ဤ ဆောင်းပါးသည် ဘေးကင်းလုံခြုံမှု (Safety) အတွက် အဓိကကျသော အချက်များ၊ TikTok အသုံးပြုသူများကို Safety၊ Privacy နှင့် Well-being Tools များကို အသုံးပြုခြင်းအားဖြင့် ၎င်းတို့၏ TikTok သုံးစွဲမှုပုံစံကို မည်ကဲ့သို့ စိတ်ကြိုက် ပြောင်းလဲနိုင်ကြောင်း အသိပညာပေးသည့် အကြောင်းအရာအချက်အလက်များထဲမှ အစိတ်အပိုင်းတစ်ခုဖြစ်သည်။

TikTok သည် သင်၏ ဖန်တီးနိုင်စွမ်းနှင့် မိမိကိုယ်ကို ပုံဖော်နိုင်စွမ်းတို့ကို ပြသနိုင်သည့် ‌နေရာတစ်ခုဖြစ်သည်။ ပျော်ရွှင်ဖွယ် အတွေ့အကြုံများကို ရှာဖွေလေ့ရှိသည့် Global Community တစ်ခုလည်း ဖြစ်သည်။ ဤ Community အတွင်းရှိ လူအားလုံးအတွက် ယုံကြည်စိတ်ချရပြီး အပြန်အလှန် လေးစားမှုရှိကာ အပြုသဘောဆောင်သည့် နေရာတစ်ခုဖြစ်ရန် Content နှင့် App ပေါ်တွင် ပြုမူရမည့် အပြုအမူများအတွက် Community Guidelines များကို ချမှတ်ထားသည်။

ကျွန်ုပ်တို့ ရံဖန်ရံခါ Update ပြုလုပ်လေ့ရှိသော အဆိုပါ Guideline များသည် လုံခြုံနွေးထွေးသော နေရာပတ်ဝန်းကျင်တစ်ခုဖြစ်စေရန်အတွက် အရေးကြီးသော ကျင့်ဝတ်စည်းမျဉ်းစည်းကမ်းများဖြစ်သည်။ App အသုံးပြုရာတွင် ပိုမိုအဆင်ပြေ ချောမွေ့စေရန်အတွက်လည်း ပြုလုပ်ထားခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် TikTok ကို အသုံးပြုသူများအတွက် ကောင်းမွန်ပြီး အကြမ်းဖက်မှု ကင်းဝေးသောနေရာတစ်ခုဖြစ်စေရန် အမြဲကြိုးစားလျက်ရှိရာ အသုံးပြုသူအနေဖြင့်လည်း စည်းကမ်းနှင့်အညီ တစ်ဦးနှင့် တစ်ဦးလေးစားစွာ ဆက်ဆံခြင်းဖြင့် ကူညီရန်လိုအပ်လှသည်။

TikTok သည် အောက်ပါ အကြောင်းအရာများကို Post တင်ခြင်း၊ Share ခြင်း သို့မဟုတ် Promote ပြုလုပ်ခြင်းများ ပြုလုပ်ရန် နေရာမဟုတ်ပေ။

  • ထိခိုက်စေနိုင်သော သို့မဟုတ် အန္တရာယ်ရှိသော အကြောင်းအရာများ
    • အကြမ်းဖက်အဖွဲ့အစည်းများနှင့် အခြားသော တရားမဝင်သည့် အဖွဲ့အစည်းများ
    • မနှစ်မျို့ဖွယ်မြင်ကွင်းများကို ရှင်းရှင်းလင်းလင်း ပြသထားသော သို့မဟုတ် ကြောက်လန့်ထိန့်လန့်ဖွယ် သို့မဟုတ် ကြမ်းတမ်းသော အ‌ကြောင်းအရာများ
    • လူအချင်းချင်း ခွဲခြားဆက်ဆံခြင်း သို့မဟုတ် အမုန်းစကားဖြန့်ဝေခြင်း
    • အဝတ်အစားမပါသော သို့မဟုတ် လိင်ပိုင်းဆိုင်ရာ အပြုအမူ လုပ်ဆောင်မှုများ
    • ကလေးသူငယ် ဘေးကင်းလုံခြုံမှုကို ချိုးဖောက်ခြင်း
    • အခြားသော အသုံးပြုသူကို နှောင့်ယှက်ခြင်း သို့မဟုတ် အခြားသော အသုံးပြုသူပုံစံ လိုက်လံတုပခြင်း
    • အယောင်ဆောင်ခြင်း၊ Spam ဖြန့်ဝေခြင်း‌ သို့မဟုတ် အခြားသော အထင်လွဲစေနိုင်သော အကြောင်းအရာများ
    • အခြားသူ၏ copyright များ၊ Trademark များ သို့မဟုတ် အခြားသော အိုင်ဒီယာပိုင်ဆိုင်မှုအခွင့်အရေးများကို ချိုးဖောက်သည့် ‌အကြောင်းအရာများ

    ကျွန်ုပ်တို့၏ Community Guidelines အပြည့်အစုံကို Safety Center တွင်လည်းကောင်း၊ App အတွင်း သင့် Profile Page ရှိ Settings မှ Privacy Tab ကိုဖွင့်ပြီး About Section တွင်လည်းကောင်း ရှာဖွေဖတ်ရှုနိုင်သည်။

    သတိပြုရန်

    • ကျွန်ုပ်တို့သည် အသုံးပြုသူများမှ Community ကို လေးစားသောအားဖြင့် TikTok အား လူတိုင်းအတွက် ပျော်ရွှင်ဖွယ်ကောင်းသော နေရာတစ်ခုအဖြစ် ထိန်းသိမ်းထားမည်ဟု ယုံကြည်ထားသော်လည်း Guideline များကို ချိုးဖောက်မည်ဆိုပါက သင့် Account သို့မဟုတ် Content အား ဖယ်ရှားခံရနိုင်သည်။
    • အသုံးပြုသူများသည် မိမိတို့နိုင်ငံ၏ ဥပဒေကို လေးစားလိုက်နာရမည်ဖြစ်ပြီး ကျွန်ုပ်တို့၏ သက်ဆိုင်သော ဥပဒေဖြင့်သာ အသုံးပြုသူများ၏ Content ကို စောင့်ကြည့်ပြီး တာဝန်ရှိသူများထံကို အသိပေးတိုင်ကြားခြင်း လုပ်ပိုင်ခွင့်ရှိသည်။
    • ကျွန်ုပ်တို့၏ Guidelines များကို ချိုးဖောက်သည့် အကြမ်းဖက်ခြင်း၊ Spam ဖြန့်ဝေခြင်း သို့မဟုတ် အခြားသော အကြောင်းအရာများကို ‌တွေ့ရှိပါက report လုပ်ခြင်းဖြင့် ကူညီရန် တိုက်တွန်းအပ်သည်။