TikTok မှ ဒစ်ဂျစ်တယ်အတွေ့အကြုံများသည် ကျွန်ုပ်တို့အားလုံးအတွက် ပျော်ရွှင်မှု၊ ဖျော်ဖြေမှု၊ ချိတ်ဆက်မှုနှင့် ကြွယ်ဝမှုတို့ကို ယူဆောင်ပေးမည်ဟူ၍ ယုံကြည်ထားသည်။ ဒစ်ဂျစ်တယ်စက်ပစ္စည်းများ၊ အပ်ပလီကေးရှင်းများနှင့် အပြုသဘောဆောင်သည့် ထိတွေ့မှုရှိနေခြင်းသည် စုစုပေါင်း Screen အသုံးပြုချိန်ကို တိုင်းတာခြင်းအတွက်သာမက သုံးစွဲသူများအနေဖြင့် နည်းပညာအသုံးပြုမှုအပေါ်မှာ ပိုမိုထိန်းချုပ်မှုရသည်ဆိုသည့် ခံစားချက်ကို ရရှိစေနိုင်မည်ဖြစ်သည်။ ထို့ပြင် နည်းပညာအသုံးပြုချိန်များသည်လည်း ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုများအပေါ် အကောင်းဘက်မှ သက်ရောက်ကြောင်း သေချာသည့် ခံစားချက်ကို ရရှိစေမည်ဖြစ်သည်။ ထို့ကြောင့် အသုံးပြုသူများသည် TikTok ပလက်ဖောင်းပေါ်တွင် အကြောင်းအရာများကို ဖန်တီး၊ ရှာဖွေတွေ့ရှိရင်း ကျွန်ုပ်တို့ လူမှုအသိုင်းအဝိုင်း၏ ဒစ်ဂျစ်တယ်ကျန်းမာရေးကို ပံ့ပိုးကူညီရန် အားဖြည့် လုပ်ဆောင်လျက်ရှိသည်။


အသုံးပြုသူများမှ အပြုသဘောဆောင်သည့် ဒစ်ဂျစ်တယ်အလေ့အထများကို ပိုမိုသတိထား တွေးတောပြီး ဖော်ဆောင်နိုင်ရန် တိုက်တွန်းသည့်အနေဖြင့် ကျွန်ုပ်တို့ အသိုင်းအဝိုင်းအတွက် ၎င်းတို့၏ TikTok အတွေ့အကြုံကို ပိုမိုလွယ်ကူစွာ ထိန်းချုပ် ခံစားနိုင်ရန်အတွက် လက်တွေ့ကျသော နည်းပညာအသစ်နှစ်ခုကို ကျွန်ုပ်တို့ မိတ်ဆက်ပေးလိုက်ပါသည်။ ကျွန်ုပ်တို့သည် နေ့စဉ် TikTok အသုံးပြုချိန်များကို အသုံးပြုသူဘက်မှ အချိန်ကန့်သတ်နိုင်သည့် နည်းပညာတစ်ခုကို ထည့်သွင်းပေးထားပြီဖြစ်သည်။ ယခု ကျွန်ုပ်တို့သည် ပုံမှန် Screen အသုံးပြုချိန်တစ်ဖြတ်စသည်ဖြင့် အသုံးပြုသူများမှ တစ်ထိုင်တည်းတွင် TikTok အား အချိန်မည်မျှသုံးစွဲမည်ကို ကန့်သတ်နိုင်မည့် အင်္ဂါရပ်တစ်ခုကို ထပ်မံမိတ်ဆက်ပေးလိုက်ပြီဖြစ်သည်။ အသိပေးချက်များမှ တစ်ဆင့်လည်း အနှောက်အယှက်ကင်းသော Screen အသုံးပြုချိန်တစ်ဖြတ်ပြီးနောက် ခေတ္တအနားယူရန် အသုံးပြုသူတို့အား သတိပေးသွားမည်ဖြစ်ပြီး အသုံးပြုချိန်ကိုလည်း ၎င်းတို့မှ ကြိုက်နှစ်သက်သလို ကန့်သတ်နိုင်မည်ဖြစ်သ



[MM] ကျွန်ုပ်တို့၏ Screen အသုံးပြုချိန် Dashboard အသစ်မှ TikTok တွင် ၎င်းတို့အသုံးပြုနေသည့်အချိန်များအကြောင်း၊ နေ့စဉ် အပ်ပလီကေးရှင်းတွင် အသုံးပြုသည့် အချိန်အကျဉ်းချုပ်၊ အပ်ပလီကေးရှင်းကို ဖွင့်သည့် အကြိမ်အရေအတွက်နှင့် အသုံးပြုချိန်များကို နေ့အချိန်နှင့် ညအချိန်တို့ကို ခွဲခြမ်းစိတ်ဖြာခြင်းစသည့် ကျွန်ုပ်တို့၏ဒေတာများကို ရရှိနိုင်မည်ဖြစ်သည်။ အသုံးပြုသူများမှလည်း ၎င်းတို့၏ အသုံးပြုချိန်များကို ပြန်လည်သုံးသပ်နိုင်ရန် အပတ်စဉ် အသိပေးချက်များကိုလည်း တောင်းဆိုနိုင်သည်




ကျွန်ုပ်တို့လူမှုအသိုင်းအဝိုင်းအား ၎င်းတို့၏ ဒစ်ဂျစ်တယ်အလေ့အထများကို တွေးတောရာတွင် ပံ့ပိုးကူညီရန်အတွက် ကျွန်ုပ်တို့သည် လမ်းညွှန်အသစ်တစ်ခုကိုလည်း ထုတ်ပြန်ထားပြီးဖြစ်သည် - “မိသားစု၊ သူငယ်ချင်းများနှင့်အတူ ကျွန်ုပ်၏ ဒစ်ဂျစ်တယ်ကျန်းမာရေးကို မည်သို့ပြန်လည် သုံးသပ်နိုင်မည်နည်း။” - ဆိုသည့် လမ်းညွှန်ချက်အသစ်ကို ကျွန်ုပ်တို့၏ Safety Centre တွင် တွေ့ရှိနိုင်မည်ဖြစ်သည်။ TikTok တွင်ဖြစ်စေ အခြား ပလက်ဖောင်းများတွင်ဖြစ်စေ အွန်လိုင်းတွင် ၎င်းတို့၏အချိန်များကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုပုံကို ပိုမိုထင်ဟပ်စေရန် ထိုလမ်းညွှန်ချက်သည် ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းအား လှုံဆော်ပေးပြီး ၎င်းတို့နှင့် အကိုက်ညီဆုံး စည်းမျည်းများကို သတ်မှတ်ပေးသည့်အပေါ် မည်ကဲ့သို့ ခံစားရစေသည်တို့ကို ထင်ဟပ်စေမည်ဖြစ်သည်။


ကျွန်ုပ်တို့ လူမှုအသိုင်းအဝိုင်း၏ ငယ်ရွယ်သောအသုံးပြုသူများအတွက် အပတ်စဉ် ဒစ်ဂျစ်တယ်ကျန်းမာရေးဆိုင်ရာ အချက်ပြမှုများကိုလည်း မိတ်ဆက်ပေးသွားမည်ဖြစ်သည်။ အသက် ၁၃ နှစ်မှ ၁၇ နှစ်ကြား အသုံးပြုသူ တစ်စုံတစ်ယောက်သည် တစ်ရက်တည်းအတွင်း မိနစ် ၁၀၀ ထက်ပို၍ အပ်ပလီကေးရှင်းကို အသုံးပြုသောအခါ အပ်ပလီကေးရှင်းကို နောက်တစ်ကြိမ်ဖွင့်သည်နှင့် ကျွန်ုပ်တို့၏ Screen အသုံးပြုချိန်ကန့်သတ်နိုင်သည့် နည်းပညာဖြင့် သတိပေးသွားမည်ဖြစ်သည်။


TikTok နှင့် အပြုသဘောဆောင်သော ထိတွေ့မှုကို မြှင့်တင်ရာတွင် ယခု ဒစ်ဂျစ်တယ်ကျန်းမာရေးဆိုင်ရာ နည်းပညာအသစ်များသည် ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းကို ဆက်လက်ပံ့ပိုးပေးနိုင်မည်ဟု မျှော်လင့်ပါသည်။ ကျွန်ုပ်တို့ လူမှုအသိုင်းအဝိုင်းအနေဖြင့် ၎င်းတို့၏ TikTok အတွေ့အကြုံကို ထိန်းချုပ်ခံစားနိုင်စေရန်နှင့် ၎င်းတို့၏ ဖန်တီးနိုင်စွမ်းကို ဖော်ပြရန်၊ အဓိပ္ပာယ်ရှိသော ချိတ်ဆက်မှုများ ပြုလုပ်နိုင်ရန်နှင့် ယဉ်ကျေးမှုဆိုင်ရာ ဖျော်ဖြေမှုများကို ခံစားနိုင်စေရန် အသုံးပြုများ၏ ဒစ်ဂျစ်တယ်ကျန်းမာရေးကို ကာကွယ်ရန်အတွက် ကျွန်ုပ်တို့ ဆက်လက် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပါသည်။


ကျွန်ုပ်တို့၏ လုပ်ဖော်ကိုင်ဖက်များ အောက်ပါအတိုင်းပြောကြားထားသည်-

"Digital Application/online များသုံးစွဲမှုအပေါ် Screen ကို အချိန်အကန့်အသတ်ဖြင့် အသုံးပြုခြင်းဖြင့် အခြားသော လုပ်ငန်းဆောင်တာများအပေါ်တွင်လည်း အချိန်ပေးလုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။ မိမိ၏ကျန်းမာရေးအတွက်သော်လည်းကောင်း၊ Online Digital Application များဖြစ်သည့် Social Media များတွင် လိုအပ်သည်ထက် အချိန်ဖြုန်းမှုများလည်း လျော့ကျသွားစေမည်ဖြစ်ပြီး Screen နည်းပညာကို အလေးထား အသုံးပြုပေးခြင်းအားဖြင့် မိမိတို့၏တန်ဖိုးရှိလှသော အချိန်၏အကျိုးကျေးဇူးများကိုလည်း ပြန်လည် သုံးသပ်နိုင်မည်ဖြစ်ပါသည်။" ဟု မြန်မာနိုင်ငံမှ Digital Literacy Hub ရဲ့ creator ဖြစ်သည့် Naw Aye က ပြောကြားထားသည်။