TikTok ရိုက်ကူးဖန်တီးသူများအနေဖြင့် လူကြိုက်များသော နွေရာသီ သီချင်းများဖြစ်သည့် It's Corn မှ စ၍ Horace ကဲ့သို့သော အက Effect များအထိ အသုံးပြုကာ ဖျော်ဖြေရေး အဓိပ္ပာယ်ကို နေ့တိုင်း အသစ်တဖန် အဓိပ္ပာယ်ပြန်လည်ဖွင့်ဆိုပေးနေဆဲဖြစ်ပါသည်။ TikTok သည် အသုံးပြုသူများအတွက် ဆွဲဆောင်မှုရှိသော အကြောင်းအရာများကို ဖန်တီးပြီး စိတ်လှုပ်ရှားဖွယ်ရာ လူမှုအသိုင်းအဝိုင်းအသစ်များကို ရှာဖွေတွေ့ရှိစေသည့် နေရာတစ်ခုပင်ဖြစ်ပါသည်။ TikTok တွင် ဖန်တီးရန် နည်းလမ်းများစွာရှိပြီး ဗီဒီယို Effect ဖန်တီးမှုများ၊ ဗီဒီယိုရိုက်ကူးမှုများ၊ ဗီဒီယို ပူးတွဲရိုက်ကူးခြင်း၊ ပိုမိုရှည်လျားသော ဗီဒီယိုများ ရိုက်ကူးနိုင်စေရန် ဗီဒီယိုများကို ချုံ့နိုင်ခြင်း သို့မဟုတ် တိုက်ရိုက် LIVE ထုတ်လွှင့်ခြင်းအထိ ပြုလုပ်ဖန်တီးနိုင်သည်။ ယနေ့တွင် ကျွန်ုပ်တို့သည် TikTok တွင် စစ်မှန်ပြီး သဘာဝကျသော အလိုအလျောက် ချိတ်ဆက်မှုများကို ဆက်လက်အားပေး ထိန်းသိမ်းထားခြင်းဖြင့် ကျွန်ုပ်တို့၏ ဖန်တီးမှု Tool များကို ဆက်လက်တိုးချဲ့ လုပ်ဆောင်နေပါသည်။

သင့်အတွက် အရေးပါသူများနှင့် သင်၏ အခိုက်အတန့်များကို ဖျော်ဖြေပြီး မျှဝေပါ

TikTok Now သည် TikTok မှ ဖျော်ဖြေမှု ခံစားပြီး အခြားသူများနှင့် ချိတ်ဆက်ရန်အတွက် နောက်ဆုံးပေါ် နည်းလမ်းအသစ်တစ်ခုဖြစ်ပါသည်။ မိမိအတွက် အရေးပါဆုံးသောသူများနှင့်အတူ အစစ်အမှန်ဆုံး အခိုက်အတန့်များ မျှဝေနိုင်မည့် နေ့စဉ် ပုံရိပ်များနှင့် ဗီဒီယို အတွေ့အကြုံတစ်ခုဖြစ်ပါသည်။ TikTok Now သည် သင်နှင့် အနီးကပ်ဆုံးသူများကို ဆက်သွယ်ချိတ်ဆက်ပေးမည့် TikTok ၏ စစ်မှန်သော ဖန်တီးမှု အတွေ့အကြုံသစ်ကို ယူဆောင်လာပြီ ဖြစ်ပါသည်။

အသုံးပြုရ လွယ်ကူသော ပုံစံဖြင့် ပိုမိုနက်ရှိုင်းသည့် ချိတ်ဆက်မှုများနှင့် ပျော်ရွှင်စရာ ဖျော်ဖြေမှုများကို ဖန်တီးပေးနိုင်ရန် TikTok Now သည် သင့်လက်ကိုင်ဖုန်း၏ ရှေ့နှင့် နောက်ကင်မရာများကို အသုံးပြုပြီး သင်၏ အခိုက်အတန့်များကို ရိုက်ကူးရန်အတွက် သင်နှင့် သင့်မိတ်ဆွေ သူငယ်ချင်းများကို ကြိုဆိုဖိတ်ခေါ်ပါသည်။ သင်လုပ်ဆောင်နေသည့်အရာများနှင့် အခိုက်အတန့်လေးများကို လွယ်ကူလျင်မြန်စွာ ဝေမျှနိုင်ရန်အတွက် ၁၀ စက္ကန့်စာ ဗီဒီယို သို့မဟုတ် ဓာတ်ပုံအငြိမ် ရိုက်ကူးရန် နေ့စဉ် အကြောင်းကြားစာတိုလေးတစ်ခု ရရှိမည် ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် လာမည့်ရက်သတ္တပတ်များအတွင်း TikTok Now ဖြင့် စမ်းသပ်နေပါသည်။ မြန်မာနိုင်ငံတွင် TikTok Now ကို TikTok နှင့် TikTok Now App အသစ် နှစ်ခုစလုံးမှ ဝင်ရောက်ကြည့်ရှုနိုင်ပြီဖြစဖြစ်ပါသည်။ အခြားဒေသများတွင် TikTok Now ကို TikTok ထဲမှ ဝင်ရောက်၍ အသုံးပြုနိုင်သလို TikTok Now App အသစ်တစ်ခုအနေဖြင့်လည်း ဒေါင်းလုဒ်ဆွဲ အသုံးပြုနိုင်သည့်အပြင် အမျိုးအစား နှစ်မျိုးလုံးဖြင့်လည်း စိတ်ကြိုက်အသုံးပြုနိုင်ပါသည်။TikTok လူမှုအသိုင်းအအဝိုင်းအနေဖြင့် ယခုဖန်တီးမှုပုံစံအသစ်ကို မည်သို့အသုံးပြု လက်ခံလာကြသည်ကို ပိုမိုရှာဖွေလေ့လာခြင်းအားဖြင့် သုံးစွဲသူအတွေ့အကြုံကို ဆက်လက်မြှင့်တင်သွားပါမည်။

သင်၏ TikTok အတွေ့အကြုံကို သင်ကိုယ်တိုင်ထိန်းချုပ်နိုင်စေရန် အားပေးမြှင့်တင်လျက်ရှိပါသည်

ကျွန်ုပ်တို့ လူမှုအသိုင်းအဝိုင်းတစ်ရပ်လုံး၏ ဘေးကင်းလုံခြုံရေးနှင့် ကိုယ်ရေးကိုယ်တာအချက်အလက်များကို အလေးထားပြီး TikTok Now ကို ရေးဆွဲဖန်တီးထားပါသည်။ အကြောင်းအရာ ဖန်တီးသူများအနေဖြင့် ၎င်းတို့၏ အကြောင်းအရာကို ကြည့်ရှုမည့်သူများနှင့် Engage လုပ်မည့်များသူကို ရွေးချယ်ဆုံးဖြတ်နိုင်ပါသည်။ အခြားသူများကို Block ခြင်းနှင့် ၎င်းတို့၏ အကြောင်းအရာအောက်တွင် မည်သည့်မှတ်ချက်များ ထားရှိမည်ဆိုသည့်အချက်များကိုလည်း ရွေးချယ်ဆုံးဖြတ်နိုင်ပါသည်။ ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်း လမ်းညွှန်ချက်များကို ချိုးဖောက်မှုတစ်စုံတစ်ရာ တွေ့ရှိပါက တိုင်ကြားနိုင်မည်ဖြစ်ပြီး ကျွန်ုပ်တို့အနေဖြင့် ပြန်လည် ဆန်းစစ်ကြည့်ရှုသွားမည် ဖြစ်ပါသည်။

ကျွန်ုပ်တို့အနေဖြင့် ထုတ်ကုန်အသစ်များကို မိတ်ဆက်သည့်အခါ ကျွန်ုပ်တို့ လူမှုအသိုင်းအဝိုင်း၏ ဘေးကင်းလုံခြုံမှုကို အလေးအနက်ထား စဥ်းစားပြီး ဆယ်ကျော်သက် လူငယ်လေးများအတွက် ဘေးကင်းလုံခြုံမှုနှင့် စိတ်ချမှုရှိစေရန် တစ်ဆင့်ထက် တစ်ဆင့် တိုးမြှင့်လုပ်ဆောင်သွားမည့် အရာများမှာ:

  • အသက် ၁၆ နှစ်အောက် အရွယ် တစ်စုံတစ်ဦးမှ TikTok Now app အကောင့်ဖွင့်မည်ဆိုလျှင် TikTok ကဲ့သို့ပင် ၎င်းတို့၏ အကောင့်သည် သီးသန့် Private အဖြစ် အလိုအလျောက်သတ်မှတ်ထားမည်ဖြစ်ပါသည်။
  • အသက် ၁၈ နှစ်အောက် အသုံးပြုသူများအနေဖြင့် Explore Feed တွင် အကြောင်းအရာများ မျှဝေနိုင်မည် မဟုတ်ပါ။
  • အသက် ၁၃ နှစ်နှင့် ၁၅ နှစ်ကြား အသုံးပြုသူများအနေဖြင့် မလိုအပ်သော ဆက်သွယ်ပြောဆိုခံရမှုများမှ ကာကွယ်ပေးရန် Friends Only ဖြင့်သာ မှတ်ချက်ပေးခြင်းကို ရွေးချယ်နိုင်မည်ဖြစ်ပါသည်။

အသက် ၁၈နှစ် နှင့် အထက် အသုံးပြုသူများအတွက် မျှဝေနိုင်ရန် အပိုထပ်ဆောင်း setting များ ထပ်မံပါဝင်လာမည်ဖြစ်သည်။၎င်းတို့အနေဖြင့် Mutual friendနှင့် အကြောင်းအရာများကို မျှဝေနိုင်မည့်အပြင် ရွေးချယ်ထားသည့် Privacy setting များအပေါ် အခြေခံ၍ ပိုမိုကျယ်ပြန့်သော TikTok Now လူမှုအသိုင်းအဝိုင်းတွင် မျှဝေရန် ရွေးချယ်နိုင်မည် ဖြစ်သည်။ အလိုအလျောက် သတ်မှတ်ထားပေးသည့် Setting မှာ "Friend များ ကြည့်ရှုနိုင်ပါသည်" ဖြစ်ပါသည်။TikTok Now တွင် သင်၏ Privacy setting ကို ပြောင်းလဲရန်အတွက် :

  • Post မျက်နှာပြင်ပေါ်တွင် Friend များ ကြည့်ရှုနိုင်ပါသည်
  • သင်၏ TikTok Now Post များကို ကြည့်ရှုရန် သင်ခွင့်ပြုလိုသူကို ရွေးချယ်ပါ။
    • Friend များ ကြည့်ရှုနိုင်သည် : သင် Follow လုပ်ထားပြီး သင့်ကိုလည်း Follow ပြန်လုပ်ထားသူ မည်သူမဆို သင့် TikTok Now ကို ကြည့်ရှုနိုင်ပါသည်။
    • အားလုံးကြည့်ရှုနိုင်သည် : သင့်ဒေသရှိ မည်သူမဆို သင်၏ TikTok Now Post များကို ကြည့်ရှုနိုင်ပါသည်။ သင့်ကို Follow မလုပ်သူများ သို့မဟုတ် သင်ပြန်ပြီး Follow မလုပ်ထားသော သူများသည် သင်၏ TikTok Now Post များတွင် မှတ်ချက်ပေးခြင်း သို့မဟုတ် အပြန်အလှန် ဆက်သွယ်ခြင်း မပြုနိုင်သည်ကို သတိပြုပါ။

    ကျွန်ုပ်တို့အနေဖြင့် ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းကို TikTok တွင် ဖျော်ဖြေမှုများ ဆက်လက်ဖန်တီးခံစားသည့်အပြင် စစ်မှန်သော ဆက်နွှယ်ချိတ်ဆက်မှုများကိုလည်း တည်ဆောက်နိုင်စေရန် ပိုမိုအဆင်ပြေချောမွေ့သော နည်းလမ်းများကို အမြဲကြိုးစားရှာဖွေနေပါသည်။ TikTok Now သည် လာမည့် ရက်သတ္တပတ်များအတွင်း ကမ္ဘာတစ်ဝန်းရှိ သုံးစွဲသူများထံသို့ ရောက်ရှိလာတော့မည်ဖြစ်ပါသည်။ TikTok အတွေ့အကြုံကို ဆက်လက်တိုးတက် ကြွယ်ဝစေပြီး ချဲ့ထွင်ပြန့်ပွားလာစေရန် ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းထံမှ လေ့လာသင်ယူဖို့ အလွန်ပင် စိတ်လှုပ်ရှားလျက်ရှိပါသည်။

    Apple App StoreGoogle Play သို့မဟုတ် Amazon မှ တစ်ဆင့် TikTok App ကို အခမဲ့ ဒေါင်းလုဒ်ဆွဲရယူခြင်းဖြင့် TikTok ကို စူးစမ်းရှာဖွေပြီး ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းတွင် ပါဝင်လိုက်ပါ။