ယနေ့တွင် TikTok သည် ပွင့်လင်းမြင်သာမှု၊ တာဝန်ခံလုပ်ဆောင်မှုစသည်တို့နှင့် ပတ်သက်သော လုပ်ငန်းဆောင်တာများကို Transparency Center>> မှတစ်ဆင့် တစ်ဖန်ပြန်လည်ဆန်းသစ်လုပ်ဆောင်လျက်ရှိသည်။ နောက်ဆုံးပြင်ဆင်ထားသော စင်တာတွင် TikTok မှ သက်တမ်းတစ်လျှောက်လုံးပြုစုခဲ့သော ပွင့်လင်းမြင်သာမှုအစီအရင်ခံစာများနှင့်တကွ ယနေ့ထုတ်ပြန်ကြေညာခဲ့သည့် <<၂၀၂၁ ခုနှစ်၏ ပထမနှစ်ဝက်အတွင်း အကြောင်းအရာဖယ်ရှားရေးတောင်းဆိုချက် အစီအရင်ခံစာများ >> အပါအဝင် ရှေ့ဆက်လုပ်ဆောင်သွားမည့် အစီအရင်ခံစာများလည်း ပါဝင်မည်ဖြစ်သည်။

TikTok ၏ ပွင့်လင်းမြင်သာမှု အစီအရင်ခံစာများ

TikTok ၏ ပွင့်လင်းမြင်သာမှုအစီအရင်ခံစာများသည် ကျွန်ုပ်တို့ ပလက်ဖောင်း၏ ဘေးကင်းလုံခြုံမှုနှင့် ဖြောင့်မတ်မှန်ကန်မှုကို ထိန်းသိမ်းရန် ဆောင်ရွက်မှုများအပေါ် တာဝန်ခံယူမှု အတွက် အရေးပါအရာရောက်သည်။ ကျွန်ုပ်တို့သည် ပွင့်လင်းမြင်သာမှုဖြင့် ယုံကြည်မှုတည်ဆောက်ရန်အတွက် ၂၀၁၉ ခုနှစ်မှ စတင်ကာ အစီအရင်ခံစာများကို ဖော်ပြလျက်ရှိပြီး ကျွန်ုပ်တို့၏ စံနှုန်းများဖြင့် မကိုက်ညီသဖြင့် ပယ်ချလိုက်သော ကြော်ငြာအရေအတွက်များ၊ သံသယဖြစ်ဖွယ် အသက်မပြည့်သော အကောင့်အရေအတွက်များ အစရှိသည့် ဆန်းသစ်၍ ပိုမိုနက်နဲသော၊ ဤလုပ်ငန်းနယ်ပယ်အတွင်း ထုတ်ပြန်လေ့မရှိသည့် သို့မဟုတ် မထုတ်ပြန်ဖူးသည့်အချက်အလက်များကို ဆက်လက် ထုတ်ဖော်လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပွင့်လင်းမြင်သာမှု အစီရင်ခံစာများတွင် :

  • ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းလမ်းညွှန်ချက်များနှင့် ဝန်ဆောင်မှုဆိုင်ရာမူဝါဒများကို ထိန်းသိမ်းလိုက်နာ ကျင့်သုံးရန် လုပ်ဆောင်ချက်အသေးစိတ်များကို သုံးလတစ်ကြိမ် တင်ပြသော လူမှုအသိုင်းအဝိုင်းလမ်းညွှန်ချက်များဆိုင်ရာ အားဖြည့်လုပ်ဆောင်မှုအချက်အလက်များ အစီရင်ခံစာ
  • အစိုးရနှင့် တရားဥပဒေစိုးမိုးရေးဌာနများမှ တောင်းခံသော အသုံးပြုသူအချက်အလက်များနှင့် ကျွန်ုပ်တို့၏ တုံ့ပြန်မှုများနှင့် ပတ်သက်သော ဥပဒေရေးရာ တောင်းဆိုမှု အချက်အလက်များကို တစ်နှစ်လျှင် နှစ်ကြိမ် ဖော်ပြသည့် သတင်းအချက်အလက် တောင်းဆိုမှု အစီရင်ခံစာ
  • အစိုးရဌာနများမှ အကြောင်းအရာများ ကန့်သတ်ရန် တောင်းဆိုမှုများနှင့် ကျွန်ုပ်တို့၏ အရေးယူဆောင်ရွက်ခြင်း ရလဒ်များအကြောင်း အသေးစိတ်ပါဝင်သော တစ်နှစ်လျှင် နှစ်ကြိမ်ထုတ်ပြန်သည့် အစိုးရ၏ ဖယ်ရှားခြင်းဆိုင်ရာ တောင်းဆိုမှု အစီရင်ခံစာ
  • မူပိုင်ခွင့်ဆိုင်ရာအကြောင်းအရာများနှင့် ကုန်အမှတ်တံဆိပ်ဆိုင်ရာ အကြောင်းအရာများကို ဖယ်ရှားရန် သတိပေးချက်များနှင့် ကျွန်ုပ်တို့၏ တုံ့ပြန်မှုလုပ်ငန်းစဉ်များကို တစ်နှစ်နှစ်ကြိမ် ဖော်ပြလေ့ရှိသော ပစ္စည်း/အကြောင်းအရာမူပိုင်ခွင့် ဖယ်ရှားရေး တောင်းဆိုမှု အစီရင်ခံစာ တို့ပါဝင်သည်။

ကျွန်ုပ်တို့၏ အစီရင်ခံစာပုံစံများကို ပြန်လည်ဆန်းသစ်ရန်အတွက် အရပ်ဘက်အဖွဲ့အစည်းများနှင့် ကျွမ်းကျင်သူများထံမှ အကြံပြုချက်များကို ရယူပြီး ၎င်းတို့၏ ဖြည့်စွက်ချက်များကို လက်တွေ့အကောင်အထည်ဖော်သည့်အနေဖြင့် အချက်အလက်များအား စက်ဖြင့် ဖတ်ယူနိုင်သောပုံစံများဖြင့် ဒေါင်းလုဒ်လုပ်နိုင်အောင် ပြုလုပ်ပေးခဲ့သည်။ ယခုအခါ ကျွန်ုပ်တို့၏ အစီအရင်ခံစာများတွင်ပါဝင်သော အချက်အလက်များနှင့် လုပ်ဆောင်မှုများကို ပိုမိုကောင်းမွန်စွာ ပုံဖော်နိုင်ရန်အတွက် သိသာပေါ်လွင်သော ပုံများ၊ ဇယားများနှင့် ဂရပ်များကို အစီအရင်ခံစာများတွင်ထည့်သွင်းထားပြီဖြစ်သည်။

ကျွန်ုပ်တို့ရဲ့ အစီရင်ခံစာများကို အာရဗီ၊ အင်ဒိုနီးရှားဘာသာ၊ မလေးဘာသာ၊ ဘင်္ဂါလီ၊ မြန်မာ၊ ဒိန်းမတ်၊ ဒတ်ခ်ျ၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ ဟီးဘရူး၊ အီတလီ၊ ဂျပန်၊ ခမာ၊ ကိုးရီးယား၊ နော်ဝေ၊ ပိုလန်၊ ပေါ်တူဂီ၊ စပိန်၊ ဆွီဒင်၊ ထိုင်း၊ တရုတ် (traditional အရေးအသား)၊ တူရကီ၊ ရုရှား၊ အူရဒူးနှင့် ဗီယက်နမ် စသည့် ဘာသာစကား ၂၆ မျိုးဖြင့် ထုတ်ပြန်ကြေညာသွားမည်ဖြစ်သည်။

ကျွန်ုပ်တို့သည် TikTok တွင် အကြောင်းအရာများကို မည်ကဲ့သို့အကဲဖြတ်စစ်ဆေး၍ ဦးစားပေးညွှန်းဆိုဖော်ပြပုံ ပလက်ဖောင်း၏ လုပ်ဆောင်ချက်များကို ပိုမိုတိုးတက်အောင် ပြုလုပ်ပုံနှင့် အသုံးပြုသူများ၏ အချက်အလက်များကို ဘေးကင်းလုံခြုံအောင်ထိန်းသိမ်းပုံ စသည်တို့ကို Transparency Center တစ်နေရာထဲတွင် လေ့လာနိုင်ရန် ရည်မှန်း၍ ဖန်တီးပြုလုပ်ထားခြင်းဖြစ်သည်။ ဤဆောင်ရွက်ချက်အသစ်များသည် ထိုရည်မှန်းချက်ပန်းတိုင်အတွက် ဆက်လက်လုပ်ဆောင်မှုများဖြစ်ပြီး၊ ရှေ့လျှောက်တွင် ပိုမိုကောင်းမွန်သော မွမ်းမံမှုများကို မျှဝေသွားမည်ဖြစ်သည်။