စာရေးသူ : Julie de Bailliencourt, Global Head of Product Policy, TikTok

ယနေ့တွင် ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်း လမ်းညွှန်ချက်များကို ပြန်လည်ဆန်းသစ်ထားပြီ ဖြစ်ပါသည်။ ဤသည်မှာ TikTok လူမှုအသိုင်းအဝိုင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ခြင်းအတွက် စည်းမျဉ်းများနှင့် စံနှုန်းများဖြစ်ပြီး ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်း၌ ယခုအခါ အမေရိကန်တွင် လူသန်းပေါင်း ၁၅၀ ကျော်နှင့် ကမ္ဘာတစ်ဝန်းတွင် ၁ ဘီလီယံကျော် အထိ ပါဝင်လာပြီဖြစ်ပါသည်။ ဤစည်းမျဉ်းများသည် ကျွန်ုပ်တို့၏ ပလက်ဖောင်းပေါ်ရှိ လူတိုင်းနှင့် သက်ဆိုင်ပါသည်။

ယင်း၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ကျွန်ုပ်တို့သည် TikTok တွင် ဘေးကင်းလုံခြုံမှုရှိစေရန်နှင့် ကျွန်ုပ်တို့လုပ်ဆောင်ပုံနှင့် ပတ်သက်သည့် TikTok ၏ ဆုံးဖြတ်ချက်များကို လူများနားလည်သဘောပေါက်ကာ ယုံကြည်မှုတည်ဆောက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် ပထမဆုံးအကြိမ်အဖြစ် ကျွန်ုပ်တို့သည် TikTok ၏ လူမှုအသိုင်းအဝိုင်း အခြေခံမူဝါဒစည်းမျဥ်းများကို မျှဝေထားပါသည်။ ဤအခြေခံမူများသည် လူ့အခွင့်အရေးကို ထိန်းသိမ်းသွားမည့် ကျွန်ုပ်တို့၏ ကတိကဝတ်များအပေါ် အခြေခံထားသည့်အပြင် နိုင်ငံတကာ ဥပဒေစည်းမျဥ်းဘောင်များနှင့်လည်း ကိုက်ညီပါသည်။ ဤအခြေခံမူများသည် ကျွန်ုပ်တို့၏ လုပ်ဆောင်မှုများတွင် တရားမျှတမှုရှိစေရန်၊ လူ့ဂုဏ်သိက္ခာကို ကာကွယ်ရန်၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် ထိခိုက်နစ်နာမှုများကို ထိန်းသိမ်းတားမြစ်ရာတွင် မျှတမှုရှိရန် ကြိုးပမ်းနိုင်စေရေးအတွက် ကျွန်ုပ်တို့၏ ဆုံးဖြတ်ချက်များကို လမ်းညွှန်ပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်း လမ်းညွှန်ချက်များကို ပြည့်စုံစွာ Update များပြုလုပ်နိုင်ရန်အတွက် TikTok ၏ US Content Advisory Council နှင့် TikTok ၏ လူမှုအသိုင်းအဝိုင်းအဖွဲ့ဝင်များအပါအဝင် ကမ္ဘာတစ်ဝန်းရှိ အဖွဲ့အစည်း ၁၀၀ ကျော်နှင့် အတူတကွ တိုင်ပင်ဆွေးနွေးခဲ့ကြပါသည်။ ထိုကဲ့သို့ ပါဝင်ဆွေးနွေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ စည်းမျဉ်းမူဝါဒများကို ပိုမိုခိုင်ခံ့လာစေပြီး ခြိမ်းခြောက်မှု ပုံစံအသစ်များနှင့် ဖြစ်နိုင်ခြေရှိသော အန္တရာယ်များကို တုံ့ပြန်ရန် အထောက်အကူပြုခဲ့ပါသည်။ ဤတွင် ပြောင်းလဲသတ်မှတ်ထားသည့်အချက်တစ်ချို့မှာ


  • AI နည်းပညာဖြင့် ဖန်တီးထားသော သို့မဟုတ် ပြုပြင်ထားသော အကြောင်းအရာဖြစ်သည့် အတုအယောင် မီဒီယာကို ကိုင်တွယ်ရန်အတွက် ကျွန်ုပ်တို့၏ စည်းမျဉ်းမူဝါဒများကို မြှင့်တင်ခြင်း
  • ကျွန်ုပ်တို့၏ ရန်လိုအမုန်းပွားစေသော စကားနှင့် အပြုအမူဆိုင်ရာ မူဝါဒများတွင် 'မျိုးနွယ်စု' ဟူသော စကားလုံးကို ထိန်းသိမ်းကာကွယ်ရန် ထည့်သွင်းခြင်း
  • အစိုးရ၊ နိုင်ငံရေးသမားနှင့် နိုင်ငံရေး ပါတီအကောင့်များသို့ ကျွန်ုပ်တို့၏ ချဉ်းကပ်လုပ်ဆောင်မှုအပါအဝင် လူထုနှင့် ရွေးကောက်ပွဲဆိုင်ရာ ဂုဏ်သိက္ခာကို ကာကွယ်ရန် ကျွန်ုပ်တို့၏ လုပ်ဆောင်မှုအကြောင်း အသေးစိတ်အချက်အလက်များပြင်ဆင်ခြင်း


လူမှုအသိုင်းအဝိုင်းဆိုင်ရာ လမ်းညွှန်ချက်အသစ်သည် ဧပြီလ ၂၁ ရက်နေ့မှ စတင် အသက်ဝင်မည်ဖြစ်သည်။ မကြာမီ လများအတွင်း ကျွန်ုပ်တို့သည် ၎င်းပြင်ဆင်ထားသော စည်းမျဉ်းများနှင့် စံနှုန်းများကို စတင်ကျင့်သုံးသည်နှင့်အမျှ TikTok ၏ ကြီးကြပ်ပေးမည့်သူများကို အသိပညာပေးမြှင့်တင်ရေး သင်တန်းပေးကာ ထိထိရောက်ရောက် အထောက်အပံ့ပေးနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

ကျွန်ုပ်တို့အနေဖြင့် ကြားသိရသည့် အကြံပြုချက်များကို အခြေခံ၍ အကြောင်းအရာဖန်တီးသူများမှ သုတေသနရှာဖွေသူများအထိ မိမိတို့ လိုအပ်သည့် အကြောင်းအရာများကို ရှာဖွေနိုင်ရန်အတွက် ကျွန်ုပ်တို့၏ စည်းမျဥ်းမူဝါဒများနှင့် စံနှုန်းအကြောင်းအရာများအားလုံးကို တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်း ထားရှိထားပြီဖြစ်ပါသည်။ ကျွန်ုပ်တို့သည် TikTok ၏ စည်းမျဉ်းမူဝါဒများကို အကြောင်းအရာနယ်ပယ်အသီးသီးပေါ်မူတည်၍ ကွဲပြားသော အကြောင်းအရာများအဖြစ် ဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်ထားပြီးဖြစ်ပါသည်၊ ၎င်းတို့တစ်ခုစီအတွက် (ဥပမာ၊ အပြုအမူဆိုင်ရာနှင့် စိတ်ကျန်းမာရေးဆိုင်ရာ အကြောင်းအရာ) ကျွန်ုပ်တို့အနေဖြင့် ခွင့်ပြုထားခြင်း မရှိသော လုပ်ဆောင်ချက်များကို အတိုချုံးရှင်းပြထားပြီး ၎င်းအဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့် ကျွန်ုပ်တို့ အရေးယူမည့် လုပ်ဆောင်ချက်ဆိုင်ရာ အတိုင်းအတာများကို အသေးစိတ်ရှင်းပြသွားပါမည်။ ကျွန်ုပ်တို့အနေဖြင့် ဘက်လိုက်မှု မရှိသော မျှတမှု ဆီသို့ ချဉ်းကပ်လုပ်ဆောင်မှုဆိုင်ရာ မဏ္ဍိုင်လေးရပ်ကိုလည်း ချမှတ်ထားပါသည်။


  1. စည်းမျဥ်း ချိုးဖောက်သည့် အကြောင်းအရာကို ဖယ်ရှားခြင်း
  2. အသက်အရွယ်ကန့်သတ်ထားသည့် အကြောင်းအရာများကို အရွယ်ရောက်ပြီးသူများ (၁၈ နှစ်နှင့်အထက်) များသာ ကြည့်ရှုနိုင်ခြင်း (သတိပေးချက်အနေဖြင့် ၎င်း ဗီဒီယိုအကြောင်းအရာသည် ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းလမ်းညွှန်ချက်များကို ဆက်လက်လိုက်နာလျက်ရှိသည့် အကောင်းအရာ ဖြစ်ရပါမည်)
  3. ကြည့်ရှုသူများစွာအတွက် မသင့်လျော်သော အကြောင်းအရာများကို For You feed တွင် အကြံပြုရန်အတွက် အရည်အချင်း မပြည့်မီသော အကြောင်းအရာအဖြစ် သတ်မှတ်ခြင်း
  4. ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းနေဖြင့် ၎င်းတို့၏ သုံးစွဲမှု အတွေ့အကြုံများကို ကိုယ်တိုင်ထိန်းချုပ်နိုင်စေရန် သတင်းအချက်အလက်ကိရိယာများနှင့် အရင်းအမြစ်များဖြင့် မြှင့်တင်ပေးခြင်း

ယနေ့ ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်း လမ်းညွှန်ချက်များဆိုင်ရာ Update သည် TikTok ၏ မြှင့်တင်မှုဆိုင်ရာ ဗျူဟာကိုလည်း ပိုမိုကျယ်ပြန့်လာစေပါသည်။


  • ယခုနှစ်အစောပိုင်းက ကျွန်ုပ်တို့၏ ပြင်ဆင်ထားသော Update ပေါ်မူတည်၍ ကျွန်ုပ်တို့၏ စည်းမျဉ်းမူဝါဒများကို ချိုးဖောက်သည့်အကောင့်များအပေါ် အရေးယူဆောင်ရွက်မှုဆိုင်ရာ လုပ်ဆောင်ချက် အချက်အလက်များကို မျှဝေခြင်းနှင့် TikTok ၏ စည်းမျဉ်းမူဝါဒများ သို့မဟုတ် ၎င်းပြဋ္ဌာန်းချက်များကို လက်တစ်လုံးခြားပြုလုပ်ကာ ရည်ရွယ်ချက်ရှိရှိဖြင့် အကောင့်များစွာကိုအသုံးပြုခြင်းအား ခွင့်မပြုကြောင်းရှင်းလင်းခြင်း
  • အများသူငှာ အကျိုးစီးပွားကို အခြေခံ၍ ကျွန်ုပ်တို့၏ စည်းမျဉ်းများကို ပြဋ္ဌာန်းသည့်အခါတွင် ထည့်သွင်းစဉ်းစားရမည့်အချက်များနှင့် လူသိများသည့် နာမည်ကြီးပုဂ္ဂိုလ်များကို ဝေဖန်သည့်အကြောင်းအရာအပေါ် ကျွန်ုပ်တို့၏ချဉ်းကပ်လုပ်ဆောင်ပုံအား ရှင်းပြခြင်း
  • ကျွန်ုပ်တို့အနေဖြင့် အချက်အလက်ဆိုင်ရာ အညွှန်း Label များ၊ သတိပေးချက်များနှင့် Screen ပေါ်တွင် ရွေးချယ်မှုများကို အသုံးပြုပုံ အသေးစိတ်အချက်များ ထပ်မံ ပါဝင်ထည့်သွင်းခြင်း


ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းအတွက် ချမှတ်ထားသော စည်းမျဉ်းမူဝါဒများနှင့် ၎င်းတို့ကို မည်သို့ပြဋ္ဌာန်းထားပုံနှင့် ပတ်သက်၍ ပိုမိုပွင့်လင်းမြင်သာမှုရှိစေရန် ဤပြန်လည်ဆန်းသစ်ထားသည့် လူမှုအသိုင်းအဝိုင်း လမ်းညွှန်ချက်အသစ်ကို မျှဝေမှုအပေါ် ကျွန်ုပ်တို့ ဂုဏ်ယူပါသည်။ အွန်လိုင်းတွင် လူများဘေးကင်းလုံခြုံစေရန် အားလုံး၏ ပါဝင်လုပ်ဆောင်မှုသည် အလွန်အရေးပါလှပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ စည်းမျဉ်းမူဝါဒများကို မြှင့်တင်ပြီး အချိန်မရွေး ပေါ်ပေါက်လာနိုင်သည့် အခက်အခဲများ၏ အရှေ့ ခြေတစ်လှမ်းကြိုတင် ပြင်ဆင်နိုင်ရန် ပံ့ပိုးကူညီပေးခဲ့ကြသော TikTok လူမှုအသိုင်းအဝိုင်းရှိ လူတိုင်းနှင့် ပြင်ပပညာရှင်များအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။

လူတိုင်းသည် အွန်လိုင်းတွင် ဘေးကင်းလုံခြုံသည်ဟု ခံစားရန် ထိုက်တန်ကြောင်း ကျွန်ုပ်တို့ယုံကြည်သည့်အပြင် ဘေးကင်းလုံခြုံသောခံစားချက်သည် စိတ်ကူးစိတ်သန်းနှင့် ဖန်တီးဖော်ပြမှုကို လွတ်လပ်စွာ ဖော်ဆောင်နိုင်စေမည့် အဓိကသော့ချက်ဖြစ်သည်ဟုလည်း ယုံကြည်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ ကမ္ဘာ့လူမှုအသိုင်းအဝိုင်းအနေဖြင့် TikTok ကို ဘေးကင်းလုံခြုံမှုရှိပြီး မည်သူမဆို ပါဝင်နိုင်သည့် စစ်မှန်သော ဖန်တီးဖော်ပြမှုများလုပ်ဆောင်နိုင်မည့် နေရာတစ်ခုအဖြစ် ဖန်တီးရှာဖွေပြီး အပြန်အလှန်ချိတ်ဆက်နိုင်စေရန်အတွက် အကောင်းဆုံး အားသွန်ခွန်စိုက် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။