သန်းနှင့် ချီသော သုံးစွဲသူများသည် ဖျော်ဖြေရေးနှင့် ပျော်ရွှင်မှုအတွက် TikTok ကို နေ့စဉ်နေ့တိုင်း အသုံးပြုကြသည်။ ကျွန်ုပ်တို့၏ အဖွဲ့သည် TikTok အား လူတိုင်း၏ တီထွင်ဖန်တီးမှုကို ဖော်ပြနိုင်သည့် နေရာတစ်ခုဖြစ်စေရန် အစဉ်မပြတ် ကြိုးစားလျက်ရှိသည်။

လွန်ခဲ့သည့်နှစ်တစ်လျှောက်လုံးတွင် ကျွန်ုပ်တို့ Community ၏ လုံခြုံမှုကို ပိုမိုမြှင့်တင်နိုင်ရန် အဆင့်များစွာကို ဆက်လက် ထည့်သွင်းခဲ့သည်။ အသက် ၁၆ နှစ်အောက် လူငယ်များ၏ အကောင့်များနှင့် အကောင့်သစ်များကို Default အားဖြင့် Private အကောင့်အဖြစ် သတ်မှတ်ရန် ဆုံးဖြတ်ချက်ချခဲ့သည်။ မိဘများက Family Pairing ဖြင့် TikTok တွင် သူတို့၏ အကောင့်များကို ဆယ်ကျော်သက်ကလေးများ၏ အကောင့်များနှင့် ချိတ်ဆက်ပြီး Content များနှင့် Privacy Settings များကို ဖွင့်ပိတ်ပေးနိုင်သည့် Feature တစ်ခုကို မိတ်ဆက်ခဲ့သည်။ အလွဲသုံးစားလုပ်မှုများကို ကာကွယ်နိုင်ရန်အတွက် အသက် ၁၆ နှစ်အောက် အသုံးပြုသူများအတွက် တိုက်ရိုက်စာတိုပေးပို့ခြင်းကိုလည်း ပိတ်ပင်ထားခဲ့သည်။

ကျွန်ုပ်တို့၏ ပလက်ဖောင်းကဲ့သို့သော ပလက်ဖောင်းအများစု ရင်ဆိုင်ရသော စိန်ခေါ်မှုများသည် ရှုပ်ထွေးပြီး အဆက်မပြတ် တိုးတက်ပြောင်းလဲနေသောကြောင့် ပြင်ပကျွမ်းကျင်သူများနှင့် လက်တွဲလုပ်ဆောင်ခြင်းသည် အရေးကြီးသည်။ ထိုအချက်သည် ကျွန်ုပ်တို့အတွက် ဘေးကင်းလုံခြုံမှု (Safety) နှင့် ပတ်သက်၍ ပြင်ပမှ ကျွမ်းကျင်သူများနှင့် ထိတွေ့ဆက်ဆံမှုကို တိုးချဲ့ရန်အတွက် အာရုံစိုက်ရသည့် အကြောင်းရင်းတစ်ခုဖြစ်သည်။ APAC အတွက် ကျွန်ုပ်တို့၏ Safety Advisory Council မှ တစ်ဆင့် ကျွန်ုပ်တို့သည် လူငယ်များ ဘေးကင်းရေးမှ အမုန်းစကားအထိ အကြောင်းအရာအမျိုးမျိုးနှင့် ပတ်သက်၍ ကျွမ်းကျင်သူများနှင့် လုပ်တွဲအလုပ်လုပ်နိုင်မည့် အခွင့်အလမ်းများ ပိုမိုရရှိရန် မျှော်လင့်နေပြီး လုံခြုံမှုကို မြှင့်တင်ရန် နည်းလမ်းသစ်များကို ဆက်လက်တီထွင်ရာ၌ ၎င်းတို့သည် အရေးပါသော မိတ်ဆွေများအဖြစ် ပါဝင်လိမ့်မည်။

ကျွန်ုပ်တို့သည် အရေးကြီးသော တိုးတက်မှုများကို ပြုလုပ်ခဲ့သော်လည်း လုံခြုံမှုနှင့် ပတ်သက်ရာတွင် 'လုံလောက်ပြီ’ ဟု၍ မရှိပေ။ ကျွန်ုပ်တို့၏ လက်ရှိမူဝါဒများနှင့် လုပ်ငန်းစဉ်များကို ဆက်လက် အကဲဖြတ်ရန်နှင့် ပွင့်လင်းသော တုံ့ပြန်ချက်များကို နားထောင်ရန်မှာ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်ဖြစ်သည်။ ဥပမာအားဖြင့် လွန်ခဲ့သည့်နှစ်က ဝက်ရူးပြန်ရောဂါကျွမ်းကျင်သူများနှင့် တွေ့ဆုံပြီးနောက် ကျွန်ုပ်တို့သည် တုံ့ပြန်ချက်များကို နားထောင်ပြီး ဓာတ်ပုံများကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်သွားနိုင်သည့် Content များမှ လူများကို ကာကွယ်ရန် အထောက်အကူပြုသည့် Feature အသစ်များကို မိတ်ဆက်ပေးခဲ့သည်။

ကျွန်ုပ်တို့၏ ဘေးကင်းလုံခြုံရေးဆိုင်ရာ လုပ်ငန်းစဉ်ကို ဆက်လက်လှုပ်ရှားနေသည့် ခရီးတစ်လျှောက်လုံးတွင် ပွင့်လင်းမြင်သာမှု ရှိလိုသည်။ ကျွန်ုပ်တို့သည် လာမည့် ရက်သတ္တပတ်များနှင့် လများအတွင်း လုံခြုံမှုဆိုင်ရာ သိသင့်ထားသည့် အခြေခံများ အကြောင်း ပိုမိုပြောဆိုဆွေးနွေးသွားရန်ရှိပြီး ကျွန်ုပ်တို့၏ လုံခြုံရေးအဖွဲ့များ၏ နောက်ကွယ်မှ လုပ်ဆောင်မှုအချို့ကို ဖော်ပြသွားမည်ဖြစ်သည်။