TikTok သည် သုံးစွဲသူများအနေဖြင့် ၎င်းတို့၏ Content များအား မည်သူနှင့် မျှဝေလိုသည်ကို ဆုံးဖြတ်ချက်ချနိုင်စေရန် လုံခြုံမှုနှင့် ကိုယ်ရေးကိုယ်တာ အချက်အလက်ဆိုင်ရာ ထိန်းချုပ်လုပ်ပိုင်ခွင့်အမျိုးမျိုးကို ပြုလုပ်ပေးထားသည်။ ကျွန်ုပ်တို့သည် ဆယ်ကျော်သက်အရွယ်များ ဘေးကင်းလုံခြုံစေရန်အတွက် ပိုမိုကောင်းမွန်ထိရောက်သော ကာကွယ်မှုများကို သေချာပြုလုပ်ဖန်တီးရန် အရေးကြီးသည်ဟု ယုံကြည်လက်ခံ၍ ကျွန်ုပ်တို့၏ ပလက်ဖောင်းတွင် အသက်အရွယ်အလိုက် သင့်လျော်သောအတွေ့အကြုံများကိုသာ ပံ့ပိုးပေးရန် ပြုပြင်ပြောင်းလဲမှုများကို အစဉ်အမြဲ မိတ်ဆက်ပေးခဲ့သည်။ ၎င်းတွင် အသက် ၁၆ နှစ်အောက် အရွယ်များ၏ Account များကို အလိုအလျောက် Private ဖြစ်အောင် ပြုလုပ်ခြင်း၊ အသက် ၁၆ နှစ် အထက် လူများထံ တိုက်ရိုက်စာပေးပို့ရန် ကန့်သတ်ထားခြင်းနှင့် မိဘများမှ သူတို့၏ ဆယ်ကျော်သက်ကလေးများ၏ TikTok အသုံးပြုမှုကို Family Pairing လုပ်ဆောင်ချက်မှ တစ်ဆင့် လမ်းညွှန်ပြသနိုင်ခြင်းတို့ ပါဝင်သည်။

ယနေ့တွင်လည်း TikTok မှ အသက် ၁၃ နှစ်မှ ၁၇ နှစ် အရွယ်ရှိ သုံးစွဲသူများအတွက် ထိရောက်သော ကာကွယ်မှုများကို ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်ရန် ပြုပြင်ပြောင်းလဲမှုအသစ်များကို မိတ်ဆက်ပေးသွားမည်ဖြစ်သည်။ ဤပြောင်းလဲမှုများကို တစ်ကမ္ဘာလုံးမှ သုံးစွဲသူများထံ လာမည့်လများတွင် ဖြန့်ချိမိတ်ဆက်ပေးသွားမည်ဖြစ်သည်။

Direct Messaging လုပ်ဆောင်ချက်၏ Privacy Setting ပြောင်းလဲမှုအသစ်များ

TikTok မှ ဆယ်ကျော်သက်အရွယ်များအနေဖြင့် သူတို့၏ Privacy Setting နှင့်ပတ်သက်ပြီး မှန်ကန်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်စေရန် ကူညီပေးလိုသည့်အတွက် အသက် ၁၆နှစ်၊ ၁၇နှစ် အရွယ်များ TikTok အသုံးပြုသည့်အခါ ၎င်းတို့၏ Direct Messaging Setting ကို ‘No One’ အဖြစ် အလိုအလျောက် သတ်မှတ်ပေးသွားမည်ဖြစ်သည်။ အခြားသူများကို Message ပေးပို့လိုပါက မတူညီသော Sharing Option ကို ပြောင်းလဲရမည်ဖြစ်သည်။ DMs မလုပ်ဖူးသည့် ရှိနှင့်ပြီးသား Account များအနေဖြင့် နောက်တစ်ကြိမ် ဤ Messaging လုပ်ဆောင်ချက်ကို အသုံးပြုမှသာ သူတို့၏ Privacy Setting ကို ပြန်လည်ဆန်းစစ်၍ အတည်ပြုနိုင်စေရန် မေးမြန်းချက်ကို လက်ခံရရှိမည်ဖြစ်သည်။ ဤသို့ Messaging ဆိုင်ရာ ကာကွယ်ရေးလုပ်ဆောင်ချက် Updates များတွင် အသက် ၁၆ နှစ်အောက် အရွယ်များ၏ Account များကို ဓာတ်ပုံနှင့် ဗီဒီယိုများပေးပို့ခွင့်မပြုခြင်းနှင့် Messaging လုပ်ဆောင်ချက်ပိတ်ပင်ထားခြင်းတို့ပါဝင်သည်။

မိမိ၏ ဗီဒီယိုကြည့်ရှုနိုင်မည့်သူများကို ဆုံးဖြတ်နိုင်ခြင်း

TikTok ဗီဒီယိုတစ်ခုပြုလုပ်ခြင်းသည် သီချင်းရွေးခြင်း၊ Effects များရွေးခြင်းနှင့် မှန်ကန်သော Transition များ ရွေးချယ်ခြင်းဖြင့် ပျော်ရွှင်ဖွယ်ကောင်းပြီး တီထွင်ဖန်တီးနိုင်သော်လည်း ထို ဗီဒီယိုကို မည်သူနှင့် မျှဝေလိုသည်ကို ရွေးချယ်ခြင်းကလည်း အရေးကြီးသည်။ အသက် ၁၆ နှစ်အောက် ဆယ်ကျော်သက်အရွယ်များအနေဖြင့် ၎င်းတို့ ရရှိနိုင်သော Sharing Options များကို နားလည်စေနိုင်ရန် ၎င်းတို့ ပထမဆုံးဗီဒီယို မတင်မီ ဗီဒီယိုကို မည်သူတို့နှင့် မျှဝေလိုသည်ကို Pop-up ပေါ်လာ၍ ရွေးချယ်စေနိုင်မည်ဖြစ်သည်။ ရွေးချယ်မှု မပြုလုပ်မချင်း သူတို့ရဲ့ဗီဒီယိုကို ဖြန့်ချိနိုင်မည် မဟုတ်ပါ။


ဗီဒီယိုတစ်ခုတင်မည့်အခါတိုင်း Creators များမှ ဗီဒီယိုအား မည်သူကြည့်ရှုနိုင်မည်ကို မတင်မီ ရွေးချယ်ဆုံးဖြတ်နိုင်မည်ဖြစ်သည်။ အသက် ၁၃ နှစ်မှ ၁၅ နှစ် အရွယ်အတွင်း Account အသုံးပြုသူများကို အလိုအလျောက် Private ပြုလုပ်ထားမည်ဖြစ်ပြီး ထို Private Account များကို ‘Everyone’ setting ပိတ်ထားသည့်အတွက် သူတို့တင်သော အကြောင်းအရာများကို Follower များ သို့မဟုတ် Friend များနှင့်သာ ဝေမျှရန် ရွေးချယ်နိုင်မည်ဖြစ်သည်။ Duet နှင့် Stitch လုပ်ဆောင်ချက်များကိုလည်း အသက် ၁၆ နှစ်အောက် အသုံးပြုသူတို့၏ Account များအတွက် ကန့်သတ်ထားမည် ဖြစ်သည်။

Public ဗီဒီယိုများအတွက် Download ပြုလုပ်နိုင်မည့်သူကို ရွေးချယ်နိုင်ခြင်း

အသက် ၁၆ နှစ်၊ ၁၇ နှစ် အရွယ်ရှိ ဆယ်ကျော်သက်များအား Download ပြုလုပ်ခြင်းနှင့် ပတ်သက်၍ နားလည်သဘောပေါက်စေရန် ထပ်ဆောင်းအကြောင်းအရာတစ်ခုကို TikTok မှ ဖြည့်သွင်းသွားမည်ဖြစ်ပြီး ၎င်းတို့အတွက် အဆင်အပြေဆုံး Option ကို ရွေးချယ်နိုင်မည်ဖြစ်သည်။ ဤ Feature ကို ဖွင့်ထားမည်ဆိုပါက ၎င်းတို့အနေဖြင့် အခြားသူများ မိမိတို့ ဗီဒီယိုများကို Download မပြုလုပ်ခင် အတည်ပြုချက်ကို တောင်းခံသော Pop-up တစ်ခုကို လက်ခံရရှိမည်ဖြစ်ပါသည်။ အသက် ၁၆ နှစ်အောက် အသုံးပြုသူတို့၏ Account များမှ အကြောင်းအရာများအား Download ပြုလုပ်ခြင်းကို အမြဲပိတ်ထားမည်ကို သတိပြုရမည်ဖြစ်သည်။


Push Notification များကို သတိပြု ချဉ်းကပ်လုပ်ဆောင်ခြင်း TikTok မှ မိမိတို့ လူမှုအသိုင်းအဝိုင်းအဖွဲ့ဝင်များ၏ ကျန်းမာချမ်းမြေ့မှုကို အလေးထား ပံ့ပိုးလိုသည့်အတွက် Screen Time Management ကို Account အသုံးပြုသူများမှဖြစ်စေ၊ Family Pairing မှ တစ်ဆင့် မိဘများမှဖြစ်စေ ထိန်းချုပ်ပြုလုပ်နိုင်အောင် ဖန်တီးပေးထားသည်။ ကျွန်ုပ်တို့၏ ငယ်ရွယ်သော သုံးစွဲသူများကို အထူးသဖြင့် ဒီဂျစ်တယ်ပိုင်းဆိုင်ရာအလေ့အထများ၌ ဖွံ့ဖြိုးတိုးတက်လာစေရန် ကူညီပေးလိုသည့်အတွက် ထိပ်တန်း ကလေးအထူးကု ကျွမ်းကျင်ပညာရှင်များဖြင့်သာမက Youth Portal, bullying prevention guide နှင့် youth-well being ကို ပံ့ပိုးသော လုပ်ဆောင်ချက်များ ဖွံဖြိုးတိုးတက်လာစေရန် လူငယ်ကျန်းမာရေးဆိုင်ရာ ထောက်ခံသူများဖြင့်လည်း ပုံမှန်ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်လျက်ရှိသည်။ ကျွန်ုပ်တို့၏ ငယ်ရွယ်သော ဆယ်ကျော်သက်အရွယ် အသုံးပြုသူများမှ Push Notification များ လျင်မြန်စွာလက်ခံရရှိနိုင်ရန် ယခုသုတေသနပြုလုပ်ရာတွင် ထည့်သွင်းလုပ်ဆောင်သွားမည်ဖြစ်သည်။ အသက် ၁၃ နှစ်မှ ၁၅ နှစ်အရွယ်ရှိ အသုံးပြုသူတို့၏ Account များမှ Push Notification များကို ည ၉ နာရီ နောက်ပိုင်းတွင် ရရှိတော့မည်မဟုတ်ဘဲ အသက် ၁၆ နှစ်၊ ၁၇ နှစ် အရွယ်တို့၏ Account များကို ည ၁၀ နာရီမှစ၍ Push Notification များကို ပိတ်သွားမည်ဖြစ်သည်။

ကျွန်ုပ်တို့သည် လူမှုအသိုင်းအဝိုင်းတစ်ခုလုံး၏ ကျန်းမာချမ်းမြေ့ရေး၊ လုံခြုံမှုနှင့် ကိုယ်ရေးအချက်အလက်လုံခြုံရေးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရာတွင် အဆုံးမရှိသောကြောင့် ဤ ပြုပြင်ပြောင်းလဲမှုများသည် ကျွန်ုပ်တို့ လုပ်ဆောင်လျက်ရှိသည့် ကတိကဝတ်များအပေါ် ထပ်မံဖြည့်စွက်သွားမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဆယ်ကျော်သက်များ၊ လူမှုအသိုင်းအဝိုင်း လုပ်ငန်းဆိုင်ရာများ၊ မိဘများနှင့် Creator များနှင့်အတူ ပူးပေါင်း၍ ဆန်းသစ်တီထွင်မှုများ ထပ်မံပြုလုပ်သွားမည်ဖြစ်ပြီး နောင်လာမည့် လများတွင် ပိုမိုဝေမျှနိုင်ရန် စိတ်လှုပ်ရှားလျက်ရှိသည်။ လူငယ်များနှင့် မိသားစုများကို ပံ့ပိုးနိုင်ရန် လုပ်ဆောင်နေသော ကျွန်ုပ်တို့ကြိုးစားအားထုတ်မှုများကို ပိုမိုလေ့လာနိုင်ရန် ကျွန်ုပ်တို့၏ Guardian's Guide တွင် ဝင်ရောက် ဖတ်ရှုနိုင်သည်။