စာရေးသူ : Sandeep Grover, Head of Trust & Safety Product, & Mabel Wang, Head of Content and Creator Product, TikTok

ကျွန်ုပ်တို့၏ အသုံးပြုသူများအနေဖြင့် ကြည့်ရှုရန် အကြံပြုသည့် ဗီဒီယိုများသည် မိမိတို့နှင့် မသင့်လျော်တော့ဟု ခံစားရပါက ၎င်းတို့၏ For You feed ကို ပြန်လည်စတင် ဆန်းသစ်နိုင်စေမည့် လုပ်ဆောင်ချက်အသစ်ကို ယနေ့ မိတ်ဆက်ပေးလိုက်ပါသည်။ အသုံးပြုသူများအနေဖြင့် မိမိကိုယ်မိမိ လွတ်လပ်စွာ ဖော်ပြနိုင်စေရန်နှင့် ပျော်ရွှင်ဖွယ်ရာ ဗီဒီယို ကြည့်ရှုမှု အတွေ့အကြုံကို ညီတူမျှတူ ခံစားနိုင်ရန် ဆက်လက်လုပ်ဆောင်နေပြီး ထပ်ခါတလဲလဲ ဗီဒီယို အကြံပြုချက်များ မဖြစ်စေရန် ကျွန်ုပ်တို့၏ နောက်ထပ်တိုးတက်မှုဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကိုလည်း အသိပေးအကြောင်းကြားလိုပါသည်။

TikTok အသစ်တစ်ဖန် ပြန်လည်စတင်ကြည့်ရှုရန် ရွေးချယ်မှု

TikTok တွင် For You feeds သည် အသုံးပြုသူများကို အကြောင်းအရာ၊ ဖန်တီးသူများ၊ လူမှုအသိုင်းအဝိုင်းနှင့် ထုတ်ကုန်များ၏ ကွဲပြားခြားနားမှုကို ရှာဖွေတွေ့ရှိရန် ကူညီပေးပါသည်။

သို့သော် ကြည့်ရှုဖို့ ဗီဒီယိုအကြံပြုချက်များသည် မလျော်ညီတော့ဟု ခံစားရသောအခါ သို့မဟုတ် ခေါင်းစဥ်အရမ်းစုံလင်အောင် အကြံပြုပြီးသွားချိန်တွေလည်း ရှိတတ်ကြောင်း ကျွန်ုပ်တို့ နားလည်ပါသည်။ ထို့ကြောင့် ၎င်းအကြံပြုချက်များသည် သင့်အတွက်မဟုတ်တော့ဟု ခံစားရပါက For You feed အကြံပြုချက်များကို ပြန်လည်ဆန်းသစ်ရန် နည်းလမ်းတစ်ခုကို မိတ်ဆက်ပေးလိုက်ပါသည်။ ၎င်းလုပ်ဆောင်ချက်သည် TikTok တွင် အကောင့်ဖွင့်ထားသကဲ့သို့ For You feed တွင် အကြောင်းအရာများကို ကြည့်ရှုနိုင်စေမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ အကြံပြုချက်စနစ်သည် အသုံးပြုရှာဖွေသည့်အကြောင်းအရာသစ်များပေါ် မူတည်ပြီး နောက်ထပ်အကြောင်းအရာများကို စတင်ဖော်ပြသွားမည်ဖြစ်ပါမ

ဤလုပ်ဆောင်ချက်သည် ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်း၏ အတွေ့အကြုံကို ပုံသွင်းရန်အတွက် ဖန်တီးထားသည့် အကြောင်းအရာထိန်းညှိမှုများတွင် ပါဝင်ပါသည်။

ဥပမာအားဖြင့် အသုံးပြုသူများအနေဖြင့် ၎င်းတို့၏ For You feeds မှ သီးခြား hashtags သို့မဟုတ် စကားစုများကို အသုံးပြုသည့် ဗီဒီယိုများကို အလိုအလျောက် စစ်ထုတ်ဖယ်ရှားနိုင်ပြီး ဖန်တီးသူတစ်ဦးဦးထံမှ သို့မဟုတ် အသံတစ်ခုခုကို အသုံးပြုသည့် ဗီဒီယိုများကို ကျော်သွားရန် "စိတ်မဝင်စားပါ" ဟုပြန်လည်ရွေးချယ်နိုင်သည်။ ပြန်လည်ဆန်းသစ်ခြင်း လုပ်ဆောင်ချက်ကို ဆောင်ရွက်သည့်အခါတွင်လည်း မိမိ ရွေးချယ်ထားပြီးသော မည်သည့် Setting ကိုမှ အပြောင်းအလဲဖြစ်စေမည် မဟုတ်သလို မိမိ Follow ပြုလုပ်ထားသည့် Account များပေါ်တွင်လည်း အကျိုးသက်ရောက်မှုရှိမည် မဟုတ်ပါ။

ပျော်ရွှင်ဖွယ်ရာ ကြည့်ရှုမှု အတွေ့အကြုံပေးစွမ်းနိုင်ရန် လုပ်ဆောင်မှုများ

ကျွန်ုပ်တို့သည် ပျော်ရွှင်ဖွယ်ရာကောင်းသော ကြည့်ရှုခြင်းအတွေ့အကြုံကို ပေးစွမ်းရန် စဥ်ဆက်မပြတ်လုပ်ဆောင်နေပြီး ကျွန်ုပ်တို့၏ Platform ကို ဘေးကင်းလုံခြုံစေရန် နည်းလမ်းများစွာဖြင့် လုပ်ဆောင်လျက်ရှိပါသည်။

ကျွန်ုပ်တို့ အနေဖြင့် ထပ်ခါတလဲလဲ ခေါက်ရိုးကျိုးပုံစံများကို ကိုင်တွယ်ဖြေရှင်းပုံ

အကြံပြုချက်စနစ်တိုင်း၏ မပြောင်းလဲသော စိန်ခေါ်မှုတစ်ရပ်မှာ ကြည့်ရှုသူထံ ပြသသည့် အကြောင်းအရာသည် အကြိမ်ရေအလွန်နည်းခြင်း သို့မဟုတ် ထပ်ခါတလဲလဲ မဖြစ်စေရန် လုပ်ဆောင်ခြင်းပင်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ဤစိန်ခေါ်မှုအပေါ် အားစိုက်လုပ်ဆောင်လျက်ရှိပြီး ခေါင်းစဉ်အမျိုးမျိုး ရောနှောပါဝင်သော စနစ်တစ်ခုကို ဒီဇိုင်းဆွဲလျက်ရှိပါသည်။ ဥပမာအားဖြင့် တူညီသော အကြောင်းအရာဖန်တီးသူ၏ ဗီဒီယို ၂ခု ဆက်တိုက်ဖော်ပြခြင်းခံရမည် မဟုတ်သလို တူညီသော အသံအသုံးပြုထားသည့် ဗီဒီယိုများ ဆက်တိုက် အကြံပြုခံရမည်မဟုတ်ပါ။ ၎င်းနည်းလမ်းအားဖြင့် ကျွန်ုပ်တို့သည် အသုံးပြုသူများမြင်တွေ့ပြီးသား အကြောင်းအရာကို ထပ်ခါတလဲလဲဖော်ပြခြင်းမရှိရန် လုပ်ဆောင်လျက်ရှိပါသည်။

ဒါအပြင် ကျွန်ုပ်တို့၏ မူဝါဒများကို မချိုးဖောက်သည့် အချို့အကြောင်းအရာများကိုလည်း အလေးထား၍ ကန့်သတ်ထားမှုများရှိပါသည်။ အထူးသဖြင့် ဝမ်းနည်းမှု၊ ပြင်းထန်သော လေ့ကျင့်ခန်း သို့မဟုတ် အစားအသောက်စားခြင်း သို့မဟုတ် လိင်ပိုင်းဆိုင်ရာ နှိုးဆော်မှုဖြစ်စေသော အကြောင်းအရာများနှင့် ပတ်သက်လာသောအခါတွင် ထပ်ခါတလဲလဲကြည့်ရှုပါက ကြည့်ရှုမှုအတွေ့အကြုံအပေါ် သက်ရောက်မှုရှိနိုင်ပါသည်။

လူများသည် TikTok တွင် စိတ်ဓာတ်ကျနေချိန် သို့မဟုတ် ခက်ခဲသော ဘဝအတွေ့အကြုံကို ဖြတ်သန်းနေရချိန် စသည်တို့ကို နည်းအမျိုးမျိုးဖြင့် ဖော်ပြလျက်ရှိသည်ကို နားလည်ပါသည်။ ၎င်းအရာကို ပိတ်ပင်လိုက်ခြင်းသည် တစ်ကိုယ်တည်း အထီးကျန်မှုနှင့် ရှုတ်ချခြင်းနှင့် ပတ်သက်သည့် ခံစားချက်ကို ပိုမို ခံစားရစေနိုင်ပြီး အခြားသူများ၏ ခက်ခဲသော ခံစားချက်များကို မည်သို့ရင်ဆိုင်ဖြေရှင်းနိုင်သည်ကို လူတို့အား သိမြင်စေခြင်းသည် အထူးသဖြင့် ဆယ်ကျော်သက်များအတွက် အကျိုးရှိနိုင်ကြောင်း ကျွမ်းကျင်သူများထံမှ လေ့လာသိရှိရပါသည်။ ဤအချက်ကို အခြေခံထားပြီး ကျွန်ုပ်တို့အနေဖြင့် မိမိကိုယ်ကို ထိခိုက်ဒဏ်ရာရစေမှုကို အားပေးအားမြှောက်ပြုသည့် သို့မဟုတ် ဂုဏ်ယူစရာတစ်ခုဟု အထင်အမြင် လွဲစေနိုင်သော အကြောင်းအရာ သို့မဟုတ် ကျွန်ုပ်တို့၏ အခြားမူဝါဒများကို မလိုက်နာသည့် အကြောင်းအရာများ ကို ကန့်သတ်ဖယ်ရှားသည့်အပြင် သတ်မှတ်ချက် ပြည့်မီသည့် ပညာပေး သို့မဟုတ် ပြန်လည်တည်ထောင်ရေးဆိုင်ရာ အကြောင်းအရာကို ကြည့်ရှုရန် အကြံပြုသည့် အကြိမ်အရေအတွက်ကို အဆင်ပြေစေရန် ချဥ်းကပ် လုပ်ဆောင်လျက်ရှိပါသည်။

ကျွန်ုပ်တို့၏ စနစ်များသည် သတ်မှတ်ချက် ပြည့်မီသော ကြည့်ရှုရန် အကြံပေးသည့် ဗီဒီယိုများတွင် ဝမ်းနည်းမှု သို့မဟုတ် အလွန်အကျွံ အစာရှောင်ခြင်း ကဲ့သို့သော အကြောင်းအရာများကို ထပ်တလဲလဲ ရှာဖွေကာ ကန့်သတ်ပေးလျက်ရှိပါသည်။ ဤအကြောင်းအရာများ ပါဝင်သော ဗီဒီယိုအများအပြားကို ဖော်ထုတ်တွေ့ရှိပါက ယင်းအကြံပြုချက်များ၏ အကြိမ်ရေကို လျှော့ချပြီး ပိုမိုကွဲပြားသော ရှာဖွေတွေ့ရှိမှုအတွေ့အကြုံကို ပေးစွမ်းရန်အတွက် အခြားအကြောင်းအရာများ ပါဝင်သည့် ဗီဒီယိုများဖြင့် အစားထိုးသွားမည်ဖြစ်ပါသည်။ ၎င်းလုပ်ဆောင်ချက်ကို ဆက်လက်လုပ်ဆောင်လျက်ရှိပြီး မနှစ်ထဲတွင်ပင် ထိုစနစ်များကို ပိုမိုကောင်းမွန်လာစေရန်အတွက် Update ၁၅ ခုကျော်ကို လုပ်ဆောင်ထည့်သွင်းခဲ့ပြီး ဘာသာစကားများ ပိုမိုပံ့ပိုးနိုင်စေရန်လည်း တိုးချဲ့လုပ်ဆောင်ခဲ့ပါသည်။

ကျွန်ုပ်တို့၏ ယုံကြည်မှုနှင့် ဘေးကင်းလုံခြုံမှုဆိုင်ရာ အဖွဲ့နှင့် ထုတ်ကုန်ရေးရာ အဖွဲ့များသည် မိတ်ဖက်အဖွဲ့များ၊ ပညာရပ်ဆိုင်ရာ စာပေတတ်ကျွမ်းသူများနှင့် International Association for Suicide Prevention ကဲ့သို့သော ကျွမ်းကျင်သူများနှင့် တိုင်ပင်ဆွေးနွေးခြင်းဖြင့် ဤလုပ်ငန်းစဥ်ကို ဆက်လက်ဖော်ဆောင်လျက်ရှိပါသည်။ ပြည့်ဝသော ရှာဖွေတွေ့ရှိမှုအတွေ့အကြုံကို ခံစားရရှိစေရန် ကွဲပြားသော အကြောင်းအရာများကို ကြည့်ရှုရန် ကြိုးစား အကြံပြုခြင်းဖြင့် ယခုလုပ်ငန်းစဥ်ကို ဆက်လက်လုပ်ဆောင်သွားပါမည်။ ကျွန်ုပ်တို့သည် မိမိကိုယ်ကို ထုတ်ဖော်ပြောခြင်းကို ကြိုဆိုမည့်နေရာနှင့် ကျွန်ုပ်တို့၏ အသိုင်းအဝိုင်းအတွက် ပျော်ရွှင်ဖွယ်ကောင်းသော ပတ်ဝန်းကျင်ကို တည်ဆောက်ပေးရန်အတွက် သန္နိဋ္ဌာန်ချ ကြိုးစားဖော်ဆောင်သွားမည်ဖြစ်ပါသည်။