စာရေးသူ: Tracy Elizabeth, Global Minor Safety Policy Lead, TikTok

နေ့စဉ်နှင့်အမျှ နေရာပေါင်းစုံမှ ဖန်တီးသူများသည် TikTok ကို အသုံးပြု၍ ကမ္ဘာလုံးဆိုင်ရာအသိုင်းအဝိုင်းနှင့် ဆက်သွယ်ပြီး ကမ္ဘာတစ်ဝန်းရှိ သန်းပေါင်း ရာနှင့် ချီသော ကြည့်ရှုသူများအတွက် ပျော်ရွှင်မှုများ ဖန်တီးပေးကြသည်။ TikTok သည်သက်ကြီးရွယ်အိုများအနေဖြင့် COVID-19 ကာကွယ်ဆေးကို ခံယူပြီးနောက် သူငယ်ချင်း၊ မိသားစုများနှင့် ပြန်လည်ဆုံစည်းသည့် အခိုက်အတန့်များ၊ မိဘများ၏ အကောင်းဆုံး အကြံပြုချက်များ (#momhack သည် ကြည့်ရှုမှုအရေအတွက် 1.8B အထိရှိသည်) စသည့်အကြောင်းအရာများကို ဖန်းတီးပြသနိုင်သည့် မတူကွဲပြားသော လူမှုအသိုင်းအဝိုင်းများအတွက် တီထွင်ဖန်တီးမှုနှင့် ဖျော်ဖြေမှုများကို ခံစားနိုင်ရန် အကောင်းဆုံးနေရာဖြစ်သည်။

ထို့ကြောင့် TikTok ရှိ ထောင်ပေါင်းများစွာသော ဘေးကင်းလုံခြုံရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များသည် ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းကို ဘေးကင်းလုံခြုံစေရန် အရေးကြီးသော အလုပ်တာဝန်များကို နေ့စဉ်နှင့်အမျှ ဆောင်ရွက်လျက်ရှိသည်။ ဤလုပ်ငန်း၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အသက်ပြည့်သူများသာ TikTok အကောင့်ရှိစေရန် ဗျူဟာများနှင့် နည်းပညာများကို ဒီဇိုင်းရေးဆွဲခြင်းတို့လည်း ပါဝင်သည်။ ယခု အကြောင်းအရာတွင် TikTok သည် အသက် ၁၃ နှစ်နှင့် အထက် အသုံးပြုသူများသာ အသုံးပြုနိုင်သည့် ပလက်ဖောင်းတစ်ခုဖြစ်စေရန်နှင့် ပလက်ဖောင်းပေါ်တွင် မှားယွင်းအကောင့်ဖွင့်ထားသူများကို ခွဲခြားသတ်မှတ်ရန် TikTok မှ လုပ်ဆောင်ထားပုံများကို ပိုမိုရှင်းလင်း ဖော်ပြပေးသွားမည်ဖြစ်သည်။

အသက်မပြည့်သေးသူများ အကောင့်ဖွင့်ခြင်းကို တားဆီးခြင်း

TikTok သည် App Store တွင် အသက် ၁၂ နှစ်နှင့် အထက် အဆင့်သတ်မှတ်ချက်ရှိသည်။ ထိုအကြောင်းအရာသည် မိဘများမှ ၎င်းတို့၏ ဆယ်ကျော်သက်အရွယ်များ App ကို Download လုပ်ခြင်းမှ တားဆီးရန် Device-level ထိန်းချုပ်မှုများကို ပြုလုပ်နိုင်သည်။ လူများကို TikTok ကို အသုံးပြုရန် အသက်မပြည့်သေးပါက ကျွန်ုပ်တို့သည် ကြားနေ လုပ်ငန်းစံနှုန်းသတ်မှတ်ချက်ဖြစ်သည့် Age-gate စနစ်ကို ဒီဇိုင်းဆွဲထားပြီး ၎င်းသည် စာရင်းသွင်းသူများ အကောင့်သစ်ဖွင့်ရာတွင် ကြိုတင်ဒီဇိုင်းဆွဲထားသည့် အနိမ့်ဆုံးအသက်အရွယ် သတ်မှတ်ချက်ကို နှိပ်ရုံဖြင့် မရတော့ဘဲ ၎င်း၏ မွေးသက္ကရာဇ်ကိုဖြည့်မှသာ အကောင့်သစ်ဖွင့်နိုင်မည်ဖြစ်သည်။ တစ်စုံတစ်ဦးမှ ကျွန်ုပ်တို့၏ အနိမ့်ဆုံးအသက်အရွယ် သတ်မှတ်ချက်နှင့် မကိုက်ညီပါက ထိုသူအား ကွဲပြားခြားနားသော မွေးသက္ကရာဇ်ကို အသုံးပြု၍ အကောင့်တစ်ခု ပြန်လည်ဖန်တီးခြင်းကိုလည်း တားမြစ်ထားမည်ဖြစ်သည်။ 

မသင်္ကာဖွယ် အသက်မပြည့်သေးသော အကောင့်များကို ဖယ်ရှားခြင်း

လူအများစုသည် ၎င်းတို့၏ အသက်အရွယ်နှင့် ပတ်သက်၍ မှန်ကန်မှုရှိခြင်း၏ အရေးပါပုံကို နားလည်သော်လည်း အချို့မှာ မှန်ကန်သော အချက်အလက်ကို မပေးဆောင်ကြပေ။ ၎င်းသည် အွန်လိုင်းဝန်ဆောင်မှုများစွာ ရင်ဆိုင်နေရသော အခက်အခဲတစ်ခုဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ အနိမ့်ဆုံး အသက်အရွယ် သတ်မှတ်ချက်များ ဖော်ဆောင်ရာတွင် ကျွန်ုပ်တို့၏ ကတိကဝတ်သည် Age-gate စနစ်တွင် အဆုံးသတ်သွားခြင်းမရှိဘဲ မသင်္ကာဖွယ်ရှိသည့် အသက်မပြည့်သေးသော အကောင့်ပိုင်ရှင်များကို ဖော်ထုတ်ဖယ်ရှားရန် ထပ်လောင်းနည်းလမ်းများစွာကို ကျွန်ုပ်တို့လုပ်ဆောင်လျက်ရှိသည်။ ပထမဦးစွာ ကျွန်ုပ်တို့သည် အသက် ၁၃ နှစ်အောက် ကလေးတစ်ဦးမှ အကောင့်တစ်ခုကို အသုံးပြုနေနိုင်သည့် လက္ခဏာများကို ကျွန်ုပ်တို့၏ ဘေးကင်းလုံခြုံရေးဆိုင်ရာ စိစစ်ရေးအဖွဲ့များမှ သတိပြုနိုင်ရန် လေ့ကျင့်ပေးထားသည်။ ထို့ပြင် ဖြစ်နိုင်ခြေရှိသော အသက်မပြည့်သေးသည့် အကောင့်များကို စိစစ်ဖော်ထုတ်နိုင်ရန် ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းမှ အသုံးပြုသူများမှ ပေးပို့ပေးသည့် အခြားအချက်အလက်များဖြစ်သည့် Keywords စကားလုံးများနှင့် App အတွင်း အစီရင်ခံစာများကိုလည်း အသုံးပြုသည်။ အကောင့်တစ်ခုကို အသက်မပြည့်သေးသူမှ အသုံးပြုနေသည်ဟု ကျွန်ုပ်တို့၏ လုံခြုံရေးအဖွဲ့မှ တွေ့ရှိပါက ထိုအကောင့်ကို ဆိုင်းငံ့သွားမည်ဖြစ်သည်။

ကျွန်ုပ်တို့၏ လုပ်ဆောင်ချက်များကို ပိုမိုပွင့်လင်းမြင်သာမှုရှိစေခြင်း

ကျွန်ုပ်တို့၏ နောက်ဆုံးထုတ်ဝေခဲ့သော ပွင့်လင်းမြင်သာမှုအစီရင်ခံစာတွင် မူဝါဒချိုးဖောက်သည့်အတွက် ဖယ်ရှားလိုက်သည့် အကောင့် အရေအတွက်ကို ဖော်ပြပေးထားသည်။ အရွယ်မရောက်သေးသူများကို ကာကွယ်သည့် ကျွန်ုပ်တို့လုပ်ဆောင်မှုများကို ပိုမိုမြင်သာစေရန် နောက်လာမည့် အစီရင်ခံစာမှစ၍ သံသယဖြစ်ဖွယ် အသက်မပြည့်သေးသည့် အကောင့်များ ဖယ်ရှားခြင်းနှင့် ပတ်သက်သည့် အလားတူ အချက်အလက်များကို စတင်ဖော်ပြသွားမည်ဖြစ်သည်။ အသုံးပြုသူဘေးကင်းရေးနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုအား လုပ်ငန်းနယ်ပယ်တွင် ရှေ့ဆောင်လမ်းညွှန်သည့်အနေဖြင့် အယူခံဝင်ပြီး ပြန်လည်ထည့်သွင်းထားသည့် အကြောင်းအရာပမာဏတို့ကို ဖော်ပြသည်အထိ အစီရင်ခံစာများတွင် ပါဝင်သော အချက်အလက်များကို ဆက်လက် တိုးချဲ့ဖော်ပြပေးခဲ့သည်။

အသက်အရွယ်တိုင်းနှင့် သင့်တော်သည့် ပတ်ဝန်းကျင်ကို ဖန်တီးခြင်း

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အသက်မပြည့်သေးသူများ အသုံးပြုခြင်းမှ ကာကွယ်ရန် ကျွန်ုပ်တို့သည် ဆယ်ကျော်သက်အရွယ်များဖြစ်သည့် ၁၃ မှ ၁၇ နှစ်အရွယ် အသုံးပြုသူများအတွက် ဘေးကင်းပြီး အသက်အရွယ်အလိုက် သင့်လျော်သော အတွေ့အကြုံကို ရရှိနိုင်ရန် ထိရောက်သော နည်းပညာများနှင့် မူဝါဒများကို မိတ်ဆက်ပေးထားသည်။ ဥပမာအားဖြင့်၊ ဆယ်ကျော်သက်လူငယ်များ TikTok ကို စတင် အသုံးပြုသည်ဆိုပါက ကျွန်ုပ်တို့သည် တိုက်ရိုက်စာတိုပေးပို့ခြင်းကဲ့သို့သော အချို့သော ဝန်ဆောင်မှုများသို့ ဝင်ရောက်ခွင့်ကို ကန့်သတ်ထားပြီး အသက် ၁၃ မှ ၁၅ နှစ်အရွယ် အသုံးပြုသူများ၏ အကောင့်များကို Private အကောင့်အဖြစ် အလိုအလျောက် သတ်မှတ်ပေးသည့် စနစ်ကို ထည့်သွင်းပေးထားသည်။ ထိုလုပ်ဆောင်ချက်များသည် ဆယ်ကျော်သက်အရွယ်လူငယ်များမှ ၎င်းတို့၏ အွန်လိုင်းတည်ရှိမှုကို စတင်တည်ဆောက်စဉ် လူမှုအသိုင်းအဝိုင်း၏ ငယ်ရွယ်သော အဖွဲ့ဝင်များအဖြစ် ထိုသူတို့ကို ကာကွယ်ရန်အတွက် ကျွန်ုပ်တို့ လုပ်ဆောင်ခဲ့သော အစီစဉ်တကျ ပြုလုပ်ထားသည့် ဆုံးဖြတ်ချက်များဖြစ်သည်။ ထို့ပြင် မိဘများကို ဒစ်ဂျစ်တယ်လုံခြုံရေးနှင့် ပတ်သက်၍ ပိုမိုသိရှိနားလည်စေရန်နှင့် ၎င်းတို့၏ မိသားစုအတွက် သက်သောင့်သက်သာအရှိဆုံး အတွေ့အကြုံကို ဆုံးဖြတ်ပေးနိုင်ရာတွင် ကူညီထောက်ပံ့ပေးနိုင်မည့် အရင်းအမြစ်များဖြစ်သည့် Family Pairing ဝန်ဆောင်မှုများကိုလည်း မိတ်ဆက်ထားပြီးဖြစ်သည်။

ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းကို ကာကွယ်ရမည့် တာဝန်ကို ကျွန်ုပ်တို့ လေးနက်စွာ ခံယူထားသည်။ ၎င်းသည် ကျွန်ုပ်တို့ လုပ်ဆောင်ရမည့် အရေးကြီးဆုံး လုပ်ငန်းတာဝန်ဖြစ်ပြီး ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းကို လုံခြုံစေရန်အတွက် အခြားနည်းလမ်းသစ်များကို ကျွန်ုပ်တို့ ဆက်လက်ဆန်းသစ်တီထွင်နေမည်ဖြစ်သည်။ အနာဂတ်တွင်လည်း ကျွန်ုပ်တို့၏ လုပ်ဆောင်ချက်များအကြောင်း ပိုမိုမျှဝေပေးသွားရန် မျှော်လင့်ထားသည်။ ကျွန်ုပ်တို့၏ ဆယ်ကျော်သက်အရွယ်များနှင့် မိသားစုများအတွက် ဘေးကင်းရေးဝန်ဆောင်မှုများနှင့် အရင်းအမြစ်များအကြောင်းကို ကျွန်ုပ်တို့၏ Safety Centre တွင် ပိုမိုလေ့လာနိုင်ပါသည်။