News၂၀၂၂၊ မတ် ၁
TikTok သည် မြန်မာနိုင်ငံမှ TikTok Creators များဖြင့် App အတွင်း ဒစ်ဂျစ်တယ်အသိပညာစင်တာ (Digital Literacy Hub) အသစ်ကို စတင်မိတ်ဆက်
ကမ္ဘာ့ထိပ်တန်း Short Video ပလပ်ဖောင်းဖြစ်သည့် TikTok မှ သုံးစွဲသူများ ဒစ်ဂျစ်တယ် ပတ်ဝန်းကျင်ကို အသုံးပြုရာ၌ ကူညီနိုင်ရန် ၎င်းမှ လုပ်ဆောင်နေသော လုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဒစ်ဂျစ်တယ်အသိပညာစင်တာ (Digital Literacy Hub) အသစ်တစ်ခုကို စတင်မိတ်ဆက်ခဲ့သည်။ အဆိုပါ အသိပညာစင်တာကို မြန်မာနိုင်ငံရှိ TikTok Creators များဖြစ်သည့် နော်အေး၊ ဝေဖြိုးအောင် နှင့် T ဇော် တို့နှင့် ပူးပေါင်းကာ သုံးစွဲသူများကို ဒစ်ဂျစ်တယ်ကမ္ဘာ၏ အကျိုးကျေးဇူးများကို ခံစားစေရန်နှင့် အခြားအွန်လိုင်းအသုံးပြုသူများကိုလည်း ကာကွယ်နိုင်ရန်အတွက် ဘေးကင်းလုံခြုံရေးဆိုင်ရာ Features များကို အသုံးချမှု အားသန်စေရန် ကူညီလုပ်ဆောင်သွားမည်ဖြစ်သည်။

TikTok မှ ဒစ်ဂျစ်တယ် ကျန်းမာရေးဆိုင်ရာ အကြံဉာဏ်များနှင့် အကြံပြုချက်များကို အမြဲမျှဝေပေးလျက်ရှိသည့် Creator ၃ ဦးနှင့် ပူးပေါင်းခဲ့ပြီး ၎င်းတို့၏ လုပ်ဆောင်နေဆဲ ကြိုးပမ်းမှုများနှင့်အတူ ဒစ်ဂျစ်တယ်အသိပညာစင်တာ (Digital Literacy Hub) သည် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ ဆိုက်ဘာကျန်းမာရေး၊ အသက်မပြည့်သေးသူများ လုံခြုံဘေးကင်းရေး၊ အန္တရာယ်ရှိသော အွန်လိုင်းစိန်ခေါ်မှုများ (Online Challenges) နှင့် အခြားဒစ်ဂျစ်တယ်ပိုင်းနှင့်သက်ဆိုင်သည့် ပညာပေးအကြောင်းအရာများစသည့် TikTok ၏ ပညာပေးဆိုင်ရာ လုပ်ဆောင်ချက်အားလုံးကို ရှာဖွေတွေ့ရှိနိုင်မည့် နေရာတစ်ခုအဖြစ် ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို စင်တာသည် ဒစ်ဂျစ်တယ်ပညာပေးဆိုင်ရာ အကြံပြုချက်များ ပါဝင်ပြီး ၎င်းတို့ကို ဖော်ပြရာ၌ ဗီဒီယိုများ၊ ပဟေဋ္ဌိမေးခွန်းများနှင့် ဇာတ်လမ်းအခြေခံ သင်ယူမှုအကြောင်းအရာများကို အသုံးပြုသွားမည်ဖြစ်သည်။ ၎င်းတို့သည် သုံးစွဲသူများက စိတ်ဝင်စားပြီး ကြည့်ရှုရန် ရွေးချယ်ထားသော အွန်လိုင်းအကြောင်းအရာအမျိုးအစားများအကြောင်း ပိုမိုပိုင်းခြားသိမြင်လာစေရန် ကူညီပေးမည်ဖြစ်ပြီး မသင့်လျော်သော အကြောင်းအရာများ တွေ့ရှိပါကလည်း အသိအမှတ်ပြုနိုင်ရန်နှင့် သတင်းပေးပို့နိုင်ရန် ကူညီပေးမည့် အရင်းအမြစ်များဖြစ်သည်။

"TikTok ဟာ စစ်မှန်တဲ့ ဒစ်ဂျစ်တယ် ပတ်ဝန်းကျင်တွေကို ဖန်တီးပေးဖို့ ရည်ရွယ်ချက်နဲ့ ကျွန်မတို့ရဲ့ ဘေးကင်းလုံခြုံရေးဆိုင်ရာ အထောက်အကူအရင်းအမြစ်တွေကို အမြဲ အားဖြည့်လုပ်ဆောင်နေပါတယ်" ဟု TikTok ၏ Public Policy Manager, Myanmar ဖြစ်သူ မကြူကြူသိန်းက ပြောကြားခဲ့သည်။ “အခု မိတ်ဆက်လိုက်တဲ့ ဒစ်ဂျစ်တယ်အသိပညာစင်တာဟာ အမြဲပြောင်းလဲနေတဲ့ Digital Landscape၊ မြန်မာနိုင်ငံရဲ့ လိုအပ်ချက်တွေ၊ စိန်ခေါ်မှုတွေနဲ့ အံဝင်ခွင်ကျဖြစ်အောင် အရေးကြီးတဲ့ ဒစ်ဂျစ်တယ် အချက်အလက်တွေ၊ ကျန်းမာရေးဆိုင်ရာ အရင်းအမြစ်တွေကို Local Community နဲ့ ပိုမိုနီးစပ်သွားစေဖို့ Creators တွေနဲ့အတူ ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
TikTok သည် ဒစ်ဂျစ်တယ်ပိုင်းနှင့် သက်ဆိုင်သည့် ပညာပေးအရင်းအမြစ်များကို နားလည်မှု အားကောင်းလာစေရန် အန္တရာယ်ရှိနိုင်သော အွန်လိုင်းစိန်ခေါ်မှုများကို (Online Challenges) ဆန့်ကျင်သည့် လုပ်ဆောင်ချက်များ၊ Community Guidelines ချိုးဖောက်မှု ရှိနိုင်သည့် Hashtags များကို ချက်ချင်းထုတ်ဖော်အသိပေးနိုင်သည့် နည်းပညာများကို အားဖြည့်လုပ်ဆောင်ထားသည်။ ထို့အပြင် TikTok သည် အသက်အရွယ်အလိုက် သင့်လျော်သော အတွေ့အကြုံများ ရရှိနိုင်ရန်နှင့် အသက် ၁၆ နှစ်အောက် အသုံးပြုသူများကို ကန့်သတ်ထားသည့် Privacy-by-design လုပ်ဆောင်ချက်များကိုလည်း တိုးမြှင့်လုပ်ဆောင်ထားသည်။
မြန်မာနိုင်ငံအတွက် TikTok ၏ လက်ရှိဘေးကင်းလုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်များအကြောင်း ပိုမိုသိရှိရန်အတွက် ဒစ်ဂျစ်တယ်အသိပညာစင်တာ (Digital Literacy Hub) ကို ဤနေရာတွင် ဝင်ရောက်လေ့လာနိုင်သည်။
News၂၀၂၂၊ မတ် ၁
Myanmar