• သုံးနှစ်စာ ရင်းနှီးမြုပ်နှံထားသည့်အတွက် ဒေသတွင်းရှိ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းပေါင်း (SMBs) ၁၂၀,၀၀၀ ကျော်ကို အကျိုးပြုသွားမည်ဖြစ်သည်။
  • ဒေသဆိုင်ရာ စစ်တမ်းပြုစုမှု အသစ်တစ်ခုတွင် SMB များသည် ၎င်းတို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို TikTok မှ တစ်ဆင့် ရောင်းချခြင်းဖြင့် ဝင်ငွေ ၅၀ ရာခိုင်နှုန်း နီးပါး တိုးတက်လာကြောင်း ဖော်ပြခဲ့သည်။
  • အရှေ့တောင်အာရှတစ်ဝန်းတွင် လူပေါင်း ၃၂၅ သန်းကျော်သည် TikTok ကို လစဉ် အသုံးပြုလျက်ရှိပြီး လုပ်ငန်းပေါင်း ၁၅ သန်းသည် TikTok ကို အသုံးပြုလျက်သည်။ ([1])



၅၊ ဇွန်၊ ၂၀၂၃၊ ရန်ကုန်၊ မြန်မာ ။ ။ TikTok မှ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းပေါင်း ၁၂၀,၀၀၀ ကျော်ကို အွန်လိုင်းစီးပွားရေး အသွင် ကူးပြောင်းရန်နှင့် ဒီဂျစ်တယ် စီးပွားရေးတွင် ပါဝင်လာနိုင်ရန်အတွက် ရည်ရွယ်ပြီး ရင်းနှီးမြှုပ်နှံမှုအသစ် ပြုလုပ်လိုက်ကြောင်းကို ယနေ့ ကြေညာခဲ့သည်။ အဆိုပါ အမေရိကန်ဒေါ်လာ ၁၂.၂ သန်းတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုတွင် ကျေးလက်နှင့် ဆင်ခြေဖုံးဒေသများရှိ အသေးစားစီးပွားရေးလုပ်ငန်းများအပါအဝင် SMB များအတွက် ငွေသားဖြင့် ထောက်ပံ့မှု၊ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဆိုင်ရာသင်တန်းနှင့် Advertising Credit များ ပါဝင်သည်။

TikTok သည် စီးပွားရေးလုပ်ငန်းများနှင့် အကြောင်းအရာ ဖန်တီးသူများ (Creators) အတွက် တန်ဖိုးရှိသော Platform တစ်ခု ဖြစ်သည့်အတွက် ဤရင်းနှီးမြှုပ်နှံမှုကို ဖော်ဆောင်ရခြင်းဖြစ်သည်။ The TikTok Effect: Accelerating Southeast Asia's Businesses, Education and Community Report([2]) အရ SMB များသည် ၎င်းတို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို TikTok တွင် ရောင်းချခြင်းဖြင့် ၎င်းတို့၏ ဝင်ငွေ ၅၀ ရာခိုင်နှုန်းနီးပါး တိုးတက်လာပြီး လုပ်ငန်းငါးခုတွင် လေးခုနီးပါး (၇၉ ရာခိုင်နှုန်း) သည် Platform ကို အသုံးပြု၍ Offline မှ Online Marketing Channel များသို့ အသွင်ကူးပြောင်းခဲ့သည်။ ထို့အပြင် TikTok အကြောင်းအရာ ဖန်တီးသူ ၈၀ ရာခိုင်နှုန်းကျော်သည် TikTok LIVE နှင့် Brand Sponsorship စသည့် နည်းလမ်းများဖြင့် ၎င်းတို့၏ ၀င်ငွေကို တိုးမြှင့်နိုင်ခဲ့သည်။

TikTok အမှုဆောင်အရာရှိချုပ် Shou Chew က "အရှေ့တောင်အာရှတစ်ဝန်းမှာ လစဉ် TikTok ကို လူပေါင်း ၃၂၅ သန်းကျော် အသုံးပြုကြပြီး လုပ်ငန်းပေါင်း ၁၅ သန်းက ဒီ Platform ကိုပဲ အသုံးပြုကြပါတယ်။ စီးပွားရေးအခွင့်အလမ်းတွေ၊ ပညာရေးနဲ့ လူမှုအသိုင်းအဝိုင်း တည်ဆောက်ရေးအပိုင်းတွေကို ဒေသတွင်းနဲ့ ကမ္ဘာတစ်ဝန်း တိုးချဲ့ဖန်တီးရာမှာ ကျွန်တော်တို့ ပါဝင်ခဲ့တဲ့ အခန်းကဏ္ဍက တကယ်ပဲ ကြီးမားပါတယ်။ TikTok ရဲ့ အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေကို မြင်တွေ့ရတဲ့အတွက် စိတ်လှုပ်ရှားနေပြီး လူတစ်ဦးချင်း၊ လူမှုအသိုင်းအဝိုင်းနဲ့ လုပ်ငန်းတွေကို ကြီးထွားပြီး တိုးတက်အောင် ကူညီပေးတဲ့ အစီအစဥ်တွေကို ဆက်လက်လုပ်ဆောင်သွားဖို့ ကတိကဝတ်ပြုထားပါတယ်” ဟု ပြောကြားခဲ့သည်။

TikTok ၏ အရှေ့တောင်အာရှဆိုင်ရာ ကတိကဝတ်

Support Localအစီအစဥ် - စီးပွားရေးအခွင့်အလမ်းများကို ဖွင့်လှစ်ခြင်း။

ဤ "Support Local" အစီအစဉ်သည် လူမှုကူးသန်းရောင်းဝယ်ရေးပိုင်းတွင် ရင်းနှီးကျွမ်းဝင်မှု မရှိသေးသည့် ကျေးလက်ဒေသဆိုင်ရာ Micro နှင့် အသေးစား စီးပွားရေးလုပ်ငန်းများကို လာမည့်သုံးနှစ်အတွင်းတွင် ပံ့ပိုးမြှင့်တင်ပေးရန် ရည်ရွယ်သည်။ အဆိုပါ အစီအစဉ်သည် အရှေ့တောင်အာရှတစ်ဝန်းရှိ အစိုးရအေဂျင်စီပေါင်း ၂၅ ခုအပြင် NGO အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်း၍ စီးပွားရေးလုပ်ငန်းများကို ငွေသားထောက်ပံ့မှု၊ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းနှင့် Advertising Credit များမှ တစ်ဆင့် Digital Consumer အသစ်များထံသို့ လက်လှမ်းမီနိုင်ရန် အခွင့်အရေးဖန်တီးပေးသွားမည်ဖြစ်သည်။

ထို့အပြင် TikTok သည် အင်ဒိုနီးရှားနိုင်ငံတွင် ခရီးသွားလာရေးနှင့် စီးပွားရေးဝန်ကြီးဌာန၊ Asosiasi Pusat Pengembangan Sumberdaya Wanita (PPSW)၊ Platform Usaha Sosial (PLUS)၊ Telkom တို့နှင့် ပူးပေါင်းကာ TikTok Jalin Nusantara ကို စတင်မိတ်ဆက်သွားမည်ဖြစ်သည်။ ယခု ပဏာမ ခြေလှမ်းအနေဖြင့် အရှေ့ Nusa Tenggara နှင့် မြောက် Sumatra ရှိ ကျေးလက်ဒေသတွင်း ရွာကိုးရွာရှိ ရပ်ရွာစုရပ်များတွင် အင်တာနက်ချိတ်ဆက်မှုကို စတင်အကောင်အထည်ဖော်သွားမည်ဖြစ်သည်။ TikTok Jalin Nusantara သည် ဒေသတွင်း ဒစ်ဂျစ်တယ်အခြေခံအုတ်မြစ်ကို အားကောင်းစေရန် ပံ့ပိုးသွားမည့်အပြင် အဆိုပါကျေးရွာများတွင် ခရီးသွားလုပ်ငန်းနှင့် စီးပွားရေး စုရပ် ၅ နေရာနှင့် Telkom Indigo Hubs ၅ နေရာရှိ ဗဟိုချက်နေရာများတွင်လည်း လေ့ကျင့်ရေး အစီအစဥ်များ ပေးအပ်သွားမည်ဖြစ်သည်။ ၎င်းအစီအစဥ်မှ တစ်ဆင့် ထိုလူမှုအသိုင်းအဝိုင်းအနေဖြင့် ဒစ်ဂျစ်တယ်စီးပွားရေးတွင် ပါဝင်လာနိုင်စေရန် ဒစ်ဂျစ်တယ်နှင့် ငွေကြေးတတ်မြောက်မှုဆိုင်ရာ သင်တန်းများနှင့် အကြောင်းအရာဖန်တီးမှု၊ E-commerce နှင့် Digital Marketing ကဲ့သို့သော မရှိမဖြစ် လိုအပ်သော ဒစ်ဂျစ်တယ်စွမ်းရည်များကို သင်ကြားပေးသွားမည်ဖြစ်သည်။

ပညာသင်ကြားခွင့် ပိုမိုရရှိရေးနှင့် မိမိကိုယ်မိမိ တိုးတက်စေမှု

အခွင့်အလမ်းသစ်များကို မိတ်ဆက်ပေးသည့် Platform တစ်ခုအနေဖြင့် TikTok သည် ရှာဖွေတွေ့ရှိမှုနှင့် သင်ယူလေ့လာမှုကို အားပေးလျက်ရှိသည်။ TikTok မှ တစ်ဆင့် လေ့လာသင်ယူမှုဆိုင်ရာ စစ်တမ်းကောက်ယူခဲ့ရာ ဖြေဆိုသူ ၁၀ ဦးတွင် ၉ ဦး (၉၀ ရာခိုင်နှုန်း) သည် အခြားနည်းလမ်းဖြင့် ရရှိရန် ခက်ခဲသည့် ကျွမ်းကျင်မှုအသစ်များကို TikTok မှ တစ်ဆင့် သင်ယူတတ်မြောက်ခဲ့ကြောင်းနှင့် စစ်တမ်းကောက်ယူသူ ငါးဦးတွင် ၃ ဦး (၆၁ ရာခိုင်နှုန်း) က TikTok သည် အွန်လိုင်း သင်ယူမှုကို ပိုမိုလွယ်ကူလာစေသည်ဟု ယုံကြည်ကြောင်း အသီးသီး ဖြေဆိုခဲ့ကြသည်။ ထို့ပြင် ပိုမိုထိရောက်စွာ ပံ့ပိုးကူညီနိုင်ရန်အတွက် TikTok မှ လူမှုစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့် Kid Kid၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့နှင့် ထိုင်းနိုင်ငံရှိ လူငယ်များအတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးမှုနှင့် လှုပ်ရှားမှုများ မြှင့်တင်ရန် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။ ၎င်းအစီအစဥ်တွင် အမှိုက်ခွဲခြားသတ်မှတ်စွန့်ပစ်ခြင်းနှင့် စွမ်းအင်သုံးစွဲမှု စသည့် ရေရှည်တည်တံ့သည့် လူနေမှုပုံစံ ရွေးချယ်မှုဆိုင်ရာ အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲများနှင့် ပြိုင်ပွဲများ ပါဝင်သည်။ ယင်းအစီအစဉ်သည် TikTok ၏ ရည်မှန်းချက်ဖြစ်သည့် ရာသီဥတုဆိုင်ရာ ပညာပေး အကြောင်းအရာ တိုးမြှင့်ဖန်တီးခြင်း၊ ၂၀၃၀ ပြည့်နှစ် မတိုင်မီ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ကာဗွန်သုံးစွဲမှု ထိရောက်စွာ လျှော့ချရေးတို့နှင့် တစ်သားတည်း ထပ်တူကျလျက်ရှိသည်။

ပံ့ပိုးကူညီမှုဆိုင်ရာနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူမှုအသိုင်းအဝိုင်းများ တည်ဆောက်ခြင်း

TikTok ပေါ်တွင် သင်ယူနိုင်သော ပညာရေးအခွင့်အလမ်းများအပြင် TikTok သည် မျိုးဆက်သစ် စွန့်ဦးတီထွင်လုပ်ငန်းရှင်များ အထူးသဖြင့် စီးပွားရေးအခွင့်အလမ်းများကို တန်းတူမရရှိနိုင်သော လူငယ်များအနေဖြင့် လက်လှမ်းမီနိုင်စေရန် ပံ့ပိုးသွားမည်ဖြစ်သည်။ အာဆီယံဖောင်ဒေးရှင်းနှင့် ပူးပေါင်း၍ Social Enterprise Development Programme အစီအစဉ်မှ တစ်ဆင့် စွမ်းရည်မြှင့်တင်ရေး၊ လမ်းညွှန်မှု၊ စျေးကွက်အတွက် ပံ့ပိုးကူညီမှုပေးသွားမည့်အပြင် အရှေ့တောင်အာရှတွင် UN Sustainable Development Goals များကို ဖော်ဆောင်ရန် ဒေသတွင်း လူငယ်ပိုင်း ဦးဆောင်သော လူမှုရေးလုပ်ငန်း အခု ၂၀ အတွက် မတည်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၂၀,၀၀၀ အထိ ပံ့ပိုးပေးသွားမည်ဖြစ်သည်။

ဒေသတွင်း ထူးချွန်သူများကို မြေတောင်မြှောက်ပေးခြင်း

TikTok သည် ဒေသတွင်း ထူးချွန်သူများ ဖွံ့ဖြိုးတိုးတက်အောင် အရှေ့တောင်အာရှတစ်ဝန်းတွင် ဝန်ထမ်းပေါင်း ၈,၀၀၀ နီးပါးဖြင့် ပံပိုးရင်းနှီးမြှုပ်နှံရန် ကတိကဝတ်ပြုထားသည်။ E-commerce လုပ်ငန်းအတွက် ထူးချွန်သူများ မွေးထုတ်ရန် ရည်ရွယ်ကာ ဒေသတွင်း TikTok Shop Graduate Development Programme နှင့် လူငယ် နည်းပညာထူးချွန်သူများ အခွင့်အလမ်းရရှိစေရန်အတွက် အထက်တန်းအဆင့် ကျောင်းသားများအတွက် Singapore ၏ TikTok Tech Immersion Technical Boot Camp အစီအစဥ်များလည်း ထားရှိထားသည်။

"ခြောက်နှစ်ကျော်အတွင်းမှာပဲ ပလက်ဖောင်းပေါ်မှာ အကြောင်းအရာဖန်တီးသူနဲ့ စီးပွားရေးလုပ်ငန်းနှစ်ခုလုံးအတွက် ဝင်ငွေရရှိနိုင်စေမဲ့ နည်းလမ်းအသစ်တွေကို ဖန်တီးပေးခဲ့ပါတယ်။ SMB တွေကို စားသုံးသူအသစ်တွေနဲ့ ချိတ်ဆက်နိုင်စေပြီး သူတို့ရဲ့ လုပ်ငန်းတွေကို ကြီးထွားစေမဲ့ TikTok Shop လိုမျိုး E-commerce ချန်နယ်တွေကို မိတ်ဆက်ပေးခဲ့ပါတယ်”ဟု TikTok မှ Southeast Asia ၏ Head of Public Policy တစ်ဦးဖြစ်သူ Teresa Tan က ပြောကြားခဲ့သည်။ “အရှေ့တောင်အာရှမှာရှိတဲ့ လူတစ်ဦးချင်းစီနဲ့ လူမှုအသိုင်းအဝိုင်းတွေအကြား ရှာဖွေတွေ့ရှိမှု၊ တိုးတက်မှုနဲ့ ချိတ်ဆက်မှုတွေ လုပ်ဆောင်ဖို့ လိုအပ်တဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို လှုံ့ဆော်ပေးပြီး ပျော်ရွှင်မှုကို ယူဆောင်လာဖို့ အမြဲအသင့်ရှိနေပါတယ်။ ဒီကနေ့ အသစ်မိတ်ဖွဲ့ထားတဲ့ မိတ်ဖက်တွေနဲ့ လုပ်ဆောင်သွားမဲ့ အစီအစဥ်တွေက တစ်ဆင့် ဒီဂျစ်တယ် အရင်းအမြစ်တွေနဲ့ အခွင့်အလမ်းတွေ နည်းပါးနေတဲ့ Micro နဲ့ အသေးစား စီးပွားရေးလုပ်ငန်းတွေအတွက် ပိုကျယ်ပြန့်တဲ့ အားစိုက်ထုတ်မှုတွေ မြင်တွေ့ရမှာပါ။ ဒေသတွင်းတစ်လျှောက် ရရှိခဲ့တဲ့ ပံ့ပိုးကူညီမှုတွေအတွက် ကျေးဇူးတင်မိသလို အားလုံးအတူပြောင်းလဲနိုင်မဲ့ အနာဂတ်အတွက် ကြိုပြီး စိတ်လှုပ်ရှားနေပါပြီ” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

အစီရင်ခံစာအတွက် နောက်ထပ်အချက်အလက်များအတွက် ဝဘ်ဆိုဒ်ကို ဤနေရာတွင် ဝင်ရောက်ကြည့်ရှုပါ။

TikTok အကြောင်း

TikTok သည် Short-form Mobile Video ရိုက်ကူးတင်ဆက်ရာ၌ ထိပ်တန်း ပလက်ဖောင်းတစ်ခုဖြစ်သည်။ TikTok ၏ ရည်မှန်းချက်မှာ တီထွင်ဖန်တီးနိုင်စွမ်းကို လှုံ့ဆော်ရန်နှင့် ပျော်ရွှင်မှုကို ယူဆောင်လာရန်ဖြစ်သည်။

TikTok ၏ နိုင်ငံတကာရုံးချုပ်များသည် Los Angeles နှင့် Singapore တွင် တည်ရှိပြီး ရုံးခန်းအနေဖြင့် New York၊ London၊ Dublin၊ Paris၊ Berlin၊ Dubai၊ Jakarta၊ Seoul နှင့် Tokyo တို့တွင် ဖွင့်လှစ်ထားရှိသည်။

Footnote

  1. ၂၀၂၃ ခုနှစ် ဧပြီလ စစ်တမ်း အချက်အလက်အရ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်တို့မှ ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းများ ပါဝင်သည်။
  2. TikTok ကိုယ်စား Kadence International သည် SEA အနှံ့ TikTok ၏ အကျိုးသက်ရောက်မှုများကို လေ့လာရန် ဤစစ်တမ်းကို ပြုလုပ်ခဲ့သည်။ ၂၀၂၂ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း SEA စျေးကွက် ကိုးခုတွင် စစ်တမ်းကောက်ယူခဲ့ပြီး TikTok အသုံးပြုသူ ၃,၄၀၀ ကျော်နှင့် NGO အဖွဲ့အစည်း ၂၅ ခုတို့ ပါဝင်ခဲ့သည်။ စစ်တမ်းကောက်ယူရာတွင် Online စစ်တမ်းများနှင့် Offline အင်တာဗျူးနှစ်ခုစလုံး ပါဝင်အသုံးပြုထားသည်။