TikTok Shop သည် အာဆီယံဖောင်ဒေးရှင်းနှင့် အာဆီယံစီးပွားရေးအကြံပေးကောင်စီ (ASEAN-BAC) တို့နှင့် ပူးပေါင်းပြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ကို အားဖြည့်ပံ့ပိုးနိုင်ရန် ရည်ရွယ်သည့် SOAR Together Program (Supporting Our Artisans and Retailers) ကို အရှေ့တောင်အာရှဒေသအတွင်း စတင်ဖော်ဆောင်လိုက်ပါသည်။ ထိုအစီအစဉ်သည် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ကို TikTok Shop ပလက်ဖောင်းမှ တစ်ဆင့် e-commerce၊ Live ရောင်းချမှု၊ ဒစ်ဂျစ်တယ်မားကက်တင်းနှင့် စီးပွားရေးချဲ့ထွင်မှုဆိုင်ရာ ကျွမ်းကျင်မှုများဖြင့် ပံ့ပိုးကူညီရန် ရည်ရွယ်ထားပါသည်။

“အာဆီယံဒေသအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် MSMEs တွေဟာ အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် အခွင့်အလမ်းနည်းပါးတဲ့ လူမှုအသိုင်းအဝိုင်းတွေအတွက် ထိရောက်တဲ့ အခန်းကဏ္ဍ ထားရှိနိုင်ဖို့ လိုပါတယ်။ ဒါကြောင့် ASEAN Foundation နဲ့ ASEAN-BAC တို့နဲ့ ပူးပေါင်းပြီး MSMEs တွေကို TikTok Shop ပလက်ဖောင်းကနေ တစ်ဆင့် လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကျွမ်းကျင်မှုတွေ ပံ့ပိုးပေးနိုင်မှာဖြစ်တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိသည်။ ယခုအစီအစဉ်ဟာ Inclusivity နှင့် Sustainability ကို အခြေခံပြီး မလေးရှားနိုင်ငံရဲ့ ၂၀၂၅ ခုနှစ် အာဆီယံဥက္ကဋ္ဌအဖြစ် ဦးဆောင်မှုကာလအတွင်း စတင်တင်ဆက်လိုက်တာဖြစ်ပါတယ်” ဟု TikTok ၏ Director of Southeast Asia Public Policy ဖြစ်သူ ဒါရိုက်တာ Ms. Chanida Klyphun က ပြောကြားခဲ့ပါသည်။


အမျိုးသမီးများ၊ လူငယ်များနှင့် လူနည်းစုအဖွဲ့များ ဦးဆောင်သည့် MSMEs များ အပါအ၀င် အခွင့်အလမ်းနည်းပါးသည့် ဒေသများမှ MSMEs များကို ပံ့ပိုးကူညီခြင်း

TikTok Shop၊ အာဆီယံဖောင်ဒေးရှင်းနှင့် အာဆီယံစီးပွားရေးအကြံပေးကောင်စီ (ASEAN-BAC) တို့သည် MSMEs များအတွက် ဒစ်ဂျစ်တယ်အသွင်ပြောင်းရေးနှင့် စီးပွားရေးဆိုင်ရာ ပေါင်းစပ်ပါဝင်မှုကို တိုးတက်လာစေရန် ရည်ရွယ်ပြီး သက်ဆိုင်ရာကျွမ်းကျင်မှုများကို အသုံးချကာ ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ရန်နှင့် ကိုယ်ပိုင်စျေးကွက်အတွင်းသာမက ဒေသတွင်း၌ပါ တိုးတက်မှုနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုများပြုလုပ်နိုင်စေရန် အံဝင်ခွင်ကျသော ပံ့ပိုးကူညီမှုနှင့် အရင်းအမြစ်များ ပံ့ပိုးပေးမည်ဖြစ်ပါသည်။


အလုပ်အကိုင်ဖန်တီးမှု၊ ဝင်ငွေပံ့ပိုးမှုနှင့် ဒေသအခြေပြုစီးပွားရေးတည်မြဲမှုတို့တွင် MSMEs များသည် အရေးပါသော အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်နေပါသည်။ အာဆီယံဒေသအတွင်းတွင် MSMEs သန်း၇၀ခန့်ရှိပြီး စုစုပေါင်းလုပ်ငန်းများ၏ ၉၇.၂ ရာခိုင်နှုန်းမှ ၉၉.၉ ရာခိုင်နှုန်းကြား ရှိကြပါသည်။ ထိုသို့ အရေးပါမှုရှိသော်လည်း ၎င်းတို့၏ တိုးတက်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲမှုအတွက် အရေးကြီးသော ဘဏ္ဍာရေးဆိုင်ရာ အကန့်အသတ်များ၊ လုပ်ငန်းကျွမ်းကျင်မှု မလုံလောက်ခြင်းနှင့် ဈေးကွက်ချိတ်ဆက်မှု နည်းပါးခြင်းစသည့် စိန်ခေါ်မှု အခက်အခဲများလည်း ရှိနေပါသည်။


ထို့ကြောင့် မြန်မာနိုင်ငံအပါအ၀င် အာဆီယံနိုင်ငံများအတွင်း လုပ်ကိုင်နေသော စိတ်ပါဝင်စားသည့် MSMEs များ အားလုံးကို ယခုအစီအစဉ်တွင် ပါဝင်လျှောက်ထားနိုင်ရန် ဖိတ်ခေါ်လိုက်ပါသည်။ လျှောက်ထားသူများအနေဖြင့် TikTok Shop ၏ ကျွမ်းကျင်သူများမှ အတွေ့အကြုံအခြေပြု အထူးသဖြင့် လိုအပ်သလို ညှိနှိုင်းပြင်ဆင်ထားသော ဒစ်ဂျစ်တယ်စီးပွားရေးကျွမ်းကျင်မှုများကို သင်ယူနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် TikTok Shop ပလက်ဖောင်းကို အခြေခံ၍ တိုက်ရိုက်ရောင်းချခြင်း (Live Selling) ကို အဓိကထားသော လက်တွေ့သင်ကြားမှုများနှင့် တက်ကြွသော အာဆီယံဒေသရှိ MSMEs များ၊ မူဝါဒရေးဆွဲသူများနှင့် သက်ဆိုင်ရာ အကျိုးတူပိုင်ရှင်များနှင့် ချိတ်ဆက်တွေ့ဆုံနိုင်သည့် အခွင့်အလမ်းများကိုလည်း ရရှိနိုင်မည်ဖြစ်ပါသည်။


ASEAN SOAR Together အစီအစဉ်၏ အသေးစိတ်အချက်အလက်များကို ဤနေရာတွင် လေ့လာနိုင်သည်။ စိတ်ဝင်စားသောလုပ်ငန်းရှင်များအနေဖြင့် ဤနေရာတွင် လျှောက်ထားနိုင်ပါသည်။


အသေးစားနှင့် အလတ်စားလုပ်ငန်းများကို လမ်းစဉ်အသစ်များဖြင့် ပံ့ပိုးခြင်း

TikTok Shop သည် အသုံးပြုသူများအတွက် ထူးခြားသည့် ထုတ်ကုန်များနှင့် ရောင်းချသူများကို ရှာဖွေတွေ့ရှိခြင်းမှ စတင်ကာ ဝယ်သူနှင့် ရောင်းသူ နှစ်ဖက်လုံးအတွက် ဝမ်းမြောက်ဖွယ် အတွေ့အကြုံများ ဖြစ်လာစေနိုင်သော အရေးပါသည့် ငွေလဲလှယ်မှုများကို App ပြင်ပသို့ ထွက်စရာမလိုဘဲ ပြောင်းလဲပေးနိုင်သည့်နေရာတစ်ခုဖြစ်ပါသည်။ ဤအစီအစဉ်မှ တစ်ဆင့် TikTok သည် အသေးစားလုပ်ငန်းများနှင့် Creator များအတွက် သီးသန့်ထောက်ပံ့မှုများနှင့် အရင်းအမြစ်များကို ဖြန့်ဝေကူညီပေးရန်ကတိကဝတ်ပြုထားပြီး ကြီးထွားတိုးတက်မှုနှင့် အပြည့်အဝ ပါဝင်မှုရှိသည့် လူမှုအသိုင်းအဝိုင်းတည်ဆောက်မှုကိုလည်း အားဖြည့်ကူညီသွားမည်ဖြစ်ပါသည်။ ASEAN SOAR Together အစီအစဉ်သည် အရှေ့တောင်အာရှဒေသတွင်းရှိ အသေးစားလုပ်ငန်းများနှင့် Creator များ၏ တစ်ဦးချင်း လိုအပ်ချက်များကို ဖြေရှင်းရန် TikTok ၏ မျှော်မှန်းချက်များထဲမှ အရေးပါသောခြေလှမ်းတစ်ခုဖြစ်ပါသည်။


ASEAN SOAR Together အစီအစဉ်သည် ၂၀၁၆ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ချမှတ်ထားသော ASEAN Strategic Action Plan for SME Development နှင့်အညီဖြစ်ပြီး ပြည်တွင်းအခြေပြုလုပ်ငန်းများကို ကမ္ဘာ့အဆင့်အတန်းရှိသော ဖန်တီးဆန်းသစ်နိုင်သည့် စီးပွားရေးလုပ်ငန်းများအဖြစ် ပြောင်းလဲရန် ရည်ရွယ်ထားခြင်းဖြစ်ပါသည်။ ထို့အပြင် ASEAN Economic Community Blueprint 2025 တွင်လည်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) ကို ASEAN စီးပွားရေးနှင့် လူမှုရေး ပြောင်းလဲမှုများအတွက် အဓိကမောင်းနှင်အားအဖြစ် မှတ်ယူထားပါသည်။