TikTok သည် Pasta ချက်နည်းအသစ်များမှ စ၍ #BookTok အကြံပြုချက်များအထိ သန်းပေါင်းများစွာသောသူများ၏ တီထွင်ဖန်တီးမှုများကို ဖော်ပြရန်နှင့် မိမိနှင့် သက်ဆိုင်သော အသိုင်းအဝိုင်းကို ရှာဖွေရန် နေရာတစ်ခုဖြစ်လာသည်။ အချို့သောသူများအတွက် သူတို့၏ ဘဝအတွေ့အကြုံများကို မျှဝေသောနေရာနှင့် မိဘဖြစ်ခါစသူများ အိပ်ရေးမဝခြင်းကို ဖြေရှင်းရန်နည်းလမ်းများ သို့မဟုတ် စိုးရိမ်စိတ်များကို ထိန်းသိမ်းရန် သတိတည်မြဲ‌စေသည့် လုပ်ဆောင်ချက်အကြံဉာဏ်များကို ဆွေးနွေးရင်း သူတို့ ကြုံတွေ့ခံစားနေရသောအရာများတွင်သူတို့ တစ်ဦးတည်း မဟုတ်ကြောင်း သိရှိ၍ နှစ်သိမ့်မှုရရှိစေနိုင်သော နေရာတစ်ခုဖြစ်သည်။

ကျွန်ုပ်တို့ လူမှုအသိုင်းအဝိုင်း၏ စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ကိုယ်ပိုင်းဆိုင်ရာ ကျန်းမာချမ်းမြေ့မှုများစသည့် အရေးကြီးအကြောင်းအရာများကို သစ်လွင်ဆန်းသစ်စွာနှင့် ရိုးသားပွင့်လင်းစွာ မျှဝေပြောကြားမှုများနှင့် ခက်ခဲသောအချိန်ကာလများကို ကျော်ဖြတ်နိုင်ရန် အချင်းချင်း ဖေးမကူညီပေးမှုများက ကျွန်ုပ်တို့ကို အားပေးလှုံဆော်ပေးခဲ့ခြင်းဖြစ်သည်။

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းကို အထူးအလေးထား၍ ၎င်းတို့၏ ကျန်းမားချမ်းမြေ့မှုများကို အားပေးထောက်ပံ့ပေးရန်အတွက် နည်းလမ်းအသစ်များကို အစဉ်အမြဲရှာဖွေလျက်ရှိသည်။ ထို့ကြောင့် လူများအနေဖြင့် ထိုအရင်းအသစ်များကို လိုအပ်သောအခါ TikTok တွင် အလွယ်တကူ ရှာဖွေနိုင်ရန် ခြေလှမ်းအသစ်များအတွက် လုပ်ဆောင်လျက်ရှိသည်။

ကျွန်ုပ်တို့ လူမှုအသိုင်းအဝိုင်း၏ ကျန်းမာချမ်းမြေ့မှုအတွက် ကူညီထောက်ပံ့ပေးနိုင်မည့် ထပ်ဆောင်း အရင်းအမြစ်သစ်များ

ကျွန်ုပ်တို့မှ မိမိကိုယ်ကို အဆုံးစီရင်ခြင်း၊ ထိခိုက်နစ်နာအောင် ပြုလုပ်ခြင်း၊ အစားအသောက်မမှန်ခြင်း စသည့်အကြောင်းအရာများကို အားပေးအားမြှောက်ပြုလုပ်ခြင်း၊ အမွှမ်းတင်ပြောဆိုခြင်း၊ သာမန်ဖြစ်သင့်သည့် ကိစ္စရပ်များကဲ့သို့ ပြုလုပ်ခြင်းများကို ခွင့်မပြုသော်လည်း လူများမှ ၎င်းတို့၏ အတွေ့အကြုံများကို ဝေမျှကာ ရုန်းကန်နေကြရသောသူများနှင့် ကျွန်ုပ်တို့၏ အသိုင်းအဝိုင်းတွင် အကူအညီရှာဖွေနေသောသူများအတွက် အားပေးပြောဆိုမှုများကို ထောက်ခံခွင့်ပြုထားပါသည်။

ကျွန်ုပ်တို့ အသိုင်းအဝိုင်းမှ ဤအရာများကို ဘေးကင်းလုံခြုံစွာ လုပ်ဆောင်နိုင်ရန် International Association for Suicide Prevention Crisis Text Line Live For Tomorrow Samaritans of Singapore နှင့် Samaritans (UK) တို့၏ လမ်းညွှန်ချက်များနှင့် ပူးပေါင်းကာ ပလက်ဖောင်းပေါ်တွင် ၎င်းတို့၏ ကိုယ်ပိုင်အတွေ့အကြုံများကို ဝေမျှရန် ပြုလုပ်ထားသောသူများကို ကူညီထောက်ပံ့ပေးနိုင်သည့် ကျန်းမာချမ်းမြေ့မှုဆိုင်ရာ လမ်းညွှန်ချက်များကို ယခုလတွင် ထုတ်လုပ်ဖြန့်ချိသွားမည်ဖြစ်သည်။ ဤလမ်းညွှန်ချက်များကို ကျွန်ုပ်တို့ Safety Centre တွင် သတင်းအချက်အလက်များအနေဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပြီး ကျွန်ုပ်တို့ အသိုင်းအဝိုင်းအဖွဲ့ဝင်များအနေဖြင့် ရုန်းကန်နေရသူများနှင့် ဒုက္ခရောက်နေသူတစ်ဦးဦးနှင့် သေချာပြောဆိုဆက်ဆံနိုင်စေရန် အကြံပေးချက်များလည်း ပါဝင်ပြီဖြစ်သည်။

အစားအသောက်မမှန်ခြင်းအတွက် လမ်းညွှန်ချက်များအပေါ် တိုးချဲ့လုပ်ကိုင်မှုများ

ယခုနှစ်အစောပိုင်းတွင် အစားအသောက်မမှန်ဖြစ်နေသော သို့မဟုတ် ပြန်လည်ကောင်းမွန်လာသောသူများကို ကူညီထောက်ပံ့ပေးရန် လုပ်ဆောင်ချက်အသစ်များကို ထုတ်လုပ်ဖြန့်ချိခဲ့သည်။ အမြဲတမ်းရှိမည့် Public Service Announcement (PSAs) များကို #whatIeatinaday ကဲ့သို့ သီးခြား Hashtags များဖန်တီး၍ မိတ်ဆက်ပေးခဲ့ပြီး အသိအမြင် ပိုမိုတိုးတက်လာစေရန် ကျွန်ုပ်တို့ အသိုင်းအဝိုင်းအတွက် ပံ့ပိုးကူညီမှုများ လုပ်ဆောင်ပေးခဲ့သည်။

ယခုအခါ ကျွန်ုပ်တို့မှ ဆယ်ကျော်သက်များ၊ အုပ်ထိန်းစောင့်ရှောက်သူများနှင့် ပညာသင်ကြားပေးသူများအတွက် အစားအသောက်မမှန်ခြင်းနှင့် ပတ်သက်သော လမ်းညွှန်ချက်များကို Safety Centre Guide တွင် အရင်းအမြစ်အသစ်များအဖြစ် ချဲ့ထွင်လုပ်ကိုင်ပေးလျက်ရှိသည်။ သီးခြားကျွမ်းကျင် ပညာရှင်များဖြစ်ကြသော National Eating Disorders Association National Eating Disorder Information CentreButterfly Foundation နှင့် Bodywhys စသော အဖွဲ့အစည်းများနှင့် တိုင်ပင်ဆွေးနွေးကာ လမ်းညွှန်ချက်များကို ထုတ်လုပ်ခဲ့ပြီး ဤ လမ်းညွှန်ချက်များမှ အစားအသောက်မမှန်ခြင်းနှင့် ပတ်သက်သော အကြောင်းအရာများ၊ ပံ့ပိုးမှုများနှင့် အကြံဉာဏ်များကို ပေးအပ်သွားမည်ဖြစ်သည်။

ထို့ပြင် ကျွမ်းကျင်ပညာရှင်တို့၏ အကြံဉာဏ်များကိုရယူ၍ Creators မှ စိတ်ပိုင်းဆိုင်ရာ ကျန်းမာချမ်းမြေ့မှုများနှင့် ပတ်သက်သော ၎င်းတို့၏ ကိုယ်ပိုင်အတွေ့အကြုံများ၊ အကူအညီရယူနိုင်မည့်နေရာများနှင့် မိမိချစ်ရသူများကို ဤအကြောင်းအရာနှင့် ပတ်သက်ပြီး စကားပြောဆိုနိုင်မည့် အကြံဉာဏ်များကို ကျွန်ုပ်တို့အသိုင်းအဝိုင်းအတွက် ဗီဒီယိုများဖန်တီးလုပ်ဆောင်ပေးသွားမည်ဖြစ်သည်။ မြန်မာနိုင်ငံမှ TikTok သုံးစွဲသူများအတွက်လည်း သက်ဆိုင်ရာနယ်ပယ်မှ TikTok Creator နှစ်ဦးနှင့်ပူးပေါင်းကာ မိမိကိုယ်ကိုတန်ဖိုးထားတတ်ရန်နှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာချမ်းမြေ့မှုအတွက် လုပ်ဆောင်သင့်သည့်အချက်များကို ဗီဒီယိုများဖန်တီးကာ အသိပေးမျှေဝခဲ့သည်။