TikTok ၌ လူမှုအသိုင်းအဝိုင်း၏ လုံခြုံ‌ရေးသည် ကျွန်ုပ်တို့၏ လုပ်‌‌ဆောင်ချက်တိုင်းတွင် အရေးပါသော အစိတ်အပိုင်းဖြစ်သည်။ အသုံးပြုသူများ၊ ဖန်တီးသူ များကို ၎င်းတို့၏ ထူးခြားကွဲပြားမှုကို ဂုဏ်ယူစေပြီး ၎င်းတို့အား အကြံဉာဏ်ကွန့်မြူးစေကာ တီထွင်ဖန်တီးမှုစွမ်းရည်မြင့်တက်လာအောင် လှုံ့ဆော်ပေးသည့် အရာများတွင် ပါဝင်လုပ်ဆောင်ရန် အမြဲအားပေးလျက်ရှိသည်။ အသုံးပြုသူများအနေဖြင့် အဆုံးအစ မရှိသော တီထွင်ဖန်တီးမှုစွမ်းရည်များ မြင့်တက်လာစေရန်အတွက် အသုံးပြုသူတိုင်း၏ ပင်ကိုယ်သဏ္ဍာန်၊ ပင်ကိုယ်ဟန်အား အရှိအတိုင်း လွတ်လပ်စွာ ထုတ်ဖော်ပြသနိုင်သည့် ဘေးကင်းသော ပတ်ဝန်းကျင်တစ်ခုအဖြစ် ဆက်လက်တည်ရှိနိုင်စေရေးကိုလည်း အလေးထားကူညီဖော်ဆောင်လျက်ရှိသည်။

လုံခြုံစိတ်ချရသည့် ပတ်ဝန်းကျင်အား ဆက်လက်ထိန်းသိမ်းထားနိုင်ရန်အတွက် “ဘေးကင်းလုံခြုံ TikTok သို့” ဆိုသည့် in-app ကမ်ပိန်းကို စတင်အကောင်အထည်ဖော် လုပ်ဆောင်လိုက်သည်။ ဤ ကမ်ပိန်း၏ အဓိက ရည်ရွယ်ချက်မှာ အသုံးပြုသူတိုင်းအား ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းလမ်းညွှန်ချက်များကို အမြဲသတိရနေစေပြီး ၎င်းတို့အနေဖြင့် လူမှုအသိုင်းအဝိုင်းကို ထိခိုက်နစ်နာစေသော အကြောင်းအရာများကို မတင်မိခင် ထိုစည်းကမ်းချက်များကို သတိရစေကာ ပြန်လည်စဉ်းစားဆင်ခြင် သုံးသပ်စေရန်ရည်ရွယ်ထားခြင်း ဖြစ်ပါသည်။

  • Promoting Violent Extremism (အကြမ်းဖက်သော အစွန်းရောက်ဝါဒ) : TikTok အနေဖြင့် ပလက်ဖောင်းပေါ်တွင်လည်းကောင်း၊ ပြင်ပ၌လည်းကောင်း ရက်စက်ကြမ်းတမ်းမှုကို ပြင်းပြင်းထန်ထန်ကန့်ကွက် ရှုတ်ချသည်။ ကျွန်ုပ်တို့၏ ပလက်ဖောင်းကို အသုံးပြုပြီး လူအများအား ခြိမ်းခြောက်ခြင်း၊ ကြမ်းတမ်းရိုင်းစိုင်းမှုများ ဖြစ်ပေါ်လာစေရန် သွေးထိုးလှုံ့ဆော်ခြင်း၊ အန္တရာယ်ရှိသည့် လူတစ်ဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုကို ချီးမြောက်အားပေးခြင်း အစရှိသော လုပ်ရပ်များကို လုံးဝ ခွင့်ပြုမည် မဟုတ်ပါ။
  • Promoting Illegal Activities and Regulated Goods (တရားမဝင်သည့်ဆောင်ရွက်ချက်များနှင့် ထိန်းချုပ်ထားသည့် ကုန်ပစ္စည်းများ): TikTok အနေဖြင့် ဥပဒေစည်းမျဥ်းများနှင့် မညီသော လုပ်ရပ်မျိုးကို ခွင့်ပြုမည် မဟုတ်ပါ။ ဥပဒေအရ တားမြစ်ထားသော ပစ္စည်းများဖြစ်သည့် လက်နက်ခဲရမ်းများ၊ မူးယစ်ဆေးဝါးများ၊ ဆေးရွက်ကြီး အစရှိသည်တို့ကို ရောင်းဝယ်ဖောက်ကားခြင်း၊ ကြော်ငြာခြင်း‌၊ ရောင်းဝယ်နိုင်စေရန် တစ်နည်းနည်းဖြင့် သိုဝှက်ကြော်ငြာခြင်းတို့အပြင် လူအချင်းချင်း ခေါင်းပုံဖြတ်အမြတ်ကြီးစားခြင်းအပါအဝင် ဥပဒေနှင့် ငြိစွန်းသော မည်သည့်လုပ်ရပ်မျိုးကိုမဆို တားမြစ်ထားသည်။
  • Promoting Violent and Graphic Content (အကြမ်းဖက်၍ ကွက်ကွက်ကွင်းကွင်း ပေါ်လွင်သော အကြောင်းအရာများ) : TikTok သည် တီထွင်ဖန်တီးနိုင်စွမ်းကို ထောက်ခံအားပေးသော Platform တစ်ခုသာဖြစ်ပြီး ထိတ်လန့်တုန်လှုပ်စရာများနှင့် ကြမ်းတမ်းသော အကြောင်းအရာများကို တင်ပေးသည့် Platform မဟုတ်ပါ။ ထို့ကြောင့် အကြောင်းမဲ့ထိတ်လန့်စရာများ၊ ရက်စက်ကြမ်းကြုတ်၍ ကြည့်ရှုရန် မသင့်တော်သော အကြောင်းအရာများ၊ အကြမ်းဖက်ခြင်းနှင့် ဆင်းရဲဒုက္ခများကို အားပေးအားမြှောက်ပြုလုပ်သော အကြောင်းအရာများကို ပလက်ဖောင်းပေါ်တွင် တင်ခွင့်ပြုမည် မဟုတ်ပါ။
  • Promoting Harassment and Bullying (နှောင့်ယှက်ခြင်းနှင့်အနိုင်ကျင့်ခြင်း) : ကျွန်ုပ်တို့သည် တန်းတူညီမျှနေထိုင်နိုင်သည့် လူမှုအသိုင်းအဝိုင်းနှင့် အနိုင်ကျင့်စော်ကားမှုများကို ကြောက်ရွံ့ခြင်းမရှိသည့် တစ်ဦးတစ်ယောက်ချင်းစီ၏ ထုတ်ဖော်ပြသမှုကို ယုံကြည်အားပေးပါသည်။ ကြမ်းတမ်းရိုင်းစိုင်းသော အကြောင်းအရာများနှင့် အပြုအမူများသည် ပြင်းထန်သောစိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုကိုဖြစ်ပေါ်စေသည့်အတွက် အဆိုပါ အကြောင်းအရာများကို ကျွန်ုပ်တို့ ပလက်ဖောင်းမှ ဖယ်ရှားသွားမည်ဖြစ်သည်။
  • Undermining Integrity and Authenticity သိက္ခာသမာဓိနှင့် စစ်မှန်မှု ယုတ်လျော့စေခြင်း: ယုံကြည်မှုသည် ကျွန်ုပ်တို့အသိုင်းအဝိုင်း၏ အခြေခံအုတ်မြစ်ဖြစ်သည်ဟု လက်ခံယုံကြည်ထားသည့်အတွက် မူပိုင်ခွင့်ဆိုင်ရာ ချိုးဖောက်ခြင်းပြဿနာများနှင့် ထိခိုက်နစ်နာမှုကို ဖြစ်ပေါ်စေမည့် မလိုလားအပ်သောအကြောင်းအရာများ သို့မဟုတ် အတုအယောင်ဆက်ဆံခြင်း၊ ဟန်ဆောင်ခြင်း၊ အထင်အမြင်မှားစေသောအချက်အလက်များ၊ သတင်းမှားများပါဝင်သည့် အကြောင်းအရာများနှင့် အကောင့်များကို ဖယ်ရှားသွားမည်ဖြစ်သည်။

"ဘေးကင်းလုံခြုံ TikTok သို့" ကမ်ပိန်းသည် တီထွင်ဖန်တီးမှုများ၊ ပျော်ရွှင်မှုများနှင့် မိမိတို့ အတွေးအမြင်များအား ဖော်ထုတ်ပြသမှုများကို ဆက်လက်ပြုလုပ်နိုင်မည့် လုံခြုံသောနေရာတစ်ခု ဖြစ်လာစေရန် ကျွန်ုပ်တို့ ကြိုးစားအားထုတ်မှု၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ လူမှုအသိုင်းအဝိုင်းကို လုံခြုံ၍ ကောင်းမွန်သောပတ်ဝန်းကျင်တစ်ခုအဖြစ် မြှင့်တင်နိုင်ရန် ကျွန်ုပ်တို့လုပ်ဆာင်ချက်များနှင့် ပတ်သက်သော သတင်းအချက်အလက်များကို ပိုမိုသိရှိနိုင်ရန် ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းလမ်းညွှန်ချက်များ နှင့် လုံခြုံရေးစင်တာတွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။