် အသုံးပြုမှုကို မိနစ် ၄၀ ၊၆၀ ၊၉၀ ဒါမှမဟုတ် မိနစ် ၁၂၀ အထိ သတ်မှတ်ပြီး အသုံးပြုသွားနိုင်မည်ဖြစ်ပါသည်။ မိမိစိတ်တိုင်းကျ အချိန်ရွေးချယ်သတ်မှတ်ပြီးလျှင် ဤလုပ်ဆောင်ချက်သည် အသုံးပြုသူများမှ ရွေးချယ်ထားသော အချိန်ကန့်သတ်ချက်အတိုင်း တာဝန်ယူမှုရှိရှိ သုံးစွဲနိုင်ရန် ကူညီလုပ်ဆောင်ပေးသွားမည်ဖြစ်ပါသည််

Digital Literacy Hub

TikTok အနေနှင့် မြန်မာ TikTok လူမှုအသိုင်းအဝိုင်း၏ ဘေးကင်းလုံခြုံမှုရှိသည့် အွန်လိုင်းအသုံးပြုမှုအတွက် တန်ဖိုးရှိသော အသိပညာနှင့် Tool များ အသုံးပြုပြီး မြှင့်တင်ပေးရန် ဖန်တီးထားသည့ Digital Literacy Hub ကို မိတ်ဆက်လိုက်ပြီဖြစ်သည်။ ဤ Digital Literacy Hub တွင် တာဝန်ယူမှုရှိသော ဒစ်ဂျစ်တယ် အသုံးပြုမှုအတွက် လိုအပ်သည့် အွန်လိုင်းဘေးကင်းလုံခြုံရေး၊ ဒစ်ဂျစ်တယ်ဆိုင်ရာ အသုံးပြုမှုကျင့်ဝတ်၊ ကိုယ်ရေးကိုယ်တာ လုံခြုံမှုနှင့် အခြားသိသင့်သိထိုက်သော အချက်အလက်များကို နားလည်လွယ်အောင် ဖော်ပြထားပါသည်သည်

Digital Literacy Hub ကို မည်ကဲ့သို့ဝင်ရောက် အသုံးပြုမည်နည်း။

အသုံးပြုသူများအတွက် စိတ်ကျန်းမာရေးဆိုင်ရာ အချက်အလက်များ၊ ဘေးကင်းလုံခြုံရေးလမ်းညွှန်ချက်များ၊ Tool များနှင့် စိတ်အားလှုံ့ဆော်ပေးမည့် မိမိကိုယ်ကို ဂရုစိုက်မှုဆိုင်ရာ အကြောင်းအရာအပါအဝင် ဗီဒီယိုအကြောင်းအရာ ဖန်တီးသူတွေဆီက အရင်းအမြစ်များစွာ ရယူခံစားနိုင်ရန်အတွက် Digital Literacy Hub Myanmar Website ကို ဤ https://rb.gy/2dgnx မှ တစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ ဤ Website မှ တစ်ဆင့် ဒစ်ဂျစ်တယ် တတ်မြောက်မှုဆိုင်ရာ အကျိုးရှိမည့် အချက်အလက်ဆိုင်ရာ ဆောင်းပါးများ၊ ဗီဒီယိုများနှင့် အပြန်အလှန်ဆက်သွယ်နိုင်မည့် လုပ်ဆောင်ချက်များအကြောင်းကို စူးစမ်းလေ့လာနိုင်မည်ဖြစ်ပါသည်။

ယခုနှစ် ကျရောက်သည့် ကမ္ဘာ့စိတ်ကျန်းမာရေးနေ့နှင့်အညီ TikTok လူမှုအသိုင်းအဝိုင်းအဖွဲ့ဝင်များ၏ ဒစ်ဂျစ်တယ်ဆိုင်ရာအတွေ့အကြုံများ ပိုမိုကောင်းမွန်လာစေရန်အတွက် TikTok မှ ထပ်မံကတိပြုအပ်ပါသည်။ ထို့အပြင် တာဝန်ယူမှုရှိသော ကြည့်ရှုချိန် စီမံခန့်ခွဲမှုကို ကောင်းမွန်ပိုင်နိုင်စွာ အသုံးပြုပြီး အပြုသဘောဆောင်သော ဒစ်ဂျစ်တယ်အလေ့အထများကို ပြုစုပျိုးထောင်ခြင်းအားဖြင့် မြန်မာနိုင်ငံနှင့် အခြားနိုင်ငံများတွင် ပိုမိုကျန်းမာသော အွန်လိုင်းဂေဟစနစ်တစ်ခုကို ပံ့ပိုးတည်ဆောက်သွား TikTok မှဆက်လက်ကြိုးပမ်းလျက်ရှိပါသည်။