စာရေးသူ: Cormac Keenan, Head of Trust and Safety, TikTok

၂၀၂၂ ခုနှစ် ပထမ သုံးလပတ်အတွင်း ကျွန်ုပ်တို့၏ မူဝါဒ လမ်းညွှန်ချက်များကို ချိုးဖောက်သည့်အတွက် TikTok မှ ဖယ်ရှားလိုက်သော ဗီဒီယိုအကြောင်းအရာများနှင့် အကောင့်များ၏ ပမာဏနှင့် သဘောသဘာဝများအပေါ် လေ့လာတွေ့ရှိချက်များ ပါဝင်သည့် <<လူမှုအသိုင်းအဝိုင်း လမ်းညွှန်ချက်များဆိုင်ရာ ကြီးကြပ်မှု အစီရင်ခံစာ>>ကို ယနေ့ ထုတ်ပြန်လိုက်သည်။ ကျွန်ုပ်တို့ ကမ္ဘာ့လူမှု အသိုင်းအဝိုင်းတစ်ရပ်လုံးအတွက် TikTok ကို ဘေးကင်းလုံခြုံမှုရှိပြီး နွေးထွေးစွာ ကြိုဆိုလက်ခံသည့် ဖျော်ဖြေရေးဆိုင်ရာ ပလက်ဖောင်းအဖြစ် ဆက်လက်ထိန်းသိမ်းရာတွင် ကြိုးပမ်းအားထုတ်မှုများကို ပွင့်လင်းမြင်သာစေနိုင်မည့် ဤသုံးလပတ် အစီရင်ခံစာကို ပုံမှန် ထုတ်ပြန်လျက် ရှိသည်။

ယခု အစီအရင်ခံစာသည် ကျွန်ုပ်တို့၏ လုပ်ဆောင်ချက်များ၊ တိုးတက်မှုနှင့် ကြုံတွေ့ရသော စိန်ခေါ်မှုများအပေါ် ပွင့်လင်းမြင်သာမှု ပိုမိုရရှိလာစေရန်နှင့် ကျွန်ုပ်တို့ လူမှုအသိုင်းအဝိုင်းအပေါ် တာဝန်ခံမှုရရှိစေရန် တိုးမြှင့်ထည့်သွင်းထားသည်။ ဥပမာအားဖြင့် စည်းမျဥ်းချိုးဖောက်မှုကြောင့် ဖယ်ရှားခြင်းခံရသည့် ၈၀ ရာခိုင်နှုန်းခန့်ရှိသော ဗီဒီယိုပမာဏအများစု ပါဝင်သည့် လက်ရှိစျေးကွက် အခု ၃၀ ကို ပါဝင်ထည့်သွင်း အစီရင်ခံထားသည်။ Spam အကောင့် လုပ်ဆောင်ချက်နှင့် Engagement အတုအယောင်တို့ကို ဖော်ပြထားသည့် စာရင်းဇယားအသစ်ကိုလည်း ထပ်မံထည့်သွင်းထားသည်။ ထို့အပြင် ယခုအခါ ကျွန်ုပ်တို့သည် မူဝါဒခွဲများဖြင့် ဖယ်ရှားအရေးယူခြင်းကို ဆက်လက်ပိုင်းခြား လုပ်ဆောင်လျက်ရှိသည်။ ဥပမာအနေဖြင့် ကျွန်ုပ်တို့၏ အမုန်းတရားပြည့်ဝသော အပြုအမူများဆိုင်ရာ မူဝါဒအောက်ရှိ မူဝါဒခွဲ ၂ ခု ဖြစ်သည့် အမုန်းပွားစေသော အယူဝါဒများနှင့် စော်ကားတိုက်ခိုက်မှုများ၊ ဗန်းစကားဖြင့် ဆဲရေးတိုင်းထွာသည့် အပြောအဆိုများကို ကျူးလွန်သည့် ဗီဒီယို အကြောင်းအရာများ ဖယ်ရှားခံရမှု ပမာဏတို့အပြင် မူဝါဒခွဲများအောက်တွင် ကြိုတင်ဖယ်ရှားခြင်းခံရသည့် အကြောင်းအရာများ၊ ကြည့်ရှုသူ သုည ဖြစ်နေသော အကြောင်းအရာများ၊ ၂၄ နာရီမတိုင်မီအတ္ငင်း ဖယ်ရှားသည့် အကြောင်းအရာများကို ဖော်ပြသည့် ရာခိုင်နှုန်းများလည်း ပါဝင်အစီရင်ခံထားသည်။

သုတေသနပြုစုသူများ၊ ပညာရှင်များနှင့် အရပ်ဘက် အဖွဲ့အစည်းများအနေဖြင့် ပိုမို ခွဲခြမ်း စိတ်ဖြာလေ့လာနိုင်စေရန် ယခုတွေ့ရှိချက်များကို စက်ဖြင့် ဖတ်ရှုနိုင်သော Format များအဖြစ် ဒေါင်းလုပ်ဆွဲ ရယူနိုင်သည်။

ယူကရိန်းနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော စစ်ပွဲအရ ယခု အစီရင်ခံစာသည် TikTok ၏ မူဝါဒများကို ပိုမို ကြံ့ခိုင်လာစေရန်နှင့် ကျွန်ုပ်တို့ ပလက်ဖောင်းနှင့် လူမှုအသိုင်းအဝိုင်းကို ပိုမိုကောင်းမွန်စွာ ကာကွယ်ပေးနိုင်ရန်အတွက် TikTok ၏ ဆက်လက်ကြိုးပမ်းအားထုတ်မှုများကို ထပ်လောင်းအတည်ပြုပေးလျက်ရှိသည်။ ဤအစီရင်ခံစာတွင် ယူကရိန်းနိုင်ငံ စတင်ကျူးကျော်ခံရချိန်မှ စတင်ပြီး မတ်လကုန်အထိ ဖယ်ရှားခြင်းခံရသည့် အကြောင်းအရာ၊ အကောင့်များနှင့် ပတ်သက်သည့် အချက်အလက်များ ပါရှိသည့်အပြင် အချက်အလက် မှန် မမှန် စစ်ဆေးထားသော အကြောင်းအရာ၊ သတိပေးလိုက်သော အကြောင်းအရာများအပြင် အခြားအကြောင်းအရာအချက်အလက်များလည်း ပါဝင်အစီရင်ခံထားသည်။

ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်း လမ်းညွှန်ချက်များဆိုင်ရာ ကြီးကြပ်မှု အစီရင်ခံစာကို <<Transparency Center>> တွင် ဝင်ရောက်ဖတ်ရှုနိုင်သည်။