စာရေးသူ - Cormac Keenan, Head of Trust and Safety

TikTok သည် အသုံးပြုသူများအတွက် ၎င်းတို့ လူမှုအသိုင်းအဝိုင်းထံသို့ ပျော်ရွှင်မှုများ ယူဆောင်လာပြီး ဖျော်ဖြေပေးသည့်အပြင် ဆန်းသစ်တီထွင် ဖန်တီးနိုင်မှု၊ အသိပညာ ဗဟုသုတနှင့် စိတ်အားထက်သန်မှုတို့ကို အခြားသူများထံ မျှဝေနိုင်ရန် အခွင့်အလမ်းများလည်း ပိုမိုမြှင့်တင်ပေးလျက်ရှိသည်။ ထို့ပြင် လူတိုင်းအတွက် စစ်မှန်ပြီး နွေးထွေးကြိုဆိုသည့် Platform တစ်ခုအဖြစ် ဆက်လက် ရပ်တည်နိုင်ရန်အတွက် ကျွန်ုပ်တို့၏မူဝါဒများကို ချိုးဖောက်သည့် မည်သည့်အကြောင်းအရာကိုမဆို အရေးယူ ဖယ်ရှားလျက်ရှိပါသည်။ အကြောင်းအရာဖန်တီးသူ (Creator) များ ဖယ်ရှားခြင်းနှင့် ဆက်လျဉ်း၍ ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်း လမ်းညွှန်ချက်များ ကျင့်သုံးမှုဆိုင်ရာ ကြီးကြပ်မှု အစီရင်ခံစာများမှတစ်ဆင့် အဆိုပါ အကြောင်းအရာဖယ်ရှားမှုများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု ရှိစေရန် ရည်ရွယ်ပါသည်။ ယနေ့ထုတ်ဝေသော ဧပြီလမှ ဇွန်လအတွက် အစီရင်ခံစာသည် သတင်းမှားများကို အရေးယူ ဆောင်ရွက်ရာ၌ မြင်တွေ့ရသော တိုးတက်မှုများကိုပြသထားပြီး ထိုကဲ့သို့ လုပ်ဆောင်နိုင်စေသည့် သတင်းအချက်အလက်များအား မျှဝေပေးလိုပါသည်။ 

သတင်းမှားပျံ့နှံ့မှုသည် ပြဿနာအသစ်အဆန်း မဟုတ်သော်လည်း အင်တာနက်ပေါ်တွင် ၎င်း စိန်ခေါ်မှုဟောင်းသည် အသစ်အဆန်း ပြန်ဖြစ်လာခဲ့ပြီဖြစ်သည်။ သတင်းအမှားများသည် ပြည်သူ့ကျန်းမာရေး၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ၊ အချက်အလက်များနှင့် သိပ္ပံပညာအပေါ် ယုံကြည်မှု ပျက်ပြားစေနိုင်သည့် အကျိုးသက်ရောက်မှုရှိကြောင်းကို ကျွန်ုပ်တို့ သတိပြုမိပါသည်။ ကျွန်ုပ်အနေဖြင့် ၎င်းပြဿနာအတွက် အဖြေရှာရာတွင် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ်ပါဝင်ရန် ကတိကဝတ်ပြုပါသည်။ ကျွန်ုပ်တို့သည် သတင်းမှားများကို အလေးအနက်ထား ကိုင်တွယ်လျက်ရှိပါသည်။ ကျွန်ုပ်တို့အနေဖြင့် ဤပြဿနာကို အတိုင်းအတာတစ်ခုအထိ ကျော်ဖြတ်နိုင်ရန် တရားဝင် ထုတ်ပြန်ထားသော သတင်းအချက်အလက်များကို ပိုမိုအားပေးမြှင့်တင်လျက်ရှိပြီး Digital Literacy ပညာရေးတွင် ရင်းနှီးမြုပ်နှံကာ သတင်းမှားပျံ့နှံ့ခြင်းကို ရပ်တန့်ရန် ဘက်စုံသုံးချဉ်းကပ်မှုကို လုပ်ဆောင်လျက်ရှိပါသည်။

ကျွန်ုပ်တို့၏ မူဝါဒများ

ကျွန်ုပ်တို့၏ ဘက်မလိုက်သော မူဝါဒများသည် ယုံကြည်စိတ်ချရသော၊ စစ်မှန်သော အတွေ့အကြုံရရှိမှုကို မြှင့်တင်ရန်အတွက်သာ ရည်ရွယ်ပါသည်။ အရပ်ဘက်လုပ်ငန်းစဉ်များ၊ ပြည်သူ့ကျန်းမာရေး သို့မဟုတ် ဘေးကင်းလုံခြုံရေးဆိုင်ရာနှင့် ပတ်သက်၍ ကျွန်ုပ်တို့၏ အသိုင်းအဝိုင်းကို လမ်းလွှဲ သွေဖယ်သွားစေမည့် အကြောင်းအရာများကို ကျွန်ုပ်တို့၏ လုံခြုံစိတ်ချမှု မရှိသည့် သတင်းမှားဆိုင်ရာ မူဝါဒများမှ တားမြစ်ထားသည်။ ဥပမာ ကျွန်ုပ်တို့သည် ကာကွယ်ဆေးများ သို့မဟုတ် COVID-19 နှင့်ပတ်သက်သော ဆေးဘက်ဆိုင်ရာသတင်းမှားများကို တားမြစ်ထားသည်။ [US only: ကိုယ်ဝန်ဖျက်ချခြင်း]၊ မဲပေးခြင်းနှင့် ပတ်သက်သော သတင်းမှားများကိုလည်း တားမြစ်ထားသည်။ ဤမူဝါဒများကို အကြောင်းအရာ အမျိုးအစားများစွာအပေါ် ကျယ်ပြန့်စွာ ချမှတ် အသုံးပြုနိုင်ပါသည်။ (အကြောင်းအရာများသည် ကမ္ဘာပေါ်တွင် ဖြစ်ပျက်နေသည့်အရာများအပေါ် အခြေခံ၍ မကြာခဏ ပြောင်းလဲနေသည့်အတွက်ကြောင့် ဖြစ်ပါသည်။)

မှားယွင်းမှန်ကန်ခြင်းမရှိသော အကြောင်းအရာများကို ဖယ်ရှားပြီး ကျွန်ုပ်တို့၏ အသုံးပြုသူများ သို့မဟုတ် လူမှုအသိုင်းအဝိုင်းကို ထိခိုက်စေသည့်အကြာင်းအရာများအပြင် လူအများ၏ ရှိရင်းစွဲ သဘောထားအမြင်ကို လှည့်ဖြားရန် အသုံးပြုသည့် TikTok အကောင့်များကိုလည်း ဖယ်ရှားလျက်ရှိပါသည်။ ဤလုပ်ဆောင်ချက်များသည် ရိုးသားစစ်မှန်မှု မရှိသော အကောင့် သို့မဟုတ် အကောင့်တုပြုလုပ်ခြင်းမှသည် အများပြည်သူယုံကြည်မှုကို အလွဲသုံးစား ပျက်ပြားစေရန် ကြိုးပမ်းမှုများအထိ ပါဝင်ပါသည်။ ဤသရုပ်ဆောင်များသည် ၎င်းတို့၏ နည်းပရိယာယ်များကို အမြဲတစေ ပြောင်းလဲအသုံးပြုလျက်ရှိပြီး အကြောင်းအရာနှင့် အလေ့အထအသစ်များးကို ရှာဖွေတွေ့ရှိသည်နှင့်အမျှ ကျွန်ုပ်တို့၏ မူဝါဒများကိုလည်း ပိုမိုခိုင်မာလာစေရန် အဆက်မပြတ် ကြိုးစားလုပ်ဆောင်လျက် ရှိပါသည်။


ကျွန်ုပ်တို့၏မူဝါဒများကို အားပေးမြှင့်တင်ခြင်း

TikTok တွင် ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်း လမ်းညွှန်ချက်များကို မြှင့်တင်ပေးရန်အတွက် နည်းပညာနှင့် ထောင်ပေါင်းများစွာသော ဘေးကင်းလုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူများနှင့် လက်တွဲကာ တည်ဆောက်ထားပါသည်။ ၎င်းကို အတိုင်းအတာတစ်ခုအထိ ထိရောက်မှုရှိစေရန် နည်းပညာကို အခြေခံပြီး တိုင်ကြားခြင်းအပြင် ထိန်းချုပ် စိစစ်ခြင်းများ ဆောင်ရွက်ပေးပါသည်။ တစ်စုံတစ်ဦးမှ အန္တရာယ်ရှိသည့် အကြောင်းအရာများ ရိုက်ကူးကြောင်း သေချာမှုရှိသောအခါ ကျွန်ုပ်တို့၏ မူဝါဒများကို ချိုးဖောက်မှုများကို ထိရောက်စွာ အမြန်ဖယ်ရှားနိုင်စေရန် ကျွန်ုပ်တို့၏ စနစ်များက အလိုအလျောက် စိစစ်ထိန်းချုပ်မှု ဆောင်ရွက်ထားပါသည်။

သို့သော်လည်း သတင်းမှားသည် အခြားအကြောင်းအရာဆိုင်ရာ ပြသနာများနှင့် ကွဲပြားပါသည်။ ကျွန်ုပ်တို့၏ သတင်းမှားဆိုင်ရာ မူဝါဒများကို လမ်းမလွဲဘဲ တိကျစွာ လိုက်နာနိုင်ရန် အကြောင်းအရာနှင့် အချက်အလက်စစ်ဆေးခြင်းတို့သည် အရေးကြီးပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဖြစ်နိုင်ခြေရှိသော သတင်းမှားများကို ရှာဖွေဖော်ထုတ်ရာတွင် အကူအညီပေးရန်အတွက် Machine Learning Model များကို အသုံးပြုနေပြီး ယနေ့ ကျွန်ုပ်တို့၏ ချဉ်းကပ်မှုတစ်ခုအနေဖြင့် ကျွန်ုပ်တို့၏ စိစစ်ရေးအဖွဲ့ကို အကဲဖြတ်ခြင်း၊ အတည်ပြုခြင်းနှင့် သတင်းမှားချိုးဖောက်မှုများကို ဖယ်ရှားခြင်းများ လုပ်ဆောင်စေလျက် ရှိပါသည်။ ကျွန်ုပ်တို့တွင် သတင်းမှားများကို ထိရောက်စွာ အရေးယူရန်အတွက် အထူးလေ့ကျင့်မှု၊ ကျွမ်းကျင်မှုနှင့် အချက်အလက်စစ်ဆေးသည့် Tool များ ပိုင်နိုင်စွာ အသုံးပြုကြသည့် သတင်းမှား စိစစ်ရေးဝန်ထမ်းများ ထားရှိထားပါသည်။ ၎င်းတွင် အကြောင်းအရာများ၏ တိကျမှုကို စိစစ်ပေးသော ကျွန်ုပ်တို့၏ အချက်အလက်စစ်ဆေးသည့် လုပ်ငန်းလက်တွဲဖော်များသို့ တိုက်ရိုက် ဝင်ရောက်စစ်ဆေးခွင့်လည်း ပါဝင်သည်။

ကျွန်ုပ်တို့တွင် ကမ္ဘာတစ်ဝန်း၌ ဘာသာစကား ၃၀ ကျော်ဖြင့် အကြောင်းအရာ စိစစ်အကဲဖြတ်ပေးသည့် အချက်အလက် စစ်ဆေးသည့် လုပ်ဖော်ကိုင်ဖက်များစွာဖြင့် လက်တွဲလုပ်ဆောင်လျက် ရှိပါသည်။ ကျွန်ုပ်တို့၏ အချက်အလက် စစ်ဆေးရေး လုပ်ဖော်ကိုင်ဖက်အားလုံးသည် International Fact-Checking Network မှ International Fact-Checking Network's code of principles အတည်ပြုလက်မှတ် ရရှိထားသူများ ဖြစ်ပါသည်။ အကြောင်းအရာများစွာကို အချက်အလက်စစ်ဆေးနေချိန် သို့မဟုတ် အချက်အလက် စစ်ဆေးခြင်းမှ တစ်ဆင့် အကြောင်းအရာကို အန္တရာယ် ရှိ မရှိ သက်သေမပြနိုင်သောအခါတွင် ၎င်းသည် For You feeds အတွက် သတ်မှတ်စံနှုန်းမပြည့်မီသည့် စာရင်းထဲတွင် ပါဝင်မည်ဖြစ်ပါသည်။ အချက်အလက် စစ်ဆေးသူများသည် အကြောင်းအရာ မှားယွင်းမှု၊ အန္တရာယ်ရှိကြောင်း အတည်ပြုပါက တစ်ပြိုင်နက် ထိုဗီဒီယိုကို ကျွန်ုပ်တို့ Platform မှ ဖယ်ရှားခြင်း သို့မဟုတ် For You feeds တွင် အကြံပြုချက်အတွက် စံနှုန်းမပြည့်မီသည့် ဗီဒီယိုအဖြစ် သတ်မှတ်ခြင်းခံရမည် ဖြစ်သည်။

သတင်းမှားများကို ရှာဖွေဖော်ထုတ်ခြင်းနှင့် ဖယ်ရှားခြင်း လုပ်ဆောင်ချက်တို့ကို အစဥ်တိုးတက်စေရန်အတွက် ကျွန်ုပ်တို့သည် ယခုနှစ်အတွင်း အောက်ပါအချက်များတွင် အဓိက ရင်းနှီးမြှုပ်နှံမှုအချို့ ပြုလုပ်ခဲ့ပါသည်။

  • သတင်းမှားများ၏ အရှိန်အဟုန်ဖြင့် လျင်မြန်စွာပြောင်းလဲနေသော သဘောသဘာဝကြောင့် Machine Learning Model များတွင် ဆက်လက်ရင်းနှီးမြုပ်နှံခဲ့ပြီး လုပ်ဆောင်နိုင်စွမ်းကို တိုးမြင့်ခဲ့ပါသည်။
  • လမ်းလွဲစေသော အကြောင်းအရာများ ပျံ့နှံ့မှုကို လျှော့ချရန် လူသိများသည့် အထင်မှားစေသော အသံနှင့် ရုပ်ပုံများကို ထောက်လှမ်းရာ၌ ပိုမို တိုးတက်လာခဲ့ပါသည်။
  • သတင်းမှားစိစစ်ပေးသူများသည် လျင်မြန်တိကျသော ဆုံးဖြတ်ချက်များချရာတွင် အထောက်အကူဖြစ်စေရန် ယခင်က အချက်အလက်စစ်ဆေးထားသော အတည်ပြုသတ်မှတ်ချက်ဆိုင်ရာ Database တစ်ခုကို မိတ်ဆက်ပေးခဲ့ပါသည်။
  • အင်တာနက်ပေါ်တွင် ပျံ့နှံ့နေသော အတည်ပြုမှတ်ချက်အသစ်များနှင့် ပြောင်းလဲနေသော အတည်ပြုမှတ်ချက်များကို တိုင်ကြားပေးသည့် ကျွန်ုပ်တို့၏ အချက်အလက်စစ်ဆေးသူများနှင့်အတူ လျင်မြန်စွာ ထောက်လှမ်းနိုင်သော ပရိုဂရမ် တစ်ခုကို စတင်ခဲ့သည်။ ၎င်းသည် ကျွန်ုပ်တို့ Platform ပေါ်ရှိ အတည်ပြုမှတ်ချက်များကို ရှာဖွေစေနိုင်ပြီး စည်းမျဥ်းချိုးဖောက်ပါက ဖယ်ရှားစေနိုင်ပါသည်။ လွန်ခဲ့သော သုံးလပတ်မှ ဤပရိုဂရမ်ကို စတင်ပြီးကတည်းက သတင်းမှား အတည်ပြုမှတ်ချက်အသစ် ၃၃ ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး ရလဒ်အနေဖြင့် ဗီဒီယိုပေါင်း ၅၈,၀၀၀ ကို Platform ပေါ်မှ ဖယ်ရှားခဲ့သည်။

ကျွန်ုပ်တို့၏ ဘက်မလိုက်သော စစ်မှန်သည့် မူဝါဒများကို ချိုးဖောက်မှုများသည် ဗီဒီယို ဖယ်ရှားခြင်းအားလုံး၏ ၁ ရာခိုင်နှုန်း အောက်တွင်သာ ပါဝင်ပြီး ဤရင်းနှီးမြှုပ်နှံမှုများ အားလုံးမှ တစ်ဆင့် သတင်းမှားများကို ရှာဖွေခြင်းနှင့် မူဝါဒများ မြှင့်တင်ခြင်းတို့တွင် အကျိုးရလဒ်များ မြင်တွေ့ခဲ့ရပါသည်။ ထိုဖယ်ရှားလိုက်သော ဗီဒီယိုများမှ ၂၈ ရာခိုင်နှုန်းခန့်သည် ကျွန်ုပ်တို့၏ လုံခြုံစိတ်ချမှု မရှိသည့် သတင်းမှားဆိုင်ရာ မူဝါဒများကို ချိုးဖောက်ခဲ့ပါသည်။


အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း

ကျွမ်းကျင်သူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် ဤစိန်ခေါ်မှုကို ကိုင်တွယ်ဖြေရှင်းရန် အဓိကသော့ချက်ဖြစ်သည်ဟု ကျွန်ုပ်တို့ အခိုင်အမာယုံကြည်ပါသည်။ ကျွန်ုပ်တို့သည် Content/Safety Advisory Council၊ သုတေသီများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ မီဒီယာကျွမ်းကျင် ပညာရှင်များနှင့် ပုံမှန်ဆက်သွယ် ဆွေးနွေးလျက်ရှိပါသည်။ ဤပူးပေါင်းဆောင်ရွက်မှုသည် ကျွန်ုပ်တို့၏ မူဝါဒများ၊ ခေတ်ရေစီးကြောင်းများနှင့် ခေတ်ပေါ်ပြဿနာများကို ခြုံငုံသည့် ဗဟုသုတများကို အားကောင်းလာစေရုံသာမက ကျွန်ုပ်တို့၏ App တွင် တာဝန်ရှိသူများ၏ သဘောထားကို မြှင့်တင်မျှဝေပေးလာစေနိုင်ပါသည်။ ဥပမာအားဖြင့် ကျွန်ုပ်တို့၏ App တွင် Digital Literacy Hub ကို ဖန်တီးထားပြီး အသုံးပြုသူများအနေဖြင့် မိမိတို့ ကြည့်ရှုသည့် ဗီဒီယိုအကြောင်းအရာများကို အကဲဖြတ်စိစစ်ရာ၌ ကျွမ်းကျင်လာစေရန် ရည်ရွယ်၍ MediaWise နှင့် National Association of Media Literacy Education တို့မှ ကျွမ်းကျင်သူများ၏ ဗီဒီယိုအကြောင်းအရာများ ပါဝင်ထည့်သွင်းထားပါသည်။ ဘက်မလိုက်သည့် စစ်မှန်သော ရွေးကောက်ပွဲဖြစ်လာရန်အတွက် မဲပေးခြင်းနှင့် ဒေသန္တရ ရွေးကောက်ပွဲများ [National Association of Secretaries of State နှင့် Ballotpedia ကဲ့သို့သော အဖွဲ့အစည်းများမှ] မဲပေးခြင်းနှင့် ပတ်သက်သော တရားဝင်အချက်အလက်များကို ရယူနိုင်ရန် Election Center များကို ဖန်တီးပေးထားပါသည်။ အသုံးပြုသူများအနေဖြင့် ပြည်သူ့ကျန်းမာရေးကို ကူညီပံ့ပိုးနိုင်ရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ထံမှ COVID-19 နှင့် မျောက်ကျောက်ရောဂါအကြောင်း အချက်အလက်များကို Hashtag PSA များနှင့် ဗီဒီယိုများရှိ Label များမှ တစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ကျွန်ုပ်တို့သည် ဤစိန်ခေါ်မှုကို မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကို ဆက်လက်အလေးအနက်ထားဆောင်ရွက်သွားမည်ဖြစ်ပြီး ကျွန်ုပ်တို့၏ တာဝန်ဝတ္တရားသည် မည်သည့်အခါမှ ပြီးဆုံးမည်မဟုတ်ကြောင်း ကျွန်ုပ်တို့ သိရှိပါသည်။ ကျွန်ုပ်တို့၏ Platform ကို ကာကွယ်ထိန်းသိမ်းရန် ကြိုးပမ်းအားထုတ်မှုများအကြောင်း ပိုမိုလေ့လာသိရှိလိုပါက ကျွန်ုပ်တို့၏ Transparency Center သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။